အတိုအျပတ္ေတြ ဝတ္တဲ့အခါ လွပတဲ့ ေျခေထာက္ေလးေတြ ပိုင္ဆုိင္ေစဖို႔ နည္းလမ္းေကာင္း
အတုိအျပတ္ေလးေတြ ဝတ္တဲဲ့အခါ ကိုယ့္ကိုယ္ကို ယံုၾကည္မႈ႐ွိေနဖို ႔အတြက္ ေျခေထာက္ေလးေတြ ျဖဴေဖြးလွပေနေစမယ့္ နည္းလမ္းေလးေတြကို ပ်ိဳေမတုိ႔အတြက္ ေဝမွ်ေပးလုိက္ပါတယ္။ လွပတဲ့ ေျခေထာက္ေလးေတြက သင့္ကို ပိုဆြဲေဆာင္မႈ႐ွိ႐ွိ လွပေနေစမွာပါေနာ္။
(1) ေၾကးခၽြတ္ပါ
မ်က္ႏွာေတြ၊ လက္ေတြကိုေလာက္ပဲ ဂ႐ုစိုက္မေနပဲ ေျခေထာက္ေလးေတြကိုပါ ဂ႐ုစိုက္ေပးဖို႔႔ လိုအပ္ပါတယ္။ ဒီေတာ့ ေျခေထာက္ေလး ျဖဴေဖြးေနေစဖုိ႔ ပံုမွန္ ေၾကးခၽြတ္ေပးဖို႔ေတာ့ လုိပါတယ္။
ေၾကးခၽြတ္ျခင္းက အသားအေရေျခာက္ေသြ႔မႈနဲ႔ ဆဲလ္ေသေတြကို ဖယ္႐ွားေပးပါတယ္။ ဒီေတာ့ အလြယ္တကူပဲ ေကာ္ဖီ၊ သၾကားတုိ႔ကို ေရာေႏွာၿပီး ေၾကးခၽြတ္ေပးလုိ႔႔ရပါတယ္။
(2) အစိုဓာတ္ျဖည့္ေပးပါ
ေျခေထာက္အသားအေ ရေလးေတြ စိုေျပေနေစဖုိ႔အတြက္ အစိုဓာတ္ျဖည့္ေပးလုိ႔ လုိအပ္ပါတယ္။ အထူးသျဖင့္ ေၾကးခၽြတ္ၿပီးစ အခ်ိန္မ်ိဳးမွာ အစိုဓာတ္ျဖည့္ေပးမယ့္ lotion ေတြလိမ္းေပးသင့္ပါတယ္။
အသားအေရေလး စိုေျပေနဖုိ႔ဆုိရင္ ေရခ်ိဳးၿပီးတိုင္း ေျခေထာက္ကို အစိုဓာတ္ျဖည့္ေပးဖို႔ လိုအပ္ပါတယ္။
(3) မွန္ကန္တဲ့ အေမႊးရိတ္နည္းကို သံုးပါ
ေျခေထာက္ရဲ႕ အေမႊးအမွ်င္ေတြကို ဖယ္႐ွားတဲ့အခါ waxing လုပ္တာ ဒါမွမဟုတ္ အလြယ္တကူပဲ အေမႊးရိတ္စက္ကို အသံုးျပဳလုိ႔ ရပါတယ္။
ေျခေထာက္အေမႊးရိတ္တဲ့အခါ မွန္ကန္တဲ့ ပံုစံနဲ႔ ရိတ္တတ္ဖို႔ အေရးႀကီးၿပီး တစ္ခ်ိဳ႕အေမႊးရိတ္စက္ေတြက အသားေရကို ထိခုိက္ေစတာမ်ိဳးလည္း႐ွိလုိ႔ သတိထားသင့္ပါတယ္။
(4) သံလြင္ဆီ အသံုးျပဳပါ
သံလြင္ဆီက အသားအေရကို ေခ်ာေမြ႔ေစၿပီး အစိုဓာတ္ျပည့္ဝေစတာျဖစ္လုိ႔ ေျခေထာက္အသားအေရ လွပဖုိ႔ သံုးေပးလုိ႔ရပါတယ္။
ေျခေထာက္ အေမႊးအမွ်င္ေတြ ဖယ္႐ွားၿပီးခ်ိန္မွာ သံလြင္ဆီေလးကို သံုးၿပီး ေျခေထာက္ေလးကို ႏွိပ္ႏွယ္ေပးတာက အသားအေရကို ေခ်ာေမြ႔လွပေစပါတယ္ေနာ္။
Khin
Unicode
အတိုအပြတ်တွေ ဝတ်တဲ့အခါ လှပတဲ့ ခြေထောက်လေးတွေ ပိုင်ဆိုင်စေဖို့ နည်းလမ်းကောင်း
အတိုအပြတ်လေးတွေ ဝတ်တဲ့အခါ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနေဖို့အတွက် ခြေထောက်လေးတွေ ဖြူဖွေးလှပနေစေမယ့် နည်းလမ်းလေးတွေကို ပျိုမေတို့အတွက် ဝေမျှပေးလိုက်ပါတယ်။ လှပတဲ့ ခြေထောက်လေးတွေက သင့်ကို ပိုဆွဲဆောင်မှုရှိရှိ လှပနေစေမှာပါနော် .. ။
(1) ကြေးချွတ်ပါ
မျက်နှာတွေ၊ လက်တွေကိုလောက်ပဲ ဂရုစိုက်မနေပဲ ခြေထောက်လေးတွေကိုပါ ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ ဒီတော့ ခြေထောက်လေး ဖြူဖွေးနေစေဖို့ ပုံမှန် ကြေးချွတ်ပေးဖို့တော့ လိုပါတယ်။
ကြေးချွတ်ခြင်းက အသားအရေခြောက်သွေ့မှုနဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးပါတယ်။ ဒီတော့ အလွယ်တကူပဲ ကော်ဖီ၊ သကြားတို့ကို ရောနှောပြီး ကြေးချွတ်ပေးလို့ရပါတယ်။
(2) အစိုဓာတ်ဖြည့်ပေးပါ
ခြေထောက်အသားအရေလေးတွေ စိုပြေနေစေဖို့အတွက် အစိုဓာတ်ဖြည့်ပေးလို့ လိုအပ်ပါတယ်။ အထူးသဖြင့် ကြေးချွတ်ပြီးစအချိန်မျိုးမှာ အစိုဓာတ်ဖြည့်ပေးမယ့် lotion တွေလိမ်းပေးသင့်ပါတယ်။
အသားအရေလေး စိုပြေနေဖို့ဆိုရင် ရေချိုးပြီးတိုင်း ခြေထောက်ကို အစိုဓာတ်ဖြည့်ပေးဖို့ လိုအပ်ပါတယ်။
(3) မှန်ကန်တဲ့ အမွှေးရိတ်နည်းကို သုံးပါ
ခြေထောက်ရဲ့ အမွှေးအမျှင်တွေကို ဖယ်ရှားတဲ့အခါ waxing လုပ်တာ ဒါမှမဟုတ် အလွယ်တကူပဲ အမွှေးရိတ်စက်ကို အသုံးပြုလို့ ရပါတယ်။
ခြေထောက်အမွှေးရိတ်တဲ့အခါ မှန်ကန်တဲ့ ပုံစံနဲ့ ရိတ်တတ်ဖို့ အရေးကြီးပြီး တစ်ချို့အမွှေးရိတ်စက်တွေက အသားရေကို ထိခိုက်စေတာမျိုးလည်းရှိလို့ သတိထားသင့်ပါတယ်။
(4) သံလွင်ဆီ အသုံးပြုပါ
သံလွင်ဆီက အသားအရေကို ချောမွေ့စေပြီး အစိုဓာတ်ပြည့်ဝစေတာဖြစ်လို့ ခြေထောက်အသားအရေ လှပဖို့ သုံးပေးလို့ရပါတယ်။
ခြေထောက် အမွှေးအမျှင်တွေ ဖယ်ရှားပြီးချိန်မှာ သံလွင်ဆီလေးကို သုံးပြီး ခြေထောက်လေးကို နှိပ်နှယ်ပေးတာက အသားအရေကို ချောမွေ့လှပစေပါတယ်နော်။
Khin