အေထြအေထြဗဟုသုတ
ထမင်းမြိန်စေမယ့် ချဥ်ပေါင်ချက်နည်း (၅)မျိုး
ထမင်းမြိန်စေမယ့် ချဥ်ပေါင်ချက်နည်း (၅)မျိုး
‘ မျှစ်ချဉ်ပေါင်ကြော် ”
မျှစ်ကို နာရီဝက်ခန့်ပြုတ်ထားပါ။ ပြုတ်ထားတာရရင် မျှစ်ကိုဆယ်ပီး ဓါးဖြင့်လှီး ( သို့ ) ခက်ရင်းဖြင့် ခြစ်ထားပါ။ ကြက်သွန်နီ ပုဇွန်ခြောက် ငရုတ်ခြောက်အနီတောင့် ထောင်းထားပါ။
ပြီးရင် ဆီသပ်ပါ။ ကြက်သွန်အနံ့မွှေးလာပြီဆိုမှ ချွေထားသော ချဉ်ပေါင်ရွက် ထည့်ပါ။ ငပိစိမ်းစား အနည်းငယ်ထည့်ပါ။ ချဉ်ပေါင် အရွက်များ အိလာပြီဆို ကျေအောင် ဟင်းမွှေဇွန်းကြီးဖြင့် ချေပေးပါ။
ငရုတ်သီးစိမ်းထည့်ပါ။ သကြား ဆား အရသာမှုန့် မျှစ် ထည့်ပါ။ မကြာခဏမွှေပေးဖို့တော့ လိုပါတယ်။ ပုဇွန် ဝက်ဆီဖတ်တို့ဖြင့်လည်းရောကြော်လို့ရပါတယ်။
မိသားစု Online Cooking Foodstuff
ချဥ်ပေါင် စပ်ချဥ်လေး
ထမင်းမြိန်လိုက်တဲ့ဟင်းလေး
ကြော်ချက်လေးပါ
ချဥ်ပေါင် မျှစ် ငပိ ဆား ချိုမှုန့် ကြက်သွန်နီ ခရမ်းချဥ်သီး နယ်ပြီး ဆီထည့်ပြီး လုံး ပြီးရင်ရေလိုသလောက်ထည့်ပါ ကျက်ပြီဆို ကြက်သွန်ဖြူ ငရုတ်သီးစိမ်းလေးအုပ်ပါ
Su pyie
ငါးချဉ်ပေါင်ချက်
အချဉ်ဟင်းမဟုတ်ဘဲ ပျစ်ပျစ်လေးချက်ထားတဲ့ဟင်းပါ။ ချဉ်ပေါင် ငပိစိမ်းစား နဲ့ ငရုတ်သီးစိမ်းကို ဒီတိုင်းအဖုံးအုပ်တည်ထားပြီး ၃မိနစ်လောက်ကြာတော့မှ ချဉ်ပေါင်အရွက်နွမ်းတွေကို ဇွန်းနဲ့ မကျေတကျေလေးချေပြီး မီးပိတ်ထားလိုက်တယ်။
ငါးကို ဆား အရသာမှုန့် ဆနွင်းအနည်းငယ်ထည့်ပြီး နယ်ထားကာ နှပ်ထားပေးပါ။
ကြက်သွန်ဖြူနီညက်အောင်ထောင်းပြီး ဆီသပ်ပါ။ အရောင်လှစေဖို့အတွက် ငရုတ်အစိမ်းမှုန့်အနည်းငယ်ထည့်ပြီး ဆီသပ်ပေးပါ။ ပြီးမှ ငါး ဆား အရသာမှုန့် ရေအနည်းငယ် ထည့်ပြီး ချက်ပါ။ ရေခမ်းပြီဆို မီးပိတ်ထားလိုက်တယ်။ ကျက်တဲ့ထိချက်စရာမလိုပါဖူး။
ခုနကချက်ထားတဲ့ချဉ်ပေါင်ထဲကို ရေထည့်။ အရည်ကျဲတောက်ကြီးဖြစ်အောင်ရေတွေမတရားမထည့်ပါနဲ့။ အနေတော်လေးဘဲထည့်ပြီးတည်ပါ။ ဟင်းအိုးဆူလာပြီဆို အပေါ်က ချက်ထားတဲ့ ငါးရော ဟင်းအဆီအနှစ်တွေရော ချဉ်ပေါင်အိုးထဲရောထည့်။
ဆား အရသာမှုန့် ထည့်ပြီး ကြာကြာလေးပွက်ပွက်ဆူသည်အထိတည်ပါ။ နောက်ဆုံးမှ ပင်စိမ်းအုပ်ပါ။ တစ်ခွက်ထဲနဲ့ ထမင်းမြိန်စေတဲ့ ဟင်းလေးဖြစ်မှာပါနော်
မိသားစု Online Cooking Foodstuff
ချဉ်ပေါင်အစပ်ကြော်
မထူးဆန်းပေမဲ့မရိုးနိုင်တဲ့ဟင်းတစ်ခွက်😉
ချဉ်ပေါင်ရွက်၄စည်းစာ မျှစ်၁၀ကျပ်သား
ချဉ်ပေါင်ရွက်ချွေပြီးရေ၁ထပ်ဆေးပြီးရင်ဆားနဲ့နယ်အချွဲတွေကုန်အောင်ညှစ် ရေ၂ထပ်လောက်ထက်ဆေး မျှစ်ကိုလဲ ၃ ၄ခါလောက်ဆေး
ဆီအိုးတည် ဆီပူလာရင် ကြက်သွန်နီကြီး၂လုံး ဖြူ ၃မွှာလောက်ထောင်းထားတာထည့် စိမ်းနံ့ပျောက်ရင်ဆနွင်းမှုန့်ထည့်
ငပိကော်ဖီဇွန်း၁ဇွန်းထည့် ပုဇွန်ခြောက်အချိုခြောက်ထည့်
ငရုတ်သီးမှုန့်ထည့်အရောင်လှပြီးအစပ်စားရင်ပိုထည့်နိုင် မျှစ်ရေဆေးထားတာထည့် မွှေပါခနကြာရင်ချဉ်ပေါင်ရေဆေးထားတာထည့်
ဆား ဟင်းခတ်မှုန့်ထည့် ဆားကိုချိန်ထည့်ပါငပိပါလို့ငန်မာမလို့ မီးလျော့ပြီးမွှေမွှေပေးအဖုံးမအုပ်ပဲ ဆီပြန်လာရင် ငရုတ်သီးစိမ်းထည့်
အစပ်ကြိုက် ညှပ်ထည့်ပါရပါပြီ
သတိ ဆီနိုင်မှချဉ်ပေါင်ကြော်စားကောင်းမည် 😃
Myo aung
ချဥ်ပေါင်ငပိချက်
ချဥ်ပေါင် ကြက်သွန်နီ ကြက်သွန်ဖြူ ဆနွင်း ငရုတ်စိမ်းမှုန့် ငပိစိမ်းစား ထည့်ပြီးတည်ပါ ။
ချဥ်ပေါင်နွမ်းလာရင် အနည်းငယ်ဖိမွှေပေးပြီ ဆီ ငရုတ်သီးစိမ်း ရေ ဆား ကြက်သားမှုန့် ထည့်ပြီး
အရည်စပ်စပ်လေးချက်ပါ ။ ဆီက မထည့်လည်းဖြစ်ပါတယ်ရှင် ။
Htun Thiri
‘ မျှစ်ချဉ်ပေါင်ကြော် ”
ချဉ်ပေါင် စပ်ချဉ်လေး
ကြော်ချက်လေးပါ
Su pyie
ငါးချဉ်ပေါင်ချက်
ချဉ်ပေါင်အစပ်ကြော်
ချဉ်ပေါင်ရွက်၎စည်းစာ မျှစ်၁၀ကျပ်သား
Myo aung
ချဉ်ပေါင်ငပိချက်
Htun Thiri