knewledge

မျက်နှာအသားအရေလေး ကြည်လင်စိုပြေနေစေဖို့ ဆန်မှုန့် ကို ဒီလိုသုံးမယ်

မျက်နှာအသားအရေလေး ကြည်လင်စိုပြေနေစေဖို့ ဆန်မှုန့် ကို ဒီလိုသုံးမယ်

အသားအရေ ဖြူဝင်း ကြည်လင်စေဖို့အတွက် လူတိုင်းလိုလို ကြိုးစားကြပါတယ်။ ဆန်ဟာ ကျွန်မတို့ ခန္တာကိုယအတွက် အဟာရအပြည့်ပေးနိုင်ရုံသာမက အလှအပအတွက်လည်းအသုံးပြုနိုင်ပါတယ်။

ဆန်းဆေးရည်ကို ဆံကေသာသန်စွမ်းဖို့အသုံးပြုကြသလို မျက်နှာအလှအတွက်လည်းသုံးကြပါတယ်။ ဒီတစ်ခါမှာတော့ ဆန့်မှုန့်ကို အသုံးပြုတဲံနည်းလမ်းကိုမျှဝေပေးပါမယ်။

ပါဝင်ပစ္စည်း

ဆန်မှုန့် စားပွဲတင်ဇွန်း ၅ ဇွန်း (ဆန်ကို နာရီဝက် ၁ နာရီလောက်ရေစိမ်ထားပြီး အမှုန့်ကြိတ်ပါ (သို့) ထောင်းပါ)

ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ရေ ၁ ခွက်

ပြင်ဆင်ခြင်း

အရင်ဆုံး ခွက်တစ်လုံးထဲကို ဆန့်မှုန့်အရင်ထည့်ပါ။ ပြီးရင် ပျားရည်ထည့်ပါ။ ပြီးရင် ရေထည့်လိုက်ပါ။ အဲဒီနောက်သေချာနှံ့အောင်မွှေပေးပါ။ ပြီးရင်သုံးလို့ရပါပြီ။ မျက်နှာလိမ်းတဲ့ Brush အသန့် (သို့) လက်ချောင်းလေးတွေကိုအသုံးပြုပြီး လိမ်းပေးနိုင်ပါတယ်။

၁၅ မိနစ် မိနစ် ၂၀ လောက်ထားပြီး အခြောက်ခံပါ။ ပြီးရင် ရေအေးအေးလေးနဲ့ ဆေးချပါ။ တစ်ပတ်ကို ၃ ကြိမ်လောက်လုပ်ပေးပါ။ ၁ လလောက်ဆိုရင် သိသာလာမှာဖြစ်ပါတယ်။

Credit: Mystylemyanmar

မ်က္ႏွာအသားအေရေလး ၾကည္လင္စိုေျပေနေစဖို႔ ဆန္မႈန္႔ ကို ဒီလိုသံုးမယ္

အသားအေရ ျဖဴ၀င္း ၾကည္လင္ေစဖို႔အတြက္ လူတိုင္းလိုလို ႀကိဳးစားၾကပါတယ္။ ဆန္ဟာ ကၽြန္မတို႔ ခႏၱာကိုယအတြက္ အဟာရအျပည့္ေပးႏိုင္ရုံသာမက အလွအပအတြက္လည္းအသံုးျပဳႏိုင္ပါတယ္။

ဆန္းေဆးရည္ကို ဆံေကသာသန္စြမ္းဖို႔အသံုးျပဳၾကသလို မ်က္ႏွာအလွအတြက္လည္းသံုးၾကပါတယ္။ ဒီတစ္ခါမွာေတာ့ ဆန္႔မႈန္႔ကို အသံုးျပဳတဲံနည္းလမ္းကိုမွ်ေ၀ေပးပါမယ္။

ပါ၀င္ပစၥည္း

ဆန္မႈန္႔ စားပြဲတင္ဇြန္း ၅ ဇြန္း (ဆန္ကို နာရီ၀က္ ၁ နာရီေလာက္ေရစိမ္ထားၿပီး အမႈန္႔ႀကိတ္ပါ (သို႔) ေထာင္းပါ)

ပ်ားရည္ စားပြဲတင္ဇြန္း ၁ ဇြန္း

ေရ ၁ ခြက္

ျပင္ဆင္ျခင္း

အရင္ဆံုး ခြက္တစ္လံုးထဲကို ဆန္႔မႈန္႔အရင္ထည့္ပါ။ ၿပီးရင္ ပ်ားရည္ထည့္ပါ။ ၿပီးရင္ ေရထည့္လိုက္ပါ။ အဲဒီေနာက္ေသခ်ာႏွံ႕ေအာင္ေမႊေပးပါ။ ၿပီးရင္သံုးလို႔ရပါၿပီ။ မ်က္ႏွာလိမ္းတဲ့ Brush အသန္႔ (သို႔) လက္ေခ်ာင္းေလးေတြကိုအသံုးျပဳၿပီး လိမ္းေပးႏိုင္ပါတယ္။

၁၅ မိနစ္ မိနစ္ ၂၀ ေလာက္ထားၿပီး အေျခာက္ခံပါ။ ၿပီးရင္ ေရေအးေအးေလးနဲ႔ ေဆးခ်ပါ။ တစ္ပတ္ကို ၃ ႀကိမ္ေလာက္လုပ္ေပးပါ။ ၁ လေလာက္ဆိုရင္ သိသာလာမွာျဖစ္ပါတယ္။

Credit: Mystylemyanmar