ပညာရှင်တွေပြောတဲ့ လုံးဝလျစ်လျူမရှုထားသင့်တဲ့ အိမ်မက် ၅ ခု အဓိပ္ပါယ် အိမ်မက်ပညာရှင်တွေအဆိုအရ အိမ်မက်ဆိုတာ ကျွန်တော်တို့ရဲ့ ဘဝနဲ့မသိစိတ်တွေမှာဖြစ်ပျက်နေတဲ့အရာတွေနဲ့ပက်သက်တဲ့ အရေးကြီးအချက်အလက်တွေကို ပြောပြနိုင်တယ်လို့ဆိုပါတယ်။ အိမ်မက်တွေဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာဖြစ်ပျက်နေတာတွေကိုထိုးထွင်းသိစေနိုင်ပါတယ်။ ဒီအိမ်မက်တွေဟာ မကြာခန ဒါမှမဟုတ် ရံဖန်ရံခါ မက်လေ့ရှိကြောင်း သင်သတိထားမိကောင်းထားမိပါလိမ့်မယ်။ အိမ်မက်တွေနဲ့ပက်သက်ပြီး သူ့လူမျိုးရိုးရာဓလေ့အရ အဓိပ္ပါယ်ဖွင့်ဆိုပုံတွေ အမျိုးမျိုးရှိကြပါတယ်။ ခုပြောပြချင်တာက Oneirologyလို့ခေါ်တဲ့ အိမ်မက်တွေနောက်ကွယ်က အဓိပ္ပါယ်ကိုလေ့လာတဲ့ပညာအရ စိတ်ပညာရှင်တွေဖွင့်ဆိုထားတဲ့အရာတွေဖြစ်ပါတယ်။ကဲ..ဒီတော့ သင်မက်ခဲ့ဖူးပေမယ့် လျစ်လျူရှုထားတတ်တဲ့ အိမ်မက် တွေက ဘာကိုဆိုလိုတယ်ဆိုတာအောက်မှာဖတ်ကြည့်လိုက်ကြရအောင်.. ထိခိုက်ဒဏ်ရာရတာနဲ့ သေခြင်းတရားနဲ့ပက်သက်တဲ့အိမ်မက် အိမ်မက်ထဲမှာ ထိခိုက်ဒဏ်ရာရတာတွေ သေပီးသားလူတွေ စသဖြင့် မက်ခဲ့ရင် ဒါကဘာကိုပြောတာလဲဆိုရင် “သင့်ဘဝအတွက် အရေးကြီးတဲ့လူတစ်ယောက်ယောက် အရေးကြီးတဲ့အရာတွေကို ဆုံးရှုံးသွားမှာကိုကြောက်တာ ဒါမှမဟုတ် သင့်ကိုသင်လုံခြုံမှုမရှိတာကိုခံစားနေရတယ်”လို့ဆိုလိုတာပါ။ သင့်အိမ်မက်ထဲမှာ သေပီးသားလူကို ပြန်မက်တာဟာ သင့်ရဲ့မသိစိတ်က အဲ့ဒီ ဆုံးရှုံးမှုအတွက် […]
Author: Nainglinn
ည အချိန်မတော်တဲ့ အချိန်ထိ အိပ်ယာထဲ ဖုန်းသုံးခြင်းရဲ့ ဆိုးကျိုးများ…
ညညည်းနက်တဲ့အထိ အိပ်ယာထဲအထိ ဖုန်းသုံးခြင်းရဲ့ ဆိုးကျိုးများ ကျန်းမာရေးပါရဂူကြီးများရဲ့ လေ့လာတွေ့ရှိချက်အရ လူသားတွေအတွက် အကောင်းဆုံး အိပ်စက်အနားယူချိန်ဟာ ည ၁၁ နာရီမှ မနက် ၃ နာရီအတွင်းဖြစ်တယ်လို့ သိရပါတယ်။ဒီအဆိုကို ဆေးပညာရှင်များအားလုံးနီးကလည်း လက်ခံထားကြပါတယ်။ ၁၁-၃ အတွင်း အနားမယူပဲ အလုပ်တစ်ခုခု လုပ်နေမယ်ဆိုရင် ကျန်းမာရေးကို ထိခိုက်စေလိမ့်မယ်။ ချက်ချင်းမဟုတ်ပေမယ့် ရေရှည်မှာ ဆိုးဝါးလာစေနိုင်ပါတယ်။ အကြောင်းကတော့ လူ့ခန္ဓာကိုယ်ထဲမှာ အဓိကအရေးကြီးဆုံး အလုပ်လုပ်ပေးနေတဲ့ အသည်းဟာ ၁၁-၃ အချိန်မှာ လူတို့စားသုံးထားတဲ့ အစားအစာများထဲမှ အဆိပ်အတောက်နဲ့ မလိုအပ်တဲ့အရာများကို စစ်ထုတ်ပေးနေရလို့ပါပဲ။ အသည်းရဲ့ အလုပ်လုပ်ချိန်လို့ ဆိုရင် ပိုမှန်ပါလိမ့်မယ်။ အဲဒီအချိန်အတွင်း ခန္ဓာကိုယ်ကို အနားပေးထားရပါတယ်။ အိပ်စက်အနားယူရပါတယ်။ အနားမပေးရင် အသည်းရဲ့ လုပ်ဆောင်မှုများကို ထိခိုက်လျှော့နည်းစေပြီး အသည်းကို တဖြေးဖြေး […]
သားဦးစနေ မီးလိုမွှေဆိုတာ ယုံတမ်းစကားလား ? တကယ်လား..?
သားဦးစနေမွေးရင်ထိတ်လန့်တတ်တဲ့လူတွေအတွက်စနေသားသမီးဟာဒုတိယဘုန်းကံအကြီးဆုံးစနေသားဦးမွေးလို့ ဓါးထမ်းကျော်တဲ့မိဘတွေ စောစောသေကုန်ကြလေရဲ့စနေနေ့မရှိခဲ့ရင် ရတနာ၃ပါးလည်းလောကမှာမရှိနိုင်တော့ဘူးစနေနေ့ကို အကြောင်းပြုပြီးရတနာ ၃ ပါးစုံတဲ့ရတနာအခါတော်နေ့ပဲစနေနေ့ဟာတနည်းအားဖြင့်ဓမ္မစက်စတည်တဲ့နေစနေနေဟာ သိပ်မွန်မြတ်တဲ့နေ့ဘုရားရတနာ ဗုဒ္ဓဟူးနေ့စပေါ်သည်တရားရတနာနဲ့သံဃာရတနာကတော့စနေနေ့မှာစပေါ်တာ ဘုရားမွေးနေ့ သောကြာနေ့က အမြတ်ဆုံး ၆၄၇ရတာနာ၃ပါးက ၄၇၇ ဘုရားက ဗုဒ္ဓဟူးနေ့ တရားနဲ့သံဃာက စနေနေ့စပေါ်ရပါတယ် ရတနာသုံးပါးပေါ်တဲ့နေ့တွေဟာ ၄၇၇ ရတနာ ရတနာကိုကောက်လည်း ၄၇၇ပဲနော်စနေနေ့မရှိပဲတရားလည်းမရှိ နိုင် သံဃာရတနာလည်းမရှိနိုင် တရားနဲ့သံဃာမှ မရှိရင် ဘုရားပွင့်ခဲ့ကြောင်းလည်းမသိနိုင် ရတနာ၃ပါး နဲ့သာသနာကြီး ဆုံတွေ့ခွင့်ရတာဒါကိုသားဦးစနေမီးလိုမွှေဆိုပြီး ပေါက်ကရပြောသူက ရှိခဲ့တယ် ရဟန်းတော်တွေအားလုံးဟာဘုရားရဲ့ ဘာတွေလဲ သားတော်တွေ မဟုတ်ဘူးလား သားတွေထဲက ဦးဆုံးသားကို ဘာလို့ခေါ် သားဦး လို့ခေါ်တယ်နော်ပထမဦးဆုံး စနေနေ့မှာ ဓမ္မစကြာတရားဦးဟောတော့ အရှင်ကောဏ္ဍည သောတာပန်တည်တယ် ဘုရားထံမှာ ရဟန်းပြု ခွင့်တောင်းတယ် သံဃာရတနာ အစဟာ ဗေဒင်ဆရာကပဲ ကောဏ္ဍည က ဗေဒင်ဆရာဘဝကလာတာလေ […]
“ မျက်ခုံးလှုပ် ၊ အသားလှုပ်ခြင်းတို့၏ နိမိတ်အဟော ”
“မျက်ခုံးလှုပ် ၊ အသားလှုပ်ခြင်းတို့၏ အဟော” အသားလှုပ်နိမိတ်ကျမ်း (၁) ငယ်ထိပ်လှုပ်မူ မင်းပူဇော်ခံရအံ့၊ ချစ်ခင်သော မိတ်ဆွေများနှင်တွေ့ရအံ့။ (၂) လက်ဝဲဦးခေါင်းလှုပ်မူ သတင်းကောင်းကြားရအံ့၊ အကြံအစည် အထမြောက်အံ့။ (၃) လက်ယာဦးခေါင်းလှုပ်မူ လာဘ်ရအံ့။ (၄) လက်ယာအထက်မျက်ခုံးလှုပ်မူ လာဘ်ရအံ့။ အဆွေခင်ပွန်းကောင်းနှင့် တွေ့ကြုံရအံ့။ (၅) လက်ဝဲအထက်မျက်ခုံးလှုပ်မူ အကြံအစည်အောင်အံ့။ (၆) လက်ယာအောက်မျက်ရေခံလှုပ်မူ သူတစ်ပါးတို့နှင့် ခိုက်ရန်ညအမျက်ဒေါသရှိအံ့။ ချစ်သူနှင့် တွေ့ရအံ့။ မယားရအံ့။ (၇) လက်ဝဲအောင်မျက်ရေခံလှုပ်မူ ငိုရအံ့။ဆင်းရဲအံ့။ (၈) လက်ယာနားလှုပ်မူ ချမ်းသာအံ့၊ သုခရအံ။ (၉) လက်ဝဲနားလှုပ်မူ သူတပါးနှင့် ခိုက်ရန်ဒေါသဖြစ်ပွားရအံ့။ ဥစ္စာပစ္စည်းရအံ့။ (၁၀) လက်ယာဘက်နှာခေါင်းလှုပ်မူ ချစ်ခင်သူများပြီး မိတ်ဆွေကောင်းရအံ့ (၁၁) လက်ဝဲဘက်နှာခေါင်းလှုပ်မူ ချမ်းသာသုခကို ရအံ့။ (၁၂) […]
သင့်ကျန်းမာရေး ကောင်းမွန်အောင် အိမ်မှာ ဒီပန်းပင် (၆)မျိုး ကို စိုက်ပါ
သင့်ကျန်းမာရေးအတွက် အိမ်မှာ ဒီပန်းပင်တွေစိုက်ပါ ဖော်မလင်၊ ကာဗွန်မိုနောက်ဆိုက်၊ အမိုးနီးယားဓာတ်ငွေ့တွေဟာ ကျွန်တော်တို့အိမ်မှာ ရှိတက်တဲ့ အန္တရာယ်ဖြစ်စေတဲ့ အဆိပ်အတောက်တွေပါပဲ။ အိမ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားတဲ့နေရာမှာ အကူအညီပေးနိုင်တဲ့ အရာတွေရှိပါတယ်။ အိမ်ထဲမှာ စိုက်ထားလို့ရတဲ့အပင်တွေက အိမ်တွင်းက လေထုညစ်ညမ်းမှုတွေနဲ့ ဓာတုပ္စည်းတွေကို (၉၀) ရာခိုင်နှုန်းလောက် စုပ်ယူပစ်နိုင်ပါတယ်။ အိမ်ထဲမှာ စိုက်လို့ရတဲ့ အပင်လေးတွေက အိမ်ကို အလှဆင်ပေးသလို ကျွန်တော်တို့ကျန်းမာရေးအတွက်လည်း ထိရောက်မှုရှိပါတယ်။ အိမ်အတွင်းထဲမှာ ဘယ်လိုပန်းပင်တွေကို စိုက်ရမလဲဆိုတာ ဆက်ဖတ်ကြည့်ရအောင်… စံပယ်ပင် စံပယ်ပင်က စိတ်ဖိစီးမှုကို ပြေလျော့စေပြီး စိတ်မတည်မငြိမ်ဖြစ်တာကို ကုသပေးသလို အိပ်စက်ချိန်ကိုလည်း ကောင်းမွန်လာစေတဲ့အတွက် ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ထိရောက်မှုရှိစေပါတယ်။ နဂါးစက်ဂမုန်းပင် နဂါးစက်ပင်က အိမ်ထဲမှာ စိုက်ထားသင့်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဒီအပင်ကို လေသန့်ပင်လို့လည်း ခေါ်ကြပါတယ်။ အိမ်အတွင်းမှာရှိတဲ့ အဆိပ်အတောက်ဖြစ်စေတဲ့အခိုးအငွေ့တွေကို […]
ဘုန်းကြီးကျောင်းမှ သင်္ကန်းတွေပေါများနေလို့ သင်္ကန်းပြန်ဝယ်ပြီး လှူတာ ကုသိုလ်ရပါသလား ငရဲကြီး ပါသလား?
မင်္ဂလာပါ ဦးဇင်း။ တခုလောက်မေးချင်လို့ပါ။ သူများလှူ ပြီးသား ပစ္စည်းတခုကို ကိုယ်က ပြန်ဝယ်ပီး ပြန်လှူရင် ကုသိုလ်မရဖူးဆိုတာဟုတ်ပါသလား။ ဥပမာ ပြောရ ရင် ဘုန်းကြီးကျောင်းမှ သင်္ကန်းတွေပေါများနေလို့ တပည့်တော်မက အသစ်တခု မဝယ်တော့ပဲ အဲသင်္ကန်းကိုပဲ ဘုန်းကြီးစီ ဝထ္ထုငွေနဲ့ပြန်ဝယ်ပီး ပြန်ပီး လှူရင် ကုသိုလ်မရဖူးလို့ပြောတာကြားဖူးလို့ပါ။ အဲတာ ဟုတ်ပါသလား။ အဲ့လိုလုပ်ရင် ငရဲကြီးတတ်ပါတယ် ဒကာမ။ ဘာကြောင့်လဲဆိုတော့ ရဟန်းတော်က ပိုက်ဆံ မသုံးရဘူး၊ ပစ္စည်း မရောင်းရဘူး၊ ဖလှယ်မှုကိုလည်း မပြုရပါဘူး။ ဒကာမကို ရဟန်းတော်က သင်္ကန်းတွေ ပိုက်ဆံနဲ့ လဲလိုက်ရင် ရောင်းရင် ရဟန်းတော်ကလည်း ငရဲကျမယ် ဒကာမကလည်း ဝိနည်း နဲ့ သာသနာတော်ကို ဖျက်ဆီးနေတဲ့အတွက် ငရဲကြီးတတ်ပါတယ်။ ဝိနည်းကို မလိုက်နာတတ်တဲ့ ရဟန်းတော်တွေကို ဝိနည်းမှာ […]
နေ့တိုင်းသုံး တဲ့ ပိုက်ဆံတွေ ကို ရေနွေး စိမ်ကြည့်လိုက်သော အခါ..(အားလုံးပဲ သတိထား ကြပါ)…
နေ့တိုင်းသုံး တဲ့ ပိုက်ဆံတွေ ကို ရေနွေး စိမ်ကြည့်လိုက်သော အခါ..(အားလုံးပဲ သတိထား ကြပါ) မြန် မာပြည်က ငွေစက္ကူများ။အိတ်ကပ်ထဲကအန္တရာယ်ကောင်။ သူတို့ဆီကနေလည်း Covid 19 က ကူးမယ်ဆိုတာ မယုံစရာမရှိပါဘူး။ ပိုက်ဆံပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်က ၉ ရက်လောက် နေနိုင်တယ်လို့ သိရပါတယ်…. ခုပို က်ဆံတွေဆိုရင် သိပ်ပြီးညစ်နွမ်းနေတာတွေ မပါသေးပါဘူး။ ဒါတောင်ရေနွေးနဲ့စိမ်လိုက်တာမှာ အဲ့လောက်ညစ်နေပါတယ်။ ငွေကိုလက်နဲ့မကိုင်ပါနဲ့…။ ပြန်အမ်းငွေမကိုင်ရအောင် ကိုယ်ပေးတဲ့ပိုက်ဆံနဲ့ အစွန်းထွက်မလိုအပြတ်ဝယ်တာပိုကောင်းပါတယ်… ကိုယ်ဝယ်တာ 2700 ဆိုရင် 3000ဖိုးအပြည့် တခုခုဝယ်လိုက်တာမျိုးပေါ့။ တတ်နိုင်တဲ့သူတွေကတော့ cashless သွားပါ။ ခုလောလောဆယ် အိမ်ထဲတင်မက အိပ်ကပ်ထဲပါ ဝင်နေတဲ့ အန္တရာယ်ကောင်ပါ…။ ။ unicode နေ့တိုင်းသုံး တဲ့ ပိုက်ဆံတွေ ကို ရေနွေး စိမ်ကြည့်လိုက်သော […]
ယနေ့ ကိုဗစ်ရောဂါကြောင့် ခွဲစိတ် အထူးကု ဆရာဝန်ကြီး ဒေါက်တာ ဦးမြတ်သူရ ထပ်မံကွယ်လွန်
စိတ်ထဲတော်တော်ထိခိုက်ရပါတယ် ခရီးသွားရာဇဝင်မသိ လိမ်လည်ပြောဆိုပြီးခွဲစိတ်ခဲ့တဲ့ တန်ဖိုးမဲ့ လူနာတစ်ယောက်ကြောင့် တန်ဖိုးမဖြတ်နိုင်တဲ့ ခွဲစိတ်ပါရဂူကြီးတစ်ယောက်ဆုံးရှူံးလိုက်ရပြီ ကောင်းရာသုဂတိလားပါစေ ဆရာကြီး Dr Myat Thu Ya ဆုတောင်းမပြည့်ခဲ့ပါ…. ကျွန်တော်တို့ ချစ်ခင်လေးစားရပါသော ခွဲစိတ် အထူးကု ဆရာဝန်ကြီး ဆရာကြီး ဦးမြတ်သူရ ယနေ့ ၂၈-၉-၂၀ ညနေ ၄:၀၉ နာရီတွင် covid 19 ဖြင့် တောင်ဥက္ကလာမှာ ဆုံးသွားတယ် သိရပါတယ်။ မိသားစုနဲ့အတူ များစွာစိတ်မကောင်း ဝမ်းနည်းခြင်း ဖြစ်ရပါတယ်။ R.I.P ပါဆရာ။ From sayar U Aye_Mon Photo Facebook zawgyi code စိတ်ထဲတော်တော်ထိခိုက်ရပါတယ် ခရီးသွားရာဇဝင်မသိ လိမ်လည်ပြောဆိုပြီးခွဲစိတ်ခဲ့တဲ့ တန်ဖိုးမဲ့ လူနာတစ်ယောက်ကြောင့် တန်ဖိုးမဖြတ်နိုင်တဲ့ ခွဲစိတ်ပါရဂူကြီးတစ်ယောက်ဆုံးရှူံးလိုက်ရပြီ ကောင်းရာသုဂတိလားပါစေ […]
ကြာသပတေးသားသမီးများအတွက် အသက်အပိုင်းအခြားလိုက် အသေးစိတ်ဟောစတမ်း………
ကာသပတေးသားသမီးများသည် အသက် ၁ ၊ ၉ ၊ ၁၇ ၊ ၂၅ ၊ ၃၃ ၊ ၄၁ ၊ ၄၉ ၊ ၅၇ ၊ ၆၅ ၊ ၇၃ ၊ ၈၁ ၊ ၈၉ စသည့် အသက်ပိုင်းအခြားများ၏ … ပထမ(၄)လအတွင်း အောက်ပါအဖြစ်အပျက်များဖြစ်လတ္တံ့။ ကံအနိမ့်အညံ့ ကနေ ကံအကောင်းဘက်ကို တဖြည်းဖြည်း ကူးသွားပါလိမ့်မယ်။ ညံ့တဲ့အရှိန်လေး တွေ၊ အငွေ့အသက်လေးတွေတော့ နည်းနည်းရှိနေဦးမှာပေါ့ …။ အင်္ဂါနံလုပ်ငန်းများဖြစ်သည့် ဆန် ၊ ဆီ ၊ ဆေး ၊ ဆား ၊ စပါး ၊ စိန် ၊ စစ်ဖက်ရေးရာ ၊ […]
အကြွေးနွံနစ်နေသူတွေ အတွက် ဆရာကြီးမင်းသိင်္ခ ရဲ့ အကြွေး အမြန်ဆပ်နိုင်စေမယ့် ယတြာ…
အကြွေး များနေသူများအကြွေး အမြန်ဆပ်နိုင်အောင် ယတြာလေးပါ … ။ စီးပွားရေး လုပ်သလောက် အဆင်မပြေ၊ ကျိုးစားသလောက် အရာမထင်သူများလဲ လုပ်နိုင်ပါတယ်…. ။ လုပ်နည်းလေးက မခက်ခဲတာကြောင့် ပြန်လည်မျှဝေခြင်းဖြစ်ပါတယ် … ။ သင်၏ အသက်ကို (၄)ဖြင့် မြှောက်ပါ … ။ ရသော အရေအတွက်ကို မုန့်လုံးရေပေါ် လုပ်ပါ … ။ ထိုအထဲမှ မုန့်လုံး ရေပေါ်(၁၀)လုံးကို နံနက်(၁၀)နာရီ တိတိတွင် အိမ်၏ ဘုရားတွင်လှူပါ … ။ သင်၏ အသက်ကို (၇)ဖြင့်စားပါ … ။ ၁ ကြွင်းလျှင် … တနင်္ဂနွေနေ့တွင် ပြုလုပ်ပါ။ ၂ ကြွင်းလျှင် … တနင်္လာနေ့တွင် ပြုလုပ်ပါ။ ၃ […]