အလွပေရးရာ

ဂျပန်အမျိုးသမီးတွေ နုပျိုလှပနေရတဲ့ အကြောင်းအရင်း လျှို့ဝှက်ချက် ဆန်ဆေးရည်တစ်ခွက်

ဂျပန်အမျိုးသမီးတွေ နုပျိုလှပနေရတဲ့ အကြောင်းအရင်း လျှို့ဝှက်ချက် ဆန်ဆေးရည်တစ်ခွက် တစ်ကမ္ဘာလုံးက နိုင်ငံတွေထဲမှာ ဂျပန်နိုင်ငံရဲ့ အမျိုးသမီးတွေက နူးညံ့စိုပြေပြီး ချောမွတ်ပြေပြစ်တဲ့အသားအရေရှိခြင်းတို့ကြောင့် လူသိများထင်ရှားလှပါတယ်။ နည်းပညာတွေအတိုးတက်ဆုံး နိုင်ငံတွေထဲကတစ်ခုအပါအဝင်ဖြစ်တဲ့ ဂျပန်နိုင်ငံမှာ နေထိုင်နေကြတယ်ဆိုပေမယ့်လည်း ဂျပန်အမျိုးသမီးတွေကတော့ လက်ရှိအသက်အရွယ်ထက် ပိုပြီးနုပျိုအရွယ်တင်စေဖို့အတွက် ရာစုနှစ်တိုင်လက်ဆင့်ကမ်းလာခဲ့တဲ့ အိမ်တွင်းနည်းလမ်းဟောင်းတွေကိုပဲ လိုက်နာကျင့်ကြံဆဲပါပဲ။ ဒီလိုထိရောက်မှုရှိတဲ့ နည်းလမ်းတွေထဲကမှ အားလုံးလိုက်ပြီးလုပ်ဆောင်နိုင်မယ့် အလွယ်ကူဆုံးနည်းလမ်းတစ်ခုကတော့ ဆန်ဆေးရည်ကို အသုံးပြုခြင်းပဲဖြစ်ပါတယ်။ ဆန်ဆေးရည်ကိုအသုံးပြုခြင်းအားဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေရရှိလာနိုင်မလဲ အသားအရေအတွက် ဘယ်လိုအထောက်အကူတွေဖြစ်စေမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ပြောပြပေးချင်ပါတယ်။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကိုတားဆီးပေးခြင်း ဆန်ဆေးရည်နဲ့မျက်နှာသစ်ခြင်းဖြင့် အရေးအကြောင်းတွေမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ၂ ရက်လောက်နှပ်ထားတဲ့ဆန်ဆေးရည်က အသားအရေအတွင်းရှိ Collagen ထုတ်လုပ်မှုကို မြင့်တက်စေပြီး တင်းတင်းရင်းရင်းနဲ့ နုပျိုတဲ့အသားအရေကို အချိန်အတော်ကြာထိန်းပေးထားနိုင်ပါတယ်။ Antioxidants တွေလည်း ကြွယ်ဝတာကြောင့် အရွယ်မတိုင်ခင် အရေးကြောင်းတွေဖြစ်မလာအောင် တားဆီးပေးနိုင်မယ့် သဘာဝဆေးစွမ်းကောင်းတစ်လက်ပါ။ […]

အလွပေရးရာ

ခြေဖမိုးလေးတွေ မဲနေလို့ စိတ်ညစ်နေလား ဒါလေးတွေ လုပ်ကြည့်လိုက်တော့…

ခြေဖမိုးလေးတွေ မဲနေလို့ စိတ်ညစ်နေလား ဒါလေးတွေ လုပ်ကြည့်လိုက်တော့ ခြေဖမိုးဆိုတာ နေရောင်နဲ့ တိုက်ရိုက်ထိတွေ့ရတော့ နေဒဏ်လေဒဏ်ကို အများဆုံးခံရပြီးတော့ မဲတတ်ပါတယ်။ ခြေဖမိုးလေး မဲနေရင် ဒါမှမဟုတ် ဖိနပ်သဲကြိုးရာလေး ပဲ ဖြူ ပြီး ကျန်တဲ့နေရာလေးတွေ မဲနေပြီဆိုရင် ဘယ်လိုလုပ်ရမလဲဆိုတာ ပြောပြပေးပါမယ် လုပ်နည်းလေးတွေ လွယ်ကူပါတယ်။ အလုပ်လေး နည်းနည်းရှုပ်တယ်လို့ ခံစားရပေမဲ့ တကယ်ကိုထိရောက်တဲ့ နည်းလမ်းလေးမို့လို့ အိမ်မှာ လုပ်ကြည့်သင့်ပါတယ်။ နည်းလမ်းလေးကတော့ ရေဇလုံတစ်လုံးထဲမှာ ရေ နွေးနွေးလေး ထည့်ပါ။ သံပုရာသီး တစ်ခြမ်းကို အရည်ညှစ်ပေးပါ။ ပြီးလျှင် baking soda စားပွဲတင်ဇွန်းတစ်ဇွန်းထည့် ပေးပါ။ ဆပ်ပြာအရည်အနည်းငယ်ထည့်ပြီး သေချာရောမွှေပေးပါ။ ပြီးရင်တော့ ထိုရေထဲကို ခြေထောက်ထည့်ပြီး ၁၀ မိနစ်ခန့်စိမ်ပေးပါ။ စိမ်နေရင်း ခြေထောက်ကို scrub လေး […]

အလွပေရးရာ

အခုဖော်ပြပေးမယ့်နည်းလမ်းလေးတွေကတော့နှုတ်ခမ်းသားလေးတွေကိုနူးညံ့လာစေတဲ့အပြင်ပန်းရောင်သန်းစေနိုင်တဲ့သဘာဝနည်းလမ်း..

ပန်းရောင်နှုတ်ခမ်းသားလေးရရှိဖို့အလွယ်ကူအထိရောက်ဆုံးသဘာဝနည်းလမ်း(၃)မျိုးနှုတ်ခမ်းသားခြောက်သွေ့ပြီးညိုနေလို့စိတ် ညစ်နေပါသလားအခုတလောခေတ်စားနေတဲ့matte နှုတ်ခမ်းနီတွေနဲ့၊အခြားနှုတ်ခမ်းနီတွေကနှုတ်ခမ်းသားကို ခြောက်သွေ့စေပါတယ်။အခုဖော်ပြပေးမယ့်နည်းလမ်းလေးတွေကတော့နှုတ်ခမ်းသားလေးတွေကို နူးညံ့လာစေတဲ့အပြင်ပန်းရောင်သန်းစေနိုင်တဲ့သဘာဝနည်းလမ်းလေးတွေဖြစ်ပါတယ်(၁)သံပုရာသံပုရာကိုအမဲစက်တွေလျော့နည်းစေဖို့ အသုံးပြုကြသလိုနှုတ်ခမ်းသားညိုတဲ့သူတွေအတွက်လည်းအထူးကောင်းမွန်ပါတယ်ညိုနေတဲ့နှုတ်ခမ်းသားတွေကိုသဘာဝအတိုင်းပန်းရောင်သမ်းလာစေပါတယ်အသုံးပြုနည်းသံပုရာသီးကိုအရည်ညှစ်ပြီးအိပ်ရာမဝင်ခင်နှုတ်ခမ်းပေါ်ကို လိမ်းပေးပါဒီရိုးရှင်းတဲ့နည်းလေးကိုတစ်လလောက်ပုံမှန်လေးလုပ်ပေးပါ။နောက်တစ်နည်းကတော့သံပုရာခြမ်းလေးကိုသကြားတို့ပြီးနှုတ်ခမ်းသားကိုပွတ်ပေးပါအဲလိုလုပ်ပေးခြင်းဟာဆဲလ်သေတွေကိုဖယ်ရှားပေးနိုင်ပြီးနှုတ်ခမ်းသားလေးကို အသစ်ပြုပြင်ပြောင်းလဲပေးပါတယ်သုံးပတ်လောက်ပုံမှန်လုပ်ပေးပါ။နောက်တစ်နည်းကတော့သံပုရာရည်၊အလှဆီနဲ့ပျားရည်တို့ကိုဆတူရောစပ်ပြီးညအိပ်ခါနီးတိုင်းပုံမှန်လိမ်းပေးပါထူးခြားမှုကိုအမြန်ဆုံးတွေ့ရမှာပါသံလွင်ဆီဟနှုတ်ခမ်သား ကိုဖူးဖူးလေးနဲ့တောက်ပစေတဲ့သဘာဝပစ္စည်းဖြစ်ပါတယ်သံလွင်ဆီဟာသင့်နှုတ်ခမ်းသားတွေကိုအစိုဓာတ်ဖြည့်ပေးပြီး ပျော့ပျောင်းနူးညံ့လာစေမယ့်မရှိမဖြစ်အဆီတစ်မျိုးဖြစ်ပါတယ်အသုံးပြုနည်းသံလွင်ဆီနဲ့သကြားကိုရောပြီးသင့်ရဲ့ နှုတ်ခမ်းကိုပွတ်ပေးပါ။တစ်ပတ်လောက်ကြာရင်ထူးခြားကောင်းမွန်တဲ့ရလဒ်ကိုမြင်တွေ့ရမှာဖြစ်ပါတယ်လို့homeremediesကဖော်ပြပေးထားပါတယ်သကြားဟာသင့်နှုတ်ခမ်းပေါ်ကဆဲလ်သေတွေကိုအလွှာလိုက်ကွာကျစေနိုင်တဲ့သဘာဝ ပစ္စည်းကောင်းတစ်လက်ဖြစ်ပါတယ်။အသုံးပြုနည်းသကြားနဲ့ထောပတ်ကိုပျစ်ပျစ်လေးရောလိုက်ပါရလာတဲ့အနှစ်နဲ့ နှုတ်ခမ်းသားကိုပွတ်လိမ်းပေးပါတစ်ပတ်ကိုတစ်ခါလောက်လုပ် ပေးခြင်းဖြင့်သင့်နှုတ်ခမ်သားလေးစိုပြေပြီးပန်းရောင်သမ်း လာမှာဖြစ်ပါတယ်တခြားနည်းကတော့သကြားကိုသင်သုံးနေကျcreamတစ်ခုခုနဲ့ရောပြီးအိပ်ရာမဝင်ခင်တိုင်နှုတ်ခမ်းသားကိုပွတ်လိမ်းပေးခြင်းဖြင့်ထူးခြားကောင်းမွန်တဲ့ရလဒ်ကို တွေ့မြင်ရမှာပါ။ Credit

အလှပရေးရာ

အသက်ကြီးတဲ့အထိ နုပျိုနေစေမယ့် လျှို့ဝှက်ချက် (၇) ချက်..

ဇရာကို ဘယ်အရာကမှ မတားဆီးနိုင်ပါဘူး။ ဒါပေမယ့် အသက်ကြီးတဲ့အထိ နုပျိုလှပချင်တာက လူတိုင်းရဲ့ဆန္ဒပါပဲ။ အဲဒါကြောင့် ငွေကုန်သက်သာပြီး အမြဲနုပျိုလှပနေစေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ ၁။ စိတ်ဖိစီးမှုတွေကို လျှော့ချပါ။ စိတ်ဖိစီးမှုတွေများလေ ရုပ်ရည်က ပိုကျလာလေပါပဲ။ အမြဲတမ်းလိုလို စိတ်ဖိစီးမှုများတာကြောင့် ရှိသင့်တဲ့အရွယ်ထက် ပိုမိုအိုစာနေတ်ပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ စတဲ့နည်းလမ်းတွေနဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချနိုင်ပါတယ်။ ၂။ အပေါင်းအသင်းများများဖွဲ့ပါ။ အိမ်မှာတစ်ယောက်တည်း အတွေးများပြီး အထီးကျန်နေတာက မြန်မြန်အိုလွယ်စေပါတယ်။ စိတ်ပျိုကိုယ်နုဆိုတဲ့အတိုင်း စိတ်ကို ပျော်ရွှင်အောင် ထားတာက နုပျိုစေတဲ့လျှို့ဝှက်ချက်ပါ။ အပေါင်းအသင်းသူငယ်ချင်းတွေနဲ့ အဆက်အသွယ်လုပ်တာ၊ အပြင်သွားတာ၊ ခရီးထွက်တာတို့က ကျန်းမာပျော်ရွှင်စေမှာပါ။ ၃။ နည်းနည်းပဲ စားပါ။ အသက်ကြီးလာတဲ့အခါ နညး်နည်းပဲ စားခြင်းက အသက်ရှည်စေပါတယ်။ အစားအစာထဲမှာ ဘယ်ရီသီးတွေ၊ ချောကလက်၊ အစေ့အဆန်၊ ငါး၊ […]

အလွပေရးရာ

ဆံပင်နက် မှောင် သန်စွမ်းဖို့ အကောင်းဆုံးက ဆန်ဆေးရေ..

“ယောကျ်ားတို့ဘုန်း လက်ရုံး၊ မိန်းမတို့ဘုန်း ဆံထုံး” ဆိုတဲ့ မြန်မာစကားပုံလေးအတိုင်း အမျိုးသမီးတွေအတွက်တော့ နက်မှောင်သန်စွမ်းပြီး ဖြောင့်စင်းတဲ့ ဆံပင်တွေပိုင်ဆိုင်ထားတာက မိန်းကလေးတစ်ယောက်ရဲ့ ဘုန်းကျက်သရေကို ပိုတိုးစေပါတယ်။ ဆံပင်တို၊ ဆံပင်ကောက်လေးတွေ ဘယ်လောက်ပင် ခေတ်စားနေပါစေ ဆံပင်အရှည်လေးနဲ့ မြန်မာဆန်ဆန် လှနေတဲ့ အမျိုးသမီးတွေကိုတော့ လူတိုင်းက နှစ်ခါပြန် ငေးကြည့်ရတတ်ပါတယ်။ ဆေးဆိုးလွန်းလို့ ဆံပင်တွေပျက်ဆီးတာ၊ ဆံပင်ကျွတ်တာ၊ ဆံပင်မသန်တာတွေအားလုံးကို သဘာဝအတိုင်း ငွေကြေးအကုန်ကျသက်သာစွာနဲ့ ပြန်လည် ကုစားနိုင်မယ့် နည်းလမ်းလေး တစ်ခုကို ဖော်ပြပေးလိုက်ပါတယ်။ မြန်မာ့ဆေးနည်းအရ ဆန်ဆေးရေဟာ တစ်ကယ်ဆေးဘက်ဝင်ပါတယ်၊ ဆီးအောင့်နေတဲ့အခါ သုံးခါမြောက်ဆေးထားတဲ့ ဆန်ဆေးရေကို မသွန်ပစ်ပဲခံထားပြီး သောက်ပေးပါက ခဏအတွင်း ဆီးအောင့်ဝေဒနာ ပျောက်ကင်းပါတယ်။ ဆန်ဆေးရေဟာ ဆံပင်တွေကို နက်မှောင်သန်စွမ်းစေတယ်ဆိုတာကိုတော့ သိတဲ့သူနည်းပါးပါတယ်။ ဆံတွေတွေ နဂိုအတိုင်း နက်မှောင်သန်စွမ်းလာစေဖို့ အောက်ပါနည်းအတိုင်း လုပ်ဆောင်နိုင်ပါတယ်။ […]

အလွပေရးရာ

မျက်ခုံးမွှေး ထူထူလှလှလေး ဖြစ်ဖို့ (၁၀) ရက်အတွင်း သိသာစေမယ့် သဘာဝနည်းလမ်း…

ခပ်ထူထူလေးရှိတဲ့ မျက်ခုံးမွှေးမျိုးကို လူတိုင်း လိုချင်ကြတယ်မဟုတ်လား…၊ မျက်ခုံးမွှေး ထူ ထူလှလှလေးဖြစ်ဖို့ (၁၀)ရက်အတွင်း သိသာစေမယ့် သဘာဝနည်းလမ်းလေးကို ဖော်ပြပေးလိုက်ပါတယ် …။ အခုခေတ်ဆိုရင် မျက်ခုံးမွှေးကို Tattoo ထိုးတာတွေတောင် လုပ်လာကြတာကိုတွေ့ရပါတယ်။ ဒါပေမယ့် သဘာဝမျက်ခုံးမွှေးအလှနဲ့ မယှဉ်နိုင်တာကိုတော့ ငြင်းပယ်လို့ မရပါဘူးနော် …။ အရည်အသွေးညံ့တဲ့ မိတ်ကပ်တွေ လိမ်းတာကြောင့်လည်း မျက်ခုံးမွှေးတွေ ပါးလာစေပါတယ်။ မျက် ခုံးမွှေးထူထူလေးရဖို့ သဘာဝအ တိုင်း မိမိအိမ်မှာ အလွယ်တကူပြုလုပ်နိုင်မယ့် နည်းလမ်းလေးကို မျှဝေပေးသွားမှာပဲ ဖြစ်ပါတယ် …။ ပါဝင်ပစ္စည်း – ၁။သံလွင်ဆီ ၂။သံပုရာသီးတစ်စိပ် ပြုလုပ်နည်း… ၁။ သံပုရာသီးတစ်စိပ်ကို ခွက်တစ်လုံးထဲထည့်ပြီး သံလွှင်ဆီ စားပွဲတင်ဇွန်း ၄ ဇွန်းကနေ ၅ ဇွန်းအထိ ထည့်ပါ …။ ၂။ […]

အလွပေရးရာ

ဝက်ခြံ တင်းတိတ် မှဲ့ခြောက် အတွက် လူသိနည်းတဲ့နည်းလေး.

ဝက်ခြံ တင်းတိတ် မှဲ့ခြောက် အတွက် လူသိနည်းတဲ့နည်းလေး မှဲ့ခြောက်နဲ့ တင်းတိပ်ကို တစ်ပတ်အတွင်း သိသာစွာ ဖယ်ရှားပေးနိုင်တဲ့ သဘာဝနည်းလမ်းကောင်းလေး ဖရဲသီး အောက်ခံအဖြူအသားကို ဓား(သို) ဇွန်းဖြင့် ပါးပါးလှီးပြီး မျက်နှာပေါ် မှာရှိတဲ့ မဲ့ခြောက်၊ တင်းတိပ် ရှိတဲ့ နေရာပေါ်မှာ တင်ပေး ပါ။ ဒီနည်းကို မလုပ်ခင် မျက်နှာကို သန့်စင်အောင် အရင်သန့်ရှင်းရေး လုပ်လိုက် ရပါမယ်။ မျက်နှာ သန့်စင်ပြီးတာနဲ့ ဖရဲသီး အောက်ခံ အဖြူသာကို ပါးပါးလှီးပြီး မျက်နှာပေါ်တင်ပေးပြီး နာရီ တော်တော်ကြာ အောင် တင်ထားပေးရပါမယ် အိပ်ယာဝင်မယ့် အချိန်မှာလည်း လုပ်လို့ ရပါတယ်။ မှဲ့ခြောက်၊ တင်းတိပ် ရှိနေသူတွေ အတွက် အဆင်ပြေမယ့် နည်းလမ်း ကောင်းလေးပါ။ ဖရဲသီးမှာပါတဲ့ ရေဓာတ်က […]

အလွပေရးရာ

အသိနောက်ကျလိုက်တာ.. မာလကာရွက်ဖြင့် ဒါတွေ ပျောက်ကင်းနိုင်ပါတယ်

မာလကာသီးရဲ့အကျိုးကျေးဇူးတွေကိုတော့ သိကောင်းသိပါလိမ့်မယ်။ ဒါပေမဲ့မာလကာရွက်ရဲ့ အကျိုးကျေးဇူးတွေကို သိတဲ့သူရှားပါတယ်။မာလကာရွက်က ကိုယ်တွေထင်ထားတာထက်တောင် အလှအပနဲ့ကျန်းမာရေးအတွက် အသုံးဝင်နေတာပါ။ဘယ်လိုတွေအသုံးဝင်နေတာလဲဆိုရင် ဆီးချိုရောဂါကာကွယ်ပေးတယ် ဂျပန်နိုင်ငံက ပညာရှင်တွေရဲ့ လေ့လာချက်အရ မာလကာရွက်လက်ဖက်ရည်ဟာ သွေးတွင်းဂလူးကိုစ့်ကိုလျှော့ချပေးတယ်လို့တွေ့ရှိထားရပါတယ်။မာလကာရွက်ရေနွေးကြမ်း၊လက်ဖက်ရည်ကို ၁၂ပတ်ကြာသောက်ပေးမယ်ဆိုရင် Insulin ထုတ်လုပ်မှုမတက်လာစေပဲ သွေးဖိအားကို လျှော့ချပေးပါတယ်။ ကိုလက်စထရောလျှော့ချပေးတယ် မာလကာရွက်ရေနွေးကြမ်း၊လက်ဖက်ရည်ကို သုံးလနီးပါးပုံမှန်သောက်သုံးပေးတာဟာ ကောင်းမွန်တဲ့ကိုလက်စထရောတွေကိုထိန်းသိမ်းပေးပြီးမကောင်းတဲ့ကိုလက်စထရောဓာတ်တွေကို ဖယ်ရှားပေးတယ်လို့လေ့လာတွေ့ရှိရပါတယ်။အထူးသဖြင့် မာလကာရွက်ဟာ အသည်းတွင်းအဆိပ်အတောက်ကို ဖယ်ရှားတဲ့နေရာမှာအရမ်းအသုံးဝင်ပါတယ်။ အစာချေဖျက်တဲ့နေရာမှာကူညီပေးတယ် မာလကာရွက်က အစာမကြေဖြစ်တာမျိုးကိုသက်သာစေပြီး အစာအိမ်တွင်းက ဘတ်တီးရီးယားပိုးတွေကို ဖယ်ရှားပေးပါတယ်။မကောင်းတဲ့ဘတ်တီးရီးယားတွေကြောင့်ဖြစ်ပွားတတ်တဲ့အဆိပ်အတောက်တွေကိုလည်းဖယ်ရှားပေးပါတယ်။မာလကာရွက်က အစာအဆိပ်သင့်တာ၊အော့အန်တာ၊ပင်ပန်းနွမ်းနယ်မှုတွေကိုလည်း ပြေပျောက်စေပါတယ်။အစာအိမ်နဲ့ပတ်သက်ပြီးနေထိုင်မကောင်းဖြစ်နေတယ်ဆိုရင် မာလကာရွက်အနည်းငယ်ကို ရေတစ်လီတာခွဲထည့်ပြီး ပွက်ပွက်ဆူအောင်တည်ထားပါ။ပြီးရင် အဲ့ဒါကို တစ်နေ့သုံးကြိမ်သောက်ပါ။ သွားကိုက်၊လည်ချောင်းနာကိုသက်သာစေတယ် သွားကိုက်တာ၊လည်ချောင်းနာတွေအတွက် မာလကာရွက်ကိုအရေးပေါ်သုံးပေးနိုင်ပါတယ်။လည်ချောင်းနာတာ၊သွားကိုက်တာတွေဟာ ဘတ်တီးရီးယားပိုးတွေကြောင့် ဖြစ်တာဖြစ်လို့ ပလုတ်ကျင်းပေးတဲ့အခါ သက်သာသွားစေနိုင်ပါတယ်။မာလကာရွက်ကိုကြိတ်ချေပြီး သွားတိုက်တဲ့အခါမှာလည်းသုံးပေးနိုင်ပါတယ်။အဲ့ဒါဆိုရင် ဘတ်တီးရီးယားတွေကိုသန့်ရှင်းပေးလို့ သွားတွေကိုလည်းကျန်းမာစေပါတယ်။ ဆီးကျိတ်ကင်ဆာ မာလကာရွက်ကို သောက်သုံးပေးတာဟာ ဆီးကျိတ်ကင်ဆာဖြစ်ပွားခြင်းကို လျှော့ချပေးတယ်လို့သိရပါတယ်။ […]

အလှပရေးရာ

အမျိုးသမီးတွေ မကြာခဏကြုံတွေ့ရတတ်တဲ့ အလှအပပြဿနာတွေကို ဖြေရှင်းနိုင်မယ့်နည်းလမ်း (၆) ခု

အမျိုးသမီးတွေအတွက် အလှအပနဲ့ပတ်သက်ပြီး အဆင်မပြေတဲ့အရာတွေကို ခဏခဏ ကြုံတွေ့ရတတ်ပါတယ်။ ဒါပေမယ်ံ ဒီလိုပြဿနာတွေကို အလွယ်တကူဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ ရှိပါတယ်။ ၁။ နှုတ်ခမ်းမွေး အမျိုးသမီးတွေမှာ နှုတ်ခမ်းမွေးတွေ ပေါက်လာရင် အရမ်းကို စိတ်အနှောင့်အယှက်ဖြစ်ရမှာပါ။ အဲဒီအခါ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်နဲ့ အရောင်ချွတ်လိုက်ပါ။ အရောင်ဖျော့သွားရင် နှုတ်ခမ်းမွေးရှိတာ မသိသာတော့ပါဘူး။ နှုတ်ခမ်းမွေးတွေကို နှုတ်တဲ့အခါ ပိုများလာတတ်တဲ့အတွက်ကြောင့်ပါ။ ၂။ မည်းနေတဲ့ ချိုင်း မည်းနေတဲ့ချိုင်းကို ပြန်လည်ဖြူလာအောင် ပြုလုပ်နိုင်မယ့်နည်းလမ်းတွေ များစွာရှိပါတယ်။ အာလူးလေးတွေကို ခပ်ပါးပါးလေးလှီးပြီး ချိုင်းမှာ ပွတ်ပေးပါ။ ဒါမှမဟုတ် ခပ်ပါးပါးလှီးထားတဲ့ သခွားသီးနဲ့ပွတ်ပေးလို့လည်း ရပါတယ်။ သံပုရာစိပ်လေးနဲ့ ချိုင်းကို ပွတ်ပေးပြီး ၁၀ မိနစ်ခန့် ထားပါ။ ပြီးမှ ရေဆေးချလိုက်ပါ။ မုန့်ဖုတ်ဆော်ဒါလက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ ရေ လက်ဖက်ရည်ဇွန်း ၁ […]

အလွပေရးရာ

ဆံပင်ဖြူလာတဲ့အခါမှာ မပြုလုပ်သင့်တဲ့အရာ (၅) ခု

အသက်အရွယ်က တဖြည်းဖြည်းကြီးလာတာနဲ့အမျှ ဆံပင်တွေက ဖြူလာပါတယ်။ ဆံသားတွေကလည်း ခြောက်သွေ့ပြီး အားနည်းလာပါတယ်။ ဆံပင်ဖြူလာတဲ့အခါမှာ မပြုလုပ်သင့်တဲ့အရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ၁။ ခရမ်းရောင်ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ခြင်း ခေါင်းလျှော်တဲ့အခါ ခရမ်းရောင်ခေါင်းလျှော်ရည်နဲ့ လျှော်တာက ကောင်းပေမယ့် နေ့စဉ်တော့ မလျှော်သင့်ပါဘူး။ ဆံပင်ဖြူတဲ့သူတွေအတွက် ခရမ်းရောင်ခေါင်းလျှော်ရည်နဲ့ လျှော်တာက ဆံသားကို ပိုခြောက်သွေ့စေပါတယ်။ ဆံပင်ဆေးဆိုးထားတဲ့သူတွေမှာလည်း ခရမ်းရောင်ခေါင်းလျှော်ရည်ကိုသုံးရင် ဆံပင်အရောင်တွေ မှိန်လာပါတယ်။ ၂။ ရေဓာတ်မပြည့်ဝခြင်း ဆံပင်ဖြူလာရင် ဆံသားမှာလည်း သဘာဝအဆီဓာတ်တွေ ခန်းခြောက်လာပါပြီ။ ဆံသားမှာ ရေဓာတ်ပြည့်နေအောင်လို့ အစိုဓာတ်ဖြည့်ဆီတွေကို လိမ်းပေးသင့်တဲ့အပြင် အစိုဓာတ်ဖြည့်ခေါင်းလျှော်ရည်နဲ့လည်း လျှော်ပေးသင့်ပါတယ်။ ခန္ဓာကိုယ်မှာ ရေဓာတ်မပြည့်ဝရင် ဆံပင်ဖြူတွေက တဖြည်းဖြည်း များလာပါတယ်။ ရေဓာတ်ပြည့်ဝစေဖို့အတွက် ရေများများသောက်ပေးသင့်ပါတယ်။ ၃။ ဆံပင်ကို ခဏခဏပုံသွင်းခြင်း ဆံပင်ဖြူသူတွေမှာ ဆံသားအဆိတွေ နည်းပါးလာတာကြောင့် အပူပေးပြီး ပုံသွင်းတာတွေကို […]