အထွေအထွေဗဟုသုတ

“မွေးနေ့ သောကြာ၊ တနင်္လာ ကေသာဆံဖြတ် မပြုအပ်” ဆိုတဲ့ စကားလေးရဲ့ ဆိုလိုရင်း အဓိပ္ပါယ်…

တကယ်တော့ အဲ့တာက… တနင်္ဂနွေ သားသမီးတွေ အတွက် သတ်မှတ်ထားတဲ့ မွေးနေ့ ၊ အညွှန့်နေ့ နဲ့ ဆပွတ်နေ့ အတွက်ပါ။ လူတိုင်းအတွက် မဟုတ်ပါဘူး။ အဲ့ဒီလို လူတိုင်းအတွက်သာဆို ဆံပင်ညှပ်ဆိုင်တွေ တစ်ပါတ်မှာ( ၃)ရက်လောက် အလုပ်ပိတ်ရမလို ဖြစ်နေပါပြီ။ အဓိပ္ပါယ်ကောက် လွဲကြတဲ့သူတေ ဒုနဲ့ဒေး… ရှင်းပြဦးမှပါလေ…. အတိုကောက်… မွေးနေ့ 👉 မိမိမွေးသည့်နေ့နံ၊ ‌သောကြာ👉 အညွှန့်နေ့၊ တနင်္လာ 👉 ဆပွတ်နေ့ အညွှန့်နေ့နဲ့ ဆပွတ်နေ့ မိမိမွေးနေ့တွေမှာ ညှပ်မိတဲ့ ဆံပင်တွေကို မကောင်းတဲ့ အောက်လမ်း၊ စုန်း၊ ကဝေ အစီအရင်တွေမှာ သုံးတဲ့အခါ ထိခိုက်မှုပိုများနိုင်လို့ပါ။ အကြမ်းဖျင်းအားဖြင့်တော့ အဲ့ဒီ့နေ့တွေမှာ ဆံပင်ညှပ်မိရင် ဘုန်းကံနိမ့်နိုင်တာ၊ ခိုက်တာ (မိသားစုအဆင်မပြေတာ၊ စီးပွားရေး ၊ ကျန်းမာရေး […]

အထွေအထွေဗဟုသုတ

ရွှေဆိုင်တွေက ပြောတဲ့ အလျော့တွက် လက်ခဆိုတာ

ညနေက ရွှေဆိုင် တစ်ဆိုင် (အမည် မပြောလိုပါ) ခဏဝင်လိုက်တယ်။ ရွှေထည် ပစ္စည်းသဘောကျလို့ တွက်ခိုင်းလိုက်တဲ့အခါ အလျော့တွက်လက်ခ ပေါင်းပြီးသားအပြင် သုံးသောင်းကျော်လောက် ပိုနေတယ်။ ဥပမာဆိုပါတော့ဗျာ… ရွှေက ရှစ်သိန်းဈေး ပစ္စည်းက အလေးချိန်က ငါးရွေးတစ်စိတ် အလျော့တွက် လက်ခက နှစ်ရွေးသုံးစိတ် စုစုပေါင်းရှစ်ရွေး ( တစ်ပဲသားဖြစ်သွားပြီ) ဒါဆိုရင် ရှစ်သိန်းဈေးနဲ့ တစ်ပဲသား ကို တွက်တဲ့အခါ ၅၀၀၀၀ိ/ ပဲကျတယ်။ ဒါပေမယ့် အဲဒီဆိုင်က ရှစ်သောင်းကျော်ကျော် တောင်းတယ်။ သုံးသောင်းပိုနေလို့ မေးတော့ ဘာမှ မပြောတတ်ဘူး။ ကိုယ်ဝယ်တဲ့ ပစ္စည်းအတွက် ကျသင့်ငွေနဲ့ ပေးရမယ့်ငွေဟာ ဘာကြောင့်ကွာတာလဲ မေးတာ။ ဒါတွေဟာ ဘာကြောင့်လဲ ဆိုတော့… လူအများစုဟာ ရွှေကိုပဲ ဝယ်ကြတယ်။ စနစ်တကျ မတွက်တတ်ကြဘူးဆိုတာရယ်… ရွှေချိန်အကြောင်း […]

အထွေအထွေဗဟုသုတ

❝ ဒီလူ(၆)ယောက်နဲ့တွေ့ရင် တစ်သက်လုံးပေါင်းပါ ❞ (ဘယ်တော့မှ လက်လွတ်မခံပါနဲ့)

❝ ဒီလူ(၆)ယောက်နဲ့တွေ့ရင် တစ်သက်လုံးပေါင်းပါ ❞ (၁) သင့်ကိုငွေချေးပေးသူ ငွေတစ်ပြားတစ်ကျပ်တိုင်းဟာ သွေးနဲ့ချွေးနဲ့ရင်းခဲ့တာပါ။တန်ဖိုးထားပါ။ (၂) သင့်ကို ပစ္စည်းရက်ရက်ရောရောပေးတတ်သူ ပစ္စည်းပေါလွန်းလို့တော့ မဟုတ်ဘူး။ ပေးကမ်းစွန့်ကြဲတတ်သူမို့ပါ။ (၃) အတူတူအလုပ်လုပ်တဲ့အချိန်မှာ သင့်ကို ဦးစားပေးတတ်သူ “အ”လို့တော့မဟုတ်ဘူး။ မျှဝေခံစားတတ်လို့ပါ။ (၄) အလုပ်လုပ်ချိန်မှာ ပိုလုပ်တတ်သူ နုံအ လို့တော့မဟုတ်ဘူး။ တာဝန်သိတတ်သူမို့လို့ပါ။ (၅) ဘေလ်ကို အရင်ရှင်းတတ်သူ ငွေပေါနေလို့မဟုတ်ဘူး။ ခင်မင်ရင်းနှီးမှုကို ငွေထက် တန်ဖိုးထားတတ်လို့ပါ။ (၆) သင့်ကို ကူညီတတ်သူ သင့်ကို အောက်ကျခံ နေလို့မဟုတ်ဘူး။ သင့်ကို သူငယ်ချင်းအရင်းလို သတ်မှတ်လို့ပါ။ ဒီလို သူငယ်ချင်းမျိုး သင့်မှာရှိနေပြီဆိုရင် ဘယ်တော့မှ လက်လွတ်မခံပါနဲ့။ အချစ်ဆုံးသူငယ်ချင်း ညီအမအရင်း ညီအကိုအရင်းတွေအဖြစ် ပေါင်းသင်းလိုက်ပါ။ unicode ❝ ဒီလူ(၆)ယောက်နဲ့တွေ့ရင် တစ်သက်လုံးပေါင်းပါ […]

အေထြအေထြဗဟုသုတ

အမေရိကန်ကချွေးမ နဲ့ ဗမာကချွေးမ ဘာတွေကွာလည်း (အတုယူစရာပါ)

အမေရိကားမှာ ကျောင်းသွားတက်ခဲ့တဲ့သား ကျောင်းပြီးတော့ ကျွန်မအတွက် စူစန်လို့ခေါ်တဲ့ အင်္ဂလိပ်ချွေးမတစ်ယောက် ရှာပေးခဲ့တယ်။ ဒီကနေ့မှာ မြေးလေးထော်ဘီတောင် (၃)နှစ်ရှိခဲ့ပါပြီ။ ဒီနှစ်နွေရာသီမှာ သားက ကျွန်မကို အမေရိကားအလည်လာဖို့ ခေါ်ခဲ့တယ်။ အမေရိကားမှာနေခဲ့တဲ့ (၃)လအတွင်း ချွေးမစူစန်ရဲ့ သားသမီးကို ဆုံးမသွန်သင်နည်းတွေက ကျွန်မကို အတွေးအမြင် ပိုကျယ်စေခဲ့ပါတယ်။ (၁) မစားရင် အဆာခံပါ… မနက်တိုင်း ထော်ဘီအိပ်ရာထလာတာနဲ့ စူစန်က မနက်စာကို စားပွဲပေါ်တင်ပေးခဲ့ပြီး သူ့အလုပ်ကို သူဆက်လုပ်နေခဲ့တယ်။ ထော်ဘီဟာ ကိုယ်တိုင် ကုလားထိုင်ပေါ်တက်၊ ကိုယ်တိုင် နွားနို့သောက်၊ ကိုယ်တိုင် ပေါင်မုန့်တွေ စားနေခဲ့တယ်။ စားပြီးတဲ့နောက် ကိုယ့်အခန်းထဲဝင်ပြီး အဝတ်ဘီရိုထဲကနေ အဝတ်အစား၊ ဖိနပ်တွေကို ကိုယ်တိုင်ဝတ်ဆင်ခဲ့တယ်။ (၃)နှစ်ပဲရှိတဲ့ ထော်ဘီလေးဟာ ခြေအိတ်ရဲ့အရှေ့အနောက်၊ ဘယ်ဖိနပ်၊ ညာဖိနပ်ကို ခွဲတတ်သေးသူ မဟုတ်ပါဘူး။ တစ်ခါက […]

အထွေအထွေဗဟုသုတ

သူများ အကြွေးယူပြီး အကြွေး မဆပ်ချင်တဲ့သူတွေ အတွက်… “အကြွေးနဲ့ ဝဋ်ကြွေး”

“ပိုက်ဆံမပေးနိုင်လို့ လိမ်ပြေးတယ်တို့၊ ခပ်တည်တည်ပဲ မပေးလည်း ဘာဖြစ်လဲတို့“ စတာတွေဟာ အကြွေးယူထားတဲ့လူတွေ ခုခေတ် လုပ်ချင်ရင် လုပ်လို့ရတဲ့ အရာတွေပါ ဒီလိုတွေလုပ်လို့ အဆင်ပြေသွားသလား ။ NO ပါ… ပိုက်ဆံပေးထားတဲ့ အကြွေးရှင်တွေက ဘာဖြစ်သွားလဲ။ ပိုက်ဆံတောင် ထုတ်ပေးထားနိုင်တဲ့ သူဌေးတွေပါဆိုနေမှ ဒီပိုက်ဆံအတွက်ပဲ ရှူံးတာပါ။ ကျန်တာ သူတို့မှာ ဘာဆိုဘာမှ မထိခိုက်ပါဘူး…။ ဟုတ်ပြီ။ လူလိမ်တွေဘက်ကတောင် ရန်ပြန်ထောင်နေကြတာ၊ ဘုရားတရားတွေ ရှယ်ပြနေကြတာနဲ့၊ ကျေးဇူးရှင်ကို စော်ကားပြပြီး လိုင်းပေါ်မှာ ခပ်တည်တည်နဲ့ နေနေနိုင်ကြတာ ဆိုတော့… ဒါဆို အကြွေးယူသွားတဲ့ လူက နိုင်တယ် ထင်မှာပေါ့နော်။ NO ပါ။ သူတို့က ပိုဆိုးပါတယ်…။ (၁) အသက်ဆက်ရှင်မယ့် နှစ် ၃၀ သို့ နှစ် ၄၀ […]

အထွေအထွေဗဟုသုတ

ကွန်ပျူတာမှာ မြန်မာစာ Font ရိုက်ရအောင် စတင်ခဲ့သူ လန်ဒန်တက္ကသိုလ် မြန်မာစာဌာနမှူး (ငြိမ်း) ဆရာJohn Okell

ကွန်ပျူတာမှာ မြန်မာလို ရိုက်လို့ရအောင် ပထမဦးဆုံး မြန်မာ Font ဖြစ်တဲ့ Ava font ကို စတင်တီထွင်ခဲ့သူ လန်ဒန်တက္ကသိုလ် မြန်မာစာဌာနမှူး (ငြိမ်း) ဆရာ John Okell တစ်ဦးဖြစ်ပါတယ်။ ဆရာကြီးရဲ့ မြန်မာအမည်က ဦးလှသိန်းဖြစ်ပါတယ် ရင်းနှီးသူတွေက ဆရာကြီးရဲ့ အမည် Okell ကိုအသံဖလှယ်ပြီး ဆရာအုတ်ခဲလို့လည်း ခေါ်လေ့ရှိပါတယ်။ Apple ကွန်ပျူတာတွေမှာ အသုံးပြုဖို့ Ava Laser’ Font ကို ၁၉၈၉ ခုနှစ်မှာ ပြုစုပေးခဲ့ပါတယ်။ မြန်မာမှု၊ မြန်မာစာ၊ မြန်မာစကား သင်ကြားရေးမှာ အထူးစွမ်းဆောင်ခဲ့ပြီး ၂၀၂၀ ခုနှစ် သြဂုတ်လ (၃) ရက်နေ့ လန်ဒန်မြို့မှာပဲ ကွယ်လွန်ခဲ့ပါတယ်။ Ref: Wikipedia, VOA #Jacob #BurmeseFont […]

အေထြအေထြဗဟုသုတ

မိတ်ဆွေ ၊ အပေါင်းအသင်း ၊ သူငယ်ချင်းအဖြစ်မှ ရပ်စဲသင့်တဲ့… လူ ( ၅ ) ယောက်

( ၁ ) နောက်ကျောကို ဓား နဲ့ ထိုးတဲ့ သူမျိုး မိမိ က သူ့ကို စိတ်ရင်း စေတနာ ရင်း နဲ့ ခင်ပါသော်လည်း သူ့ဘက် က မိမိရဲ့ နောက်ကွယ်မှာ မိမိကို တစ်စုံတစ်ခု ဖြစ်အောင် သော်လည်းကောင်း၊ စီးပွားပျက်အောင် သော်လည်းကောင်း လုပ်တဲ့ သူမျိးကို မိတ်ဆွေ အဖြစ်ကနေ ရပ်ဆဲ လိုက်ပါ။ ( ၂ ) အကောင်းပြောပြီး ချောက်ချ တဲ့ သူမျိုး မိမိရှေ့ ရောက်ရင်… မိမိ တစ်ခုခု မှားနေရင်တောင် မဝေဖန်ဘဲ အကောင်း ပြောတယ်။ သို့သော် သူရဲ့ စိတ်ထဲကနေ မိမိ တစ်ခုခု ဖြစ်အောင် ချောက်ချတဲ့ သူမျိုးတွေကို […]

အထွေအထွေဗဟုသုတ

အိမ်ပိုင်မြေပိုင် ဖြစ်လိုသူများအတွက် အဓိဋ္ဌာန်ဝင်နည်း

အိမ်ပိုင်မြေပိုင် ဖြစ်လိုသူများအတွက် အဓိဋ္ဌာန်ဝင် ကုသိုလ်ပြုနည်း သစ်တံခါးဆရာတော် ၏ ” မြေ” ပိုင်ရှင် ” အိမ်” ပိုင်ရှင်ဖြစ် အောင် အဓိဋ္ဌာန်ဝင် ကုသိုလ်ပြု၍ ဆာင်ရွက်နည်း နေ့စဉ်နေ့တိုင်း ထမင်းစားသောက်သည့်အခါ ပွင့်တော်မူပြီးသော မြတ်ဗုဒ္ဓအဆူဆူတို့အား ရည်မှန်း၍ ဆွမ်းတစ်ပွဲ ရဟန္တာများ အရိယာများ နတ်ကောင်းနတ်မြတ်တို့အတွက် ရည်မှန်း၍ ဆွမ်းတစ်ပွဲ တစ်ယောက်စာ တစ်ပန်းကန်စာတွင် ဆွမ်းနှင့် ဆွမ်းဟင်း စုထည့်ကာ ခက်ရင်းနှင့်ဇွန်း တပ်ပါ ( လက်ဆေးတော်ရေ လက်သုတ်ပုဝါနှင့်လည်းရပါသည် ) အချို ပွဲကိုလည်း ပုဂံပြားတစ်ချပ်တွင် စုထည့်ပါ သောက်တော်ရေ (သို့) ရေနွေးကြမ်းတစ်ခွက်စီ ။ လှူဒါန်းပူဇော်ပုံ မိမိစားသုံးနေသောစားပွဲ(သို့)တစ်နေရာတွင် သီးသန့်ထား ဆွမ်းပွဲကိုလက်နှင့် ကိုင်မြှောက်ကာ ” ဂင်္ဂါဝါဠု သဲစုမကပွင့်တော်မူပြီးကြသော မြတ်ဗုဒ္ဓအဆူဆူ […]

အထွေအထွေဗဟုသုတ

နာမည်မှာ “သ” ပါတဲ့ သူတွေရဲ့ စိတ်နေ စိတ်ရင်း သဘောထား

နာမည်မှာ “သ” ပါတဲ့ သူတွေရဲ့ စိတ်နေ စိတ်ရင်း သဘောထား နာမည်မှာ “သ” ပါတဲ့ သူတွေရဲ့ စိတ်နေသဘောထား နာမည်မှာ သ ပါတဲ့သူတွေက စိတ်ကြီးတယ် ဒေါသဖြစ်လာရင် ဘယ်သူကိုမှဘယ်အရာကိုမှ ထည့်မစဉ်းစားဘူးထည့်လဲ မတွက်တတ်ဘူး ဒါပေမယ့် ပြောပီး လုပ်ပီးသွားလို့ သူမှားနေတဲ့ကိစ္စကိုလဲ ပြန်တောင်းပန်ဖို့ဝန်မလေးတတ်ကြဘူး။ စိတ်နာအောင်တော့ လာမလုပ်နဲ့သေတဲ့အထိ မှတ်ထားတတ်တယ် အငြိုးအတေးလဲ ကြီးတယ် အပေါ်ယံခင်မင်တာ မလိုလားဘူးသူငယ်ချင်း အစစ်ပဲ လိုချင်ကြတယ်ယောင်လို့တောင် နာမည်မှာ`သပါတဲ့သူကိုအရွဲ့မတိုက်မိစေနဲ့သူများတွေ ရွဲ့တာထက်အဆပေါင်းများစွာ ပြန်ရွဲ့တတ်တယ်။ သနားအောင်ပြောလာရင်အိတ်ထဲရှိတဲ့ ပိုက်ဆံကိုယ် မသုံးရရင် နေပါစေပေးပြစ်တတ်တယ် မပေးချင်ဘူး ကြည့်မရဘူးဆိုရင် အဲ့လူဘာဖြစ်နေပါစေ လှည့်ကို မကြည့်တော့ဘူး လိမ်တာ ညာတာ အရမ်းမုန်းတယ် ဒါပေမဲ့ သူငယ်ချင်းများ အပေါ်မှာတော့ ဟာသတွေ ရယ်စရာတွေပြောပြီး စနောက်တတ်ကြတယ်အနေအေးတယ်။ […]

အထွေအထွေဗဟုသုတ

တစ်စုံတစ်ယောက်က သင့် အကြောင်း တွေးနေပြီဆိုရင် တွေ့ကြုံရမယ့် ထူးခြားတဲ့ နမိတ်များ…

တစ်စုံတစ်ဦးက သင့် အကြောင်း တွေးနေပြီဆိုရင် တွေ့ကြုံရမယ့် ထူးခြားတဲ့ နမိတ်များ တစ်စုံ တစ်ယောက် က သင့် အကြောင်း တွေးနေ တာကို သိနိုင်မယ် ထင်လား? သိရော သိချင်လား? ခုပြောပြမယ့် အချက်တွေက သင့်အကြောင်းကို တစ်ယောက်ယောက်ကေ တွးနေတဲ့အခါ သင့်မှာ ခံစားနေရမယ့် လက္ခဏာတွေဖြစ်ပါတယ်။ သင့်အကြောင်း တွေးတယ် ဆိုတာမှာ သင့်ကို ချစ်လို့ဖြစ်စေ မုန်းလို့ဖြစ်စေ တွေးနေနိုင် ပါတယ်။ တကယ်လို့သင့်ကို ရန်ပြုဖို့ထိတွေးနေ တယ်ဆိုရင် ဒီအချက်လေးတွေ ကိုသိထားတော့ သင်သတိထားနိုင်တာပေါ့.ကဲ..ဘယ်လိုတွေခံစားရမလဲ ဘာတွေလဲ ဆိုတာကြည့်လိုက်ရအောင်.. နှာချေခြင်း ဒီယုံကြည်မှု ကတော့ အာရှနိုင်ငံတွေ မှာ အမြစ်တွယ်နေတဲ့ ယုံကြည်မှုလေးပါနော်.. တစ်စုံ တစ်ဦးက သင့်အကြောင်းတွေးနေတဲ့ အခါ သင့်နှာခေါင်းဟာ ယားယံစပြုလာပြီး […]