စက်သုံးဆီဆိုင်များ ကြိုတင်စီမံထားရမည်ဖြစ်ပြီး ဆီပြတ်သည်ဟုကြေငြာလျှင် အရေးယူမည်ဟုဆို
စက်သုံးဆီများဆီပြတ်လျှင်အရေးယူမည်ဟု စစ်ကောင်စီ၏စက်သုံးဆီအသင်းကခြိမ်းခြောက် စက်သုံးဆီဆိုင်များတွင် ဆီပြတ်လပ်ပါက အရေးယူခံရမည်ဟု စစ်ကောင်စီထိန်းချုပ်ထားသည့် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း (MPTA) က ယနေ့(ဇွန် ၁၃ရက်)တွင်ထုတ်ပြန်ခြိမ်းခြောက်သည် တိုင်းနှင့်ပြည်နယ်များတွင် စက်သုံးဆီမပြတ်လပ်စေရန် ပြည်ပမှ ဆီတင်သွင်းသည့် ကုမ္ပဏီများ၊ ဆိပ်ကမ်းကုမ္ပဏီများ၊ ဆီဆိုင်များအနေဖြင့် ဆောင်ရွက်ထားရမည်ဟု MPTAက ဆိုသည် စက်သုံးဆီုတွင်ဆီပြတ်လပ်ပါက အချိန်နှင့်တပြေးညီတင်ပြရမည်ဖြစ်ပြီး မဆောင်ရွက်ပါကအရေးယူမည်ဟု MPTAက ဆီလုပ်ငန်းရှင်များကို ဖိအားပေးခြိမ်းခြောက်ထားသည် ထိုကန့်သတ်ချက်သည် လုပ်ငန်းရှင်များအတွက်အခက်အခဲဖြစ်စေပြီးစီးပွားရေးလုပ်ငန်းကိုအာဏာနှင့်ခြိမ်းခြောက်ခြင်းဖြစ်သည်ဟု ဆီဆိုင်လုပ်ငန်းရှင်တစ်ဦးကပြောသည် မကိုက်လို့ (မမြတ်ဘဲ…