June 21, 2022

ခေါင်းလျှော်ပြီးခါစမှာ အိပ်ယာပေါ်လှဲအိပ်တတ်တဲ့ ပျိုမေလေးတွေသတိထားသင့်တဲ့ အန္တရာယ်

ညအိပ်ခါနီးခေါင်းလျှော်ပြီး ဆံပင်ရေမခြောက်ဘဲ ရေစိုကြီးနဲ့အိပ်ရာဝင်တာက ကျန်းမာရေးနဲ့အလှအပအတွက် လုံးဝမကောင်းပါဘူး အထူးသဖြင့် အမျိုးသမီးတွေအတွက်ပါ ဆံပင်ရေစိုကြီးနဲ့ ဘာလို့အိပ်ရာမဝင်သင့်လဲဆိုတော့ ဒီလို ဆိုးကျိုးတွေကြောင့်ဖြစ်ပါတယ် ၁ ဦးရေပြားကိုထိခိုက်စေခြင်း ဆံပင်ရေစိုကြီးနဲ့အိပ်ရာဝင်လိုက်တဲ့အခါ ဦးခေါင်းရဲ့အပူချိန်နဲ့ပေါင်းစပ်ပြီး ဘက်တီးရီးယားတွေပေါက်ဖွားနိုင်ပြီး ဦးရေပြားယားယံခြင်း အနံ့အသက်ဆိုးတွေထွက်ခြင်းကိုဖြစ်စေတဲ့အပြင် ကြာလာတဲ့အခါ ဦးရေပြားမှာ အနာတွေဖြစ်လာနိုင်ပါတယ် ၂ ဆံပင်တွေကိုခြောက်သွေ့ကျိုးကြေစေခြင်း ဆံပင်သားတွေက ရေစိုနေချိန်မှာ ပိုပြီး ပျက်စီးလွယ်ပါတယ် ဆံပင်မခြောက်ဘဲ အိပ်ရာဝင်လိုက်တဲ့အခါ ဆံသားတွေကို ဖိချေလိုက်သလိုဖြစ်စေတာကြောင့် ဆံပင်တွေကို ခြောက်သွေ့ကျိုးကြေစေပြီး ဆံပင်တွေဖွာစေပါတယ် ၃…