အေထြအေထြဗဟုသုတ
ညအိပ်ချိန်မှာ ဘရာဇီယာချွတ်အိပ်သင့်သလား ? မိန်းခလေးတိုင်းကို ဖတ်စေချင်ပါတယ်
မိန်းကလေးအချို့က ဘရာဇီယာကို အချိန်တိုင်း၊ အချိန်ပြည့် ဝတ်ထားရတာကိုပဲ သက်တောင့်သက်သာ ရှိတယ်လို့ ဆိုပါတယ်။ ဘရာဇီယာက ရင်သားတွဲကျခြင်းနှင့် ရင်သားပုံ မကျခြင်းတို့မှ ကာကွယ်ဖို့ အတွက် အမြဲ ဝတ်ထားသင့်တယ် ဆိုပေမယ့်လည်း ညအိပ်တဲ့ အခါမှာတော့ မဝတ်သင့်ပါဘူးနော်။ ညအိပ်တဲ့ အခါမှာ ဘရာဇီယာ ဝတ်အိပ်ခြင်းကြောင့် ကျန်းမာရေး အတွက် ဘယ်လို ဆိုကျိုးတွေ သက်ရောက်နိုင်လဲ ဆိုတာကို သိရှိနိုင်ဖို့ အတွက် ဝေမျှပေးလိုက်ပါတယ်နော်။ (၁) ညအိပ်ချိန်မှာ တင်းကြပ်နေတဲ့ ဘရာဇီယာ ဝတ်အိပ်ခြင်းကြောင့် သွေးလည်ပတ်မှုကို အနှောင့်အယှက် ဖြစ်စေပြီး ရင်သား ကြီးထွားမှုကို နှောင့်နှေးစေပါတယ်။ ဒါ့အပြင် ဟော်မုန်းဓာတ် မညီညွတ်ခြင်းကြောင့် စိတ်ခံစားမှု အတက်အကျ မြန်ခြင်း စတဲ့ ကျန်းမာရေး ဆိုးကျိုးတွေ ဖြစ်ပေါ်နိုင်တာကြောင့် ညဘက်အိပ်တဲ့ […]
အလှပရေးရာ
လူပိန်ချင်တာမျိုး မဟုတ်ပဲ ဗိုက်ခေါက်အဆီ၊ ခါးဆီ၊ ကျောဆီလို အဆီပိုတွေပဲ ကျချင်တယ် ဆိုသူများအတွက် ဆေးနည်းကောင်း…
လူပိန်ချင်တာမျိုး မဟုတ်ပဲ ဗိုက်ခေါက်အဆီ၊ ခါးဆီ၊ ကျောဆီလို အဆီပိုတွေပဲ ကျချင်တယ် ဆိုသူများအတွက် ဆေးနည်းကောင်း… အချိန်မကုန် လွယ်ကူသက်သာတဲ့ နည်းလမ်း ဖြစ်ပေမယ့် နည်းလမ်းမှန်မှန်နဲ့တော့ ဇွဲရှိရှိ လုပ်ရပါမယ်။ ပါဝင်ပစ္စည်း များကတော့…သံပုရာသီး တစ်လုံး ဂျင်း လက် တစ်ဆစ်ခန့် နဲ့ ပျားရည် ၂ ဇွန်းခန့်ပထမဆုံး သံပုရာသီး နဲ့ဂျင်းလက် တစ်ဆစ်ကို အခွံမခွါပဲ ရေစင်စင် ဆေးပါပြီးလျှင် နှစ်မျိုးလုံးကို အကွင်းလိုက် ပါးပါးလေး လှီးပေးပါ။ ကော်ဖီ တစ်ခွက်စာ အဖုံးပါသော ကြွေ သို့ဖန်ခွက် တစ်ခွက်ထဲသို့ထည့်ပြီး ပျားရည် ထမင်းစားဇွန်း ၂ ဇွန်းထည့်ပါပြီးရင် ရေနွေးဆူဆူ (လက်ဖက်ခြောက်မပါ ရိုးရိုးရေနွေး) လူပိန်ချင်တာမျိုး မဟုတ်ပဲ ဗိုက်ခေါက်အဆီ၊ ခါးဆီ၊ ကျောဆီလို အဆီပိုတွေပဲ […]
အထွေအထွေဗဟုသုတ
“သင့်အလုပ်အတွက် အင်တာဗျူးဖြေတဲ့အခါ ဘယ်တော့မှ မပြောသင့်တဲ့ စကား (၁၂) ခွန်း”
သင်အလုပ် အင်တာဗျူးဖြေနေစဉ် ဘာတွေပြောသင့်သလဲဆိုတဲ့ အကြံအဉာဏ်များစွာရှိပါတယ်။ ဘာတွေကို မပြောသင့်သလဲ ဆိုတာကတော့… အလုပ်အင်တာဗျူးနေစဉ် ဘယ်တော့မှ မပြောသင့်သည့် စကားများ… ၁။ စိတ်မကောင်းပါဘူး။ ကားလမ်းပိတ်တာ အရမ်းဆိုးတာပဲ။ ရှောင်ကျဉ်နိုင်မည့်နည်းလမ်းများအနေနဲ့… အင်တာဗျူးဖြေရန် ချိန်းဆိုထားသည့် အချိန်ထက် ၁၀ မိနစ်ခန့် စောရောက်အောင် သွားပါ။ ကားလမ်းပိတ်ခြင်းနှင့် ရာသီဥတုဆိုးရွားမှုကြောင့် ဖြစ်ပေါ်လာနိုင်သော ကြာချိန်များကို ထည့်တွက်ထားပါ။ ၂။ လျှောက်လွှာ ထပ်မယူလာဘူး။ HR ဌာနမှာ အလုပ်လျှောက်လွှာ တစ်စုံ ပေးထားပြီးသားပါ။ HR ဌာနကနေ ရထားပြီးပြီထင်လို့။ အင်တာဗျူး သွားတဲ့အခါ သင်နဲ့အတူ အလုပ်လျှောက်လွှာ(CV) အပိုတစ်စုံ ယူသွားရပါမယ်။ ဒါမှသာ အင်တာဗျူးမေးမည့်သူက တစ်ယောက်ထက်ပိုလာတဲ့အခါမှာ သင့် အလုပ်လျှောက်လွှာ (CV) ကို တစ်စုံထက်ပို လိုအပ်လာနိုင်ပါတယ်။ ကြည့်ရှုရ […]
အေထြအေထြဗဟုသုတ
လှိုင်းလုံးတွေ ဘယ်လောက်ထန်ထန် တန်ခိုးတော်ကြောင့် ပျက်ဆီးသွားခြင်း မရှိတဲ့ စေတီတော်(ကံထူးသူသာ ဖူးမြော်ခွင့်ရတာပါ)
ၾကားသိရသမွ်
စက်ဘီးကလေးတစ်စီးနဲ့ ဓာတ်ဆီရောင်းနေတဲ့ ဘဘကို ဘာကြောင့် ငိုနေတာလဲမေးကြည့်မိလိုက်သောအခါ…
မုံရွာမြို့ရဲ့ အထင်ကရဆီဆိုင်ကြီးအနီးရှေ့မှာ စက်ဘီးလေးတစ်စီးနဲ့ ဓာတ်ဆီရောင်းနေတဲ့အဘိုးအိုဟာ အသက် ၇ဝ ကျော်နေပြီဆိုတဲ့အသိတခုနဲ့တင် ကိုယ့်အဘိုးသာဒီလိုပင်ပန်းစွာ ဘဝရဲ့နောက်ပိုင်းအချိန်တွေမှာကျော်ဖြတ်ခဲ့ရသူဖြစ်ခဲ့မယ်ဆိုရင် စိတ်မကောင်းဝမ်းနည်းပြီးငိုမိတယ်။ သမီးလေးတစ်ယောက်ရှိပေမဲ့ သမီးလေးဦးနှောက်လေးက စိတ်သိပ်ပုံမှန်မဟုက်တော့ အလုပ်လုပ်စားလို့မရတော့ အဲ့အဘကပဲဓာတ်ဆီလေးရောင်းရင်းနဲ့ ဘဝကိုရပ်တည်နေတယ်။ တခြားလက်မှုလုပ်ငန်းလဲ မတတ်မြောက်လူငယ်လူရွယ်တွေလိုလဲ အလုပ်ကြမ်းလုပ်ကိုင်နိုင်တဲ့ အရွယ်မဟုတ်တဲ့အဘဟာ ကျနော်နဲ့အမြဲကြုံတိုင်းအဲ့အဘဆီမှာ ပဲထည့်ဖြစ်တာ နှစ်အတော်ကြာပြီ ဟိုးနှစ်တွေကတော့ အဲ့အနီးမှာ Donko ဆီဆိုင်ကြီးမရှိတော့ အဲ့အဘရောင်းကောင်းလောက်ပါတယ်။ခုတော့အဲ့နားတစ်ဝိုက် မလှမ်းမကမ်းလေးမှာ ဆီဆိုင်ကြီးရှိတော့ လူတွေကသိပ်မထည့်ကြတော့ဘူး ဆီဆိုင်ကြီးတွေကပိုရတယ်ဆိုပြီး ဆိုင်ကြီးတွေမှာထည့်ကြတာပဲများတယ် ပြောချင်မိတာကဆိုင်ကြီးတွေ ဆီမှာထည့်လို့ပိုရလှမှ အများဆုံးသုံးရာဖိုးလောက်ပေါ့ ဆီပိုရတာကိုပဲမကြည့်ပဲ.. ဒီအဘဆီမှာပဲထည့်ကြမယ်ဆိုရင် စားဝတ်နေရေးအတွက် တစ်ဖက်တလမ်းကနေ ကူညီရာရောက်ပါတယ် ငွေဖြင့်သက်သက်မကူညီနိုင်ပေမဲ့ ကျုပ်ကတော့ကြုံတိုင်းအဲ့အဘဆီမှာပဲထည့်တယ် အားပေးတဲ့သဘောမျိုးပါ ဆီဆိုင်ကြီးတွေထည့်ရင် ဆီပိုရမှန်းသိပေမဲ့ တက်နိုင်တဲ့ဘက်က ကူညီပေးရာရောက်လို့ပါ တစ်နေ့ကိုအနည်းဆုံး လူဆယ်ဦးထည့်အုံးအဘတွက်စားဝတ်နေရေးအဆင်ပြေလောက်မှာပါ မုံရွာမြို့မှာဒီလောက်ဆိုင်ကယ်တွေပေါးပြီးထွတ်နေကြပေမဲ့ အဲ့အဘဆိုင်လေးကြည့်မိတိုင်း ထည့်သူကိုမတွေ့တော့ စိတ်မကောင်းဘူး ဟိုနေ့ကအပြင်သွားရင်းဝင်ထည့်တာ […]
အေထြအေထြဗဟုသုတ
“သင့်ကို တန်ဖိုးမထားတဲ့ချစ်သူကို နောင်တရသွားအောင်လုပ်နိုင်မယ့် နည်းလမ်း(၅)မျိုး”
“သင့်ကို တန်ဖိုးမထားတဲ့ချစ်သူကို နောင်တရသွားအောင်လုပ်နိုင်မယ့် နည်းလမ်း(၅)မျိုး” ကိုယ့်ဘက်က ချစ်နိုင်သလောက် ချစ်ပေးခဲ့ပေမယ့် ကိုယ်ချစ်မှန်းသိလို့ အနိုင်ယူပြီး ကိုယ့်အချစ်တွေကိုတန်ဖိုးမထားဘဲ ပစ်ချ ခဲ့တဲ့ သူမျိုးနဲ့ကြုံ ရတဲ့ အခါ ဒီအတွက် ပြိုလဲခံစားမနေပါနဲ့။ ကိုယ့်အချစ်တွေကို တန်ဖိုးမထား ခဲ့တဲ့ သူအတွက် ကိုယ့်ကိုယ်ကို ထိခိုက် မခံဘဲ သူတို့တွေနောင်တရသွားအောင် ဒီလို နည်းလေးတွေနဲ့ တုံ့ပြန် လိုက်ပါ။ (၁) ဂရုမစိုက္ပါနဲ့ ကိုယ်ချစ်တာတွေကို သူတန်ဖိုး မထားမှန်း သိပြီ ဆိုတာနဲ့ သူ့ကို တွယ်ကပ်နေ တာထက် ဂရုမစိုက်တာက ပိုကောင်းပါတယ်။ သူ့ရဲ့အပြုအမူတွေ၊ အချိုးတွေနဲ့ ပတ်သက်လို့ သင့်ဘက်က လုံးဝ ဂရုမစိုက် ဘူးဆိုတာ သူသိအောင် ပြသပါ။ ဒါမှ သင့်ရဲ့တန်ဖိုးကို သူ့ဘက်က နားလည် လာမှာပါ။ […]
အေထြအေထြဗဟုသုတ
သွေးထွက်အောင်မှန်လွန်းလှတဲ့ ရှေးလူကြီးတွေပြောခဲ့တဲ့ အတိတ်တဘောင်များ
ရှေးလူကြီးတွေပြောခဲ့တဲ့ အတိတ်တဘောင်တွေမှန်ပုံကတော့ ဒီနေ့ခေတ်ကို ဘေးကနေထိုင်ကြည့်ပြီး ပြောနေသလားမှတ်ရတယ်ဗျာ။ ကွက်တိကိုမှန်နေတော့တာပဲ။ အဲဒါကြောင့် “အတိတ်တဘောင်ဆိုတာ နိမိတ်ဆောင်တယ်” ဆိုတဲ့စကားပုံ ပေါ်လာတာဖြစ်ရမယ်ဗျ။ ရှေးလူကြီးတွေရဲ့ အမြင်စူးရှပုံကတော့ချီးကျူးဖို့ကောင်းပါတယ်။ရှေးလူကြီးတွေပြောခဲ့တဲ့ အတိတ်တဘောင်တွေကို အောက်ပါအတိုင်းဖော်ပြ လိုက်ရပါတယ်ခင်ဗျာ။ (၁)တရားကိုတေးဆို၊ အဖေကိုသားကဆဲ။ (၂)ဆွေမျိုးထဲကဓါးပြတိုက်၊ မိုက်လျှင်သောတာပန်။ (၃)မကောင်းကြံလျှင်သမာဓိ၊ ရွှေရှိမှလူလိမ္မာ။ (၄)လိမ်နိုင်မှသစ္စာရှင်၊ ပညာရှင်ကိုပယ်၍ထား။ (၅)အချစ်ဆုံးကသစ္စာပျက်၊ ရိုးသားသူကိုအရူးဆို။ (၆)အပျိုငယ်ကလင်နေစော၊ အင်္ကျီပါးနဲ့ဥပုသ်သည် ဇရပ်အလယ်ကို့ယို့ကားယား၊ အမျိုးသမီးကောင်းကပိုက်ဆံရှာ။ (၇)အပျိုမဖြစ်ခင်ကရည်းစားထား၊ ဆင်းရဲသားကသူဌေးယောင်ဆောင်။ (၈)အဝတ်ပြောင်မှလူရိုသေ၊ လင်ရှိမယားကအပျိုလုပ်။ (၉)မသာပို့ရင်းအပျိုလှည့်၊ အလှူပေးရင်းထမင်းရောင်း။ (၁၀)ဆယ်နှစ်သမီးကအိမ်ထောင်ကျ၊ ဆယ်အိမ်ခေါင်းကစိတ်ကြီးဝင်။ (၁၁)ပွဲသဘင်ပါမှအလှူဖြစ်၊ စာမတတ်သူကတရားပြ။ (၁၂)ဇာတ်သမားမှလူခေါ်ချင်၊ သူတော်စင်ကိုပယ်၍ထား။ (၁၃)ကြွေးပေးသူကကျွန်နဲ့တူ၊ ကြွေးယူသူကသခင်ဖြစ်။ (၁၄)မုန့်ပေးလျှင်ကျမ်းဂန်တတ်၊ ရွှေကပ်သည့်ဘုရားမှလူရိုသေ။ (၁၅)အဖေအမေကကျွန်နဲ့တူ၊ သားသမီးကသခင်ဖြစ်။ (၁၆)ခေတ်ကြီးကိုတော့အပြစ်ဆို၊ မိမိကိုယ်တော့အကောင်းပြော။ (၁၇)ဂုံးတိုက်လျှင်ကျေးဇူးရှင်၊ ဖြောင့်မတ်လျှင်လူမသုံး။ (၁၈)သီလယူရင်းမျက်စပစ်၊ သူတော်ကောင်းတို့ တရားပျက်ကြလေပြီ။ရှေးစာဆိုတို့၏ […]
ပြည်တွင်းသတင်း
မွန်ပြည်နယ်၊ သံဖြူဇရပ်ရဲစခန်းကို တို-က်ခို က်မှု ရဲ ၂ ဦးေ-သဆုံးပြီး လာရောက်ပ-စ်ခ တ်သူတစ်ဦး ၁ ဦးကျဆုံး
ရန်ကုန်၊ ဩဂုတ် ၁၈ မွန်ပြည်နယ်၊ သံဖြူဇရပ်ရဲစခန်းကို ဩဂုတ်လ ၁၇ ရက်နေ့ ည ၇ နာရီကျော်အချိန်တွင် သေနတ်သမား ၄ ဦးက လာရောက်ပစ်ခတ်ရာ ရဲ ၂ ဦးသေဆုံးသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဩဂုတ်လ ၁၇ ရက်နေ့ ည ၇ နာရီကျော်အချိန် သံဖြူဇရပ်ရဲစခန်းကို ဆိုင်ကယ်များဖြင့် လာရောက်ပစ်ခတ်ခြင်းဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကြောင်း၊ ရဲစခန်းအတွင်းမှ ရဲ ၂ ဦးသေဆုံးပြီး လာရောက်ပစ်ခတ်သူ ၁ ဦးမှာမူလည်း ကျဆုံးကြောင်း သိရှိရသည်။ “အပြန်အလှန်ပစ်ကြတာ။ သေနတ်သံတွေ တဒိုင်းဒိုင်းပဲ။ ဒီမနက်ကြားတာကတော့ ရဲ ၂ ဦးသေပါတယ်။ သေနတ်သမားတစ်ဦးလည်း ကျည်ထိပြီး အလောင်းကျန်ခဲ့တယ်ပြောတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ မွန်ပြည်နယ်၊ သံဖြူဇရပ်ရဲစခန်းကို […]
အထွေအထွေဗဟုသုတ
ခန္ဓာကိုယ် သွယ်လျလှပဖို့အတွက် ဂျပန်လူမျိုးတွေရဲ့ အရိုးရှင်းဆုံးနည်းလမ်းကောင်း (၆) မျိုး
ဂျပန်လူမျိုးတွေဟာ ကျန်းမာရေးနဲ့ အလှအပ ကို ဦးစားပေးတဲ့လူမျိုးတွေဖြစ်ပြီး ပိန်သွယ်လှပတဲ့ခန္ဓာကိုယ် ကြည်လင် တဲ့အသားအရေမျိုးရအောင် ဂရုစိုက်တတ်တဲ့လူမျိုးတွေဖြစ်ပါတယ်။ အစားအသောက်ကို ကျန်းမာရေးနဲ့ညီညွှတ်အောင် စားတဲ့အပြင် အဆီမတက်အောင်လည်း သေချာဂရုစိုက်ကြပါတယ်။ ဒါကြောင့် ပျိုမေတို့အတွက် ဂျပန်လူမျိုးတွေရဲ့ ကိုယ် အလေးချိန်မတက်အောင် စားသောက်နေထိုင်နည်းလမ်းလေးတွေ ကို မျှဝေချင်ပါတယ်။ ကျန်းမာ၊ လှပတဲ့ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ဖို့ ဒါလေးတွေကို နေ့တိုင်းလိုက်နာလိုက်ပါနော် (၁) အချိန်ယူစားသောက်ပါ အစားအသောက်စားတဲ့အခါ အချိန်သေချာမပေးဘဲ ကတိုက်ကရိုက်စားတာက ကိုယ်အလေးချိန်တက်ခြင်းရဲ့ အဓိက တရားခံဖြစ်ပါတယ်။ ဒါကြောင့် အစားစားဖို့အတွက် အနည်းဆုံးနာရီဝက်လောက် အချိန်ပေးသင့်ပါတယ်။ တခြားလုပ်စရာအလုပ်တွေကို မြန်မြန်သွက်သွက်လေး လုပ်ပြီး မနက်စာ၊ နေ့လည်စာ၊ ညနေစာတို့ကို သေချာအချိန်ယူပြီးစားပါ။ (၂) နေ့စဉ်နေ့တိုင်းတူညီတဲ့ပမာဏကိုစားပါ နောက်ထပ်အံ့သြစရာကောင်းတဲ့ အချက်က အစားစားတဲ့အခါ နေ့တိုင်းတူညီတဲ့ ပမာဏကိုပဲစားတာက ကိုယ်အလေးချိန်ကို လျော့ကျစေနိုင်ပါတယ်။ […]
အေထြအေထြဗဟုသုတ
သင့်အိမ်မှာ ငှက်ပျောပင်ရှိတယ်ဆိုရင် ထီပေါက်သလို ပျော်လိုက်ပါ သင့်အိမ်မှာ ငှက်ပျောပင်ရှိတယ်ဆိုရင် ထသာခုန်လိုက်တော့ သင်ထင်မထားတဲ့ ငှက်ပျောရွက်ရဲ့ အကျိုးအာနိသင် ငှက်ပျောရွက်က စားစရာတစ်ခုမဟုတ်သလို ဆေးဖက်ဝင်မယ်လို့လည်း ဘယ်သူမှထင်ထားလောက်မှာမဟုတ်ပါဘူး။ ထုပ်ပိုးမှုအတွက် သုံးတာကလွဲလို့ ငှက်ပျောရွက်ကို စားဖို့ ဒါမှမဟုတ် ဆေးဖက်ဝင်တဲ့အရာတစ်ခုအနေနဲ့ အသုံးပြုလို့ရမယ်ရယ်လို့ ထင်မထားဘူးဟုတ်။ ချောင်းဆိုးရင်ကြပ်- ငှက်ပျောရွက်ကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ရင်ကြပ်ချောင်းဆိုးသက်သာစေဖို့အတွက် အသုံးပြုခဲ့ကြတာပါ။ လေ့လာမှုတွေအရ ငှက်ပျောရွက်ဟာ ကိုယ်ခံအားကိုတိုးစေနိုင်သလို၊ ချေင်းဆိုးသက်သာစေပြီး နာကျင်ရောင်ရမ်းမှုကို လျော့ပါးစေနိုင်ပါတယ်။ အသက်ရှုလမ်းကြောင်း အထက်ပိုင်းမှာရောဂါပိုးတွေ ဝင်ရောက်ကူးစက်တာကိုလည်း အထိရောက်ဆုံး သက်သာစေနိုင်ပါတယ်။အအေးမိဖျားနာတာကိုဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေ ဗိုင်းရပ်စ်တွေကို တိုက်ဖျက်နိုင်တဲ့ အာနိသင်ရှိပါတယ်။ ချွဲတွေကိုပျော်စေနိုင်ပြီး လည်ချောင်း ယားယံခြင်းကို သက်သာစေနိုင်ပါတယ်။ ငှက်ပျောရွက်ကို အရည်ညှစ်ပြီး ရေနဲ့ရောလို့ ၁၀ မိနစ်လောက်ကျိုပေးပါ။ ပြီးရင်ပျားရည်လေးနဲ့ရောပြီး သောက်ပေးလို့ရပါတယ်။ လေပြွန်ရောင်ရမ်းနာ- သင်မှာ […]