အိပ်ရာဝင်ခါနီးမှာ လုံးဝ မပြုလုပ်သင့်တဲ့ အချက် (၁၀)ချက်….. (၁) အိမ်မွေး တိရစ္ဆာန်များနှင့်အတူ အိပ်ခြင်း”…..အိမ်မွေးတိရစ္ဆာန်များ၏ အိပ်စက်သည့် အချိန်သည် သာမန်လူများ အိပ်စက်ချိန်ထက် ပို၍ တိုတောင်း သောကြောင့် သင့်ကို အိပ်ရေးပျက် စေပါတယ်။ အိမ်မွေး တိရစ္ဆာန်များ၏ အမွှေးများကလည်း သင့်ရဲ့ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေ နိုင်ပါတယ်။ (၂) ရေနွေးပူ စိမ်ချိုးခြင်း”…ရေနွေးပူ စိမ်ချိုးခြင်းက အိပ်စက်ခြင်းကို အနှောင့်အယှက် ဖြစ်စေပါတယ်။ ထို့အပြင် ရေနွေးပူကို (၁၀)မိနစ်လောက် ပို၍ ကြာကြာစိမ်ချိုးပါက သင့်ရဲ့ သဘာဝအပေါ်ယံ အရေပြားကို ထိခိုက်စေပါတယ်။ (၃) စိုးရိမ်စိတ် လွန်ကဲခြင်း”…အိပ်ရာမဝင်ခင် သတင်းကြည့်ခြင်း (သို့)တစ်ယောက်ယောက်နှင့် ရန်ဖြစ်ခြင်းက အိပ်စက်ခြင်းကို ထိခိုက်စေပါတယ်။ ထိုမျှမက အပျော်လွန် ကဲခြင်းသည်လည်း အိပ်စက်ခြင်းကို အနှောင့်အယှက် […]
Day: August 29, 2022
အကြောညပ်၊အဆစ်လွဲ၊ ခန္ဓာကိုယ်အတွင်းပိုင်းနာကျင်မှုဟူသမျှအပြင် လေဖြတ်လူနာတောင် နှစ်ပတ်မကြာ လမ်းပြန်လျှောက်နိုင်တဲ့နည်း ညောင်းညာကိုက်ခဲလို့ပဲဖြစ်စေ ၊ အကြောညပ်လို့ပဲဖြစ်စေ ၊ အရိုးအကြောအဆစ်အမြစ် ကိုက်ခဲနာကျင်ခြင်းပဲဖြစ်စေ ခန္ဓာကိုယ်အတွင်းပိုင်းနာကျင်မှုဟူသမျှအတွက် အထူးကောင်းမွန်တဲ့အိမ်တွင်းသုံးလိမ်းဆေးလေးပါ။ ကျွန်တော့််အဖေ လေဖြတ်တာ သုံးခါ။ လေဖြတ်တာကိုသိတာနဲ့ အဲ့ဒီဆေးဖော်ပြီးလိမ်းပေးပါတယ်။ နှစ်ပတ်မကြာဘူး။ လမ်းပြန်လျှောက်နိုင်ပါတယ်။ စိတ်ရှည်လက်ရှည်နဲ့ပြုစုဖို့တော့လိုပါလိမ့်မယ်။ ထိခိုက်ပြတ်ရှဒဏ်ရာတွေ သွေးထွက်လွန်ရင်လည်း ဆေးရည်အနည်းငယ်လောင်းရုံနဲ့ သွေးတိတ်နိုင်ပါတယ်။ အိမ်တွင်းသုံး ဘက်စုံလိမ်းဆေးကြီးပြုလုပ်ပုံကတော့… အရက်ဆီ ၊ဒီဇယ်ဆီ ၊နှမ်းဆီ ၊ရှောက်သီး….. အရည်ကိုညှစ်ယူရပါမယ်။ အထက်ပါအရည်များကို ဆတူရောနှောပါ။ ရှောက်သီးမှာပါတဲ့ အခွံကအစ အစေ့အဆုံး လွှင့်မပစ်ရပါ။ ထိုအရည်ထဲတွင်ရောထည့်ပါ။ ထိုအရည်များကို အဝကျယ်ဖန်ပုလင်းအတွင်းကိုထည့်ပါ။ အဝတ်ချုပ်အပ်ကလေးငါးချောင်းထည့်လိုက်ပါဦး။ ထို့နောက်နေပူူလှန်းပါ။ ပုလင်းထဲမှအပ်ကလေးအရည်ပျော်သွားချိန်တွင် စတင်အသုံးပြုလို့ရပါပြီ။ ပုလင်းအဝကျယ်သုံးစေခြင်းမှာ ပုလင်းထဲရှိရှောက်ခွံများကိုနှိုက်ယူနိုင်ရန်ဖြစ်သည်။ ဆေးလိမ်းလျှင် ထိုရှောက်ခွံကလေးများနှင့် နာကျင်သည့်နေရာကို အသားထဲစိမ့်ဝင်အောင် ပွတ်ပေးရပါမည်။ အကိုက်အခဲကြောင့် ဝေဒနာခံစားရသူများ အမြန်ဆုံးသက်သာပျောက်ကင်းကြပါစေ။ […]
မြန်မာပြည်မှာ အလကားရတဲ့အရွက်ကို အမေရိကားမှာ ၁၃ ဒေါ်လာနဲ့ ရောင်းနေလို့ ရှာဖတ်ကြည့်တဲ့အခါ..
အရမ်းကို အံ့ဩမိ ပါသည်.. ဖတ်ကြည့်ကြပါဦး.. ကျနော်တို့ နိုင်ငံမှာပေါများလှတဲ့ သရက်ရွက် Mango Leave ကို အမေရိကန်နိုင်ငံမှာ ၂ အောင်စ ကို ၁၃ ဒေါ်လာ 13$ နဲ့ရောင်းနေတာတွေ့ရတော့ ဘာတွေကောင်းလဲဆို google ခေါက်ကြည့်လိုက်ပါတယ် သူများတွေရောင်းနေတာ ကုန်ချောအဆင့်တောင်မဟုတ်ပါဖူးနော်.. သူများရောင်းတာထိုင်ဝယ်စားနေရမယ့် ခေတ်လဲ မဟုတ်တော့ပါဖူး. သရက်သီးအရွက်ဟာ သရက်သီးထက် အဟာရပိုများနေပါတယ်.. ဗီတာမင် အေ ဘီ စီနဲ့ antioxidant တွေကြွယ်ဝပါတယ်.. သရက်ရွက်ကို ဆေးဘက်ဆိုင်ရာမှာ ရေနဲ့ပြုတ်၍ဖြစ်စေ အရွက်ကိုအမှုန့်ပြုလုပ်ဖြစ်စေ အသုံးပြုနိုင်သလို အရှေ့တောင်အာရှမှာ ချက်ပြုတ်စားသောက်ကြပါတယ်.. ဆေးဘက်ဆိုင်ရာအနေဖြင့် ဆီးချိုရောဂါကို ထိန်းညိဖို့ သောက်သုံးကြပါတယ်.. ဒါအပြင် သွေးတိုးရောဂါ ထိန်းညိပေးပါတယ်.. စိတ်ရောဂါ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ကုသနိုင်ပါတယ်… အကျိတ်တွေနဲ့ ကင်ဆာရောဂါကြီးထွားမှုကို […]
FB ပေါ်မှာ အရမ်းဟော့နေတဲ့ ပုံလေးရဲ့ ယုံကြည်မှုတွေ ရဲရင့်မှုတွေပါတဲ့ မျက်ရည်ဝိုင်းရတဲ့အဖြစ်မှန် မူရင်းဓါတ်ပုံပိုင်ရှင် ကို Thiha Tun ရိုက်တဲ့ပုံလေး အရမ်းကြိုက်လို့ သိမ်းထားတာ ၃ နှစ်လောက်ရှိခဲ့ပြီ…တွ့တွေ့ချင်း လှောင်ပြီး ဟားတိုက်ရယ်မိတယ် …. ဒီလောက် ရူးရသလားပေါ့…. ပြီးမှကြည့်နေရင်း ကြည့်နေရင်းနဲ့ မရယ်ရက်တော့ပဲ မျက်ရည်ဝိုင်းလာမိတယ်။ အဲ့ကောင်မလေးနေရာ မှာ ကိုယ့်ပုံရိပ်ကို ပြန်တွေ့လိုက်ရသလို ၊အဲ့ကောင်မလေးနေရာမှာ အမျိုးသမီးတော်တော်များများရဲ့ပုံရိပ်ကို ပြန်တွေ့လိုက်ရသလို ခံစားမိလိုက်လို့ ပါပဲ ။ ကိုယ်တို့မိန်းမတွေ ရဲ့ မိုက်ရူးရဲဆန်မှု ၊စွန့်စားမှုတွေ ကိုအဲ့ဓာတ်ပုံထဲမှာ ပြန်မြင်နေရသလိုခံစားမိတယ် ။ ကိုယ်တွေက ကိုယ့်ကို လှမ်းဆွဲတဲ့ လက်တစ်စုံကို ယုံကြည်မိတဲ့အခါ ၊ စွန့်စားရဖို့ မကြောက်တော့တဲ့ ကမ္ဘာ့သတ္တိအရှိဆုံး လူသားတွေ ဖြစ်လာခဲ့တယ်။ ဒီလက်တစ်စုံဟာ ကိုယ့်အတွက် […]
တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီး ဟောစာ တမ်းအကျဉ်း
29.August .2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီး ဟောစာ တမ်းအကျဉ်း ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တော်သလင်းလဆန်း(၄)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။ ခရစ်နှစ် ၂၀၂၂ခုနှစ်၊ဩဂုတ်လ(၂၉)ရက်နေ့လဲ ဖြစ်ပါတယ်။ ဒီနေ့နံနက်(၅း၀၁)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၅၀)နာရီဖြစ်ပြီး၊ ညနေ(၆း၂၀)နာရီမှာ နေဝင် ပါတယ်။ ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။ တီထိမြေခံအရ ညနေ ၄နာရီအထိ အင်္ဂါမြေခံပြီး မကောင်းသေးတာမို့ အိုးအိမ်တိုက်တာ အဆောက်အဦးတွေ ဆောက်လုပ်မယ်၊တိုင်ထူမယ်ဆိုရင်တော့ ညနေ၄နာရီကျော် တနင်္လာမြေခံပြောင်းမှသာဆောင်ရွက်တာအကောင်း ဆုံးပါပဲ။ ဒီနေ့ဟာ နဂါးပေါ်ရက်၊ ဝါရမိတ္တုကြီး၊ ရက်ပုတ် ရက်ကျရောက်နေတာဖြစ်ပါတယ်။ ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ ၃လုံးဖြစ်ပြီးတော့ စွမ်းအားတွေ၊အင်အားတွေကိုပေးတဲ့ ဇယျာတီထိကျ […]
အသက်သုံးနှစ်အရွယ် ကလေးငယ်နှင့် အသက် ၂၄ နှစ်အရွယ် မိခင်တို့ ပြည်မြို့န၀ဒေးတံတားပေါ်မှ… see more
န၀ဒေးတံတားပေါ်မှ သုံးနှစ်အရွယ်ကလေးငယ်နှင့် မိခင်တို့ ခုန်ချသတ်သေမှုဖြစ်ပွား အသက်သုံးနှစ်အရွယ် ကလေးငယ်နှင့် အသက် ၂၄ နှစ်အရွယ် မိခင်တို့ ပြည်မြို့န၀ဒေးတံတားပေါ်မှ ယနေ့ ဩဂုတ်လ ၂၈ရက်နေ့ နေ့လည် သုံးနာရီခန့်တွင်ခုန်ချသတ်သေမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ပရဟိတပါရမီက ထုတ်ပြန်ထားသည်။ “သားအမိနှစ်ယောက်ဆိုင်ကယ်ရပ်တယ်။ ဆိုင်ကယ်ထားပြီး ကလေးနဲ့လာတယ်ပေါ့နော်။ ဓာတ်ပုံရိုက်တယ်ထင်တာပေါ့။ ကလေးလေးကို ချီပြီးတော့ ဒါပေမဲ့ ဓာတ်ပုံမရိုက်ဘဲ အဲ့ဒီလိုခုန်ချသွားတာပေါ့။ တွေ့တဲ့အချိန်မှာ ခုန်ချသွားတာမြင်တဲ့အတွက် သွားပြီးကြည့်တယ်။ တစ်ယောက်က အောက်ကိုဆင်းမေးပြီး ကယ်လို့ရမယ့်အနေအထားပေါ့နော် စက်လှေတွေ ဘာတွေငှားပြီးလိုက်သေးတယ်။ မရတော့တာ”ဟု ပရဟိတပါရမီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ည ၇ နာရီခွဲ ယခုသတင်းပေးပို့ချိန်အထိ အဖွဲ့ပေါင်းစုံကရှာဖွေခဲ့သော်လည်း သားအမိနှစ်ဦး၏ရုပ်အလောင်းကိုမတွေံရှိသေးပါ။ “ မျောတယ်လို့လည်းယူဆလို့ရတယ်။ ရေလည်းတအားတက်နေတော့လေ။ တံတားကနှစ်ခြမ်းရှိတာပေါ့။ အဲ့ဒီအခြမ်းက ခုန်ချပြီးတော့ ပြည် ရန်ကုန်လမ်းကိုသွားတဲ့အခြမ်းမှာ […]
ပေါင် ၃၆၀ လူဝကြီးကနေ ပေါင်၁၆၀ ကျော်အထိ ဝိတ်ကျလာရခြင်း နည်းလမ်းလေး…
ကျွန်တော် ခင်မင်လေးစားတန်ဖိုးထားရပါသော၊ ကျွန်တော်အား ခင်မင်ကြသော fbမှ ချစ်ဆုံး friendများ အတွက်ပါ။ ကိုအောင်ရေ တစ်ယောက်ထဲမှ ဟုတ်ရယ်လား မေးကြလွန်းလို့ပါ။ တအား ဝရာကနေ ပိန်ဖို့ မလွယ်သလို… ပိန်ရာကနေ ပြန်မဝဖို့ ထိမ်းရတာ အတော်ခက်ခဲပါတယ်။ ကျွန်တော် အရမ်းဝလာတဲ့ အကြောင်းရင်း စပြောရမယ်ဆိုရင်… ၈၈ အရေးခင်းမှာ သနတ်မှန်တာက စပြီး ပြန်ပြောပြရမှာပါခင်ဗျာ။ ဘာလိုလည်းဆိုတော့… အရင်က တအား ပိန်ပိန်လေးမို့ပါ။ နောက်မှ သွေးတွေ သွင်းရင်း ဝလာစပြုလာရတာမို့ပါ ခင်ဗျာ။ ကျွန်တော် နှိင်ငံရေးမလုပ်ပေမဲ့… ပရဟိတစိတ်နဲ့ သနတ်မှန်တဲ့လူနာတွေ သွား ကယ်ဆယ်ရင်း 20-9-1988 နေ့လည် ၁ နာရီမှာ ပခုက္ကူ မြို အ-လ-က(၁) ကျောင်းရှေ့မှာ ကျွန်တော်အပါဝင် သံဃာတော်များမှ […]
တစ်သက်လုံး မိတ်ဆွေဖွဲ့ထားသင့်တဲ့ လူ (၆)ဦး
Desktop နှင့် Laptop ဘာတွေကွာခြားလဲ.?
Desktop နှင့် Laptop ဘာတွေကွာခြားလဲ….? ကွန်ပျူတာ အသုံးပြုနေတဲ့သူတွေကြားထဲမှာ Desktop User နဲ့ Laptop User တွေအနေနဲ့ ဘယ်ဟာက ပိုကောင်းတယ်ဆိုတာ အခုအချိန်ထိ ငြင်းခုန်နေကြပါတယ်။ အက်ဒ်မင်က Desktop ရော Laptop ရော အသုံးပြုဖူးတာကြောင့် ဘယ်သူ ပိုကောင်းတယ်ဆိုတာထက် ဘာတွေ ကွာခြားသွားလဲဆိုတာကို အချက်လေးတွေနဲ့ ဒီနေ့မှာပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ကုန်ကျစရိတ် ကုန်ကျစရိတ်ပိုင်းမှာတော့ Desktop နဲ့ Laptop ဟာ ဈေးနှုန်း ကွာဟချက် အရမ်းကြီးမရှိဘဲ Desktop က အဓိကသာတဲ့ အချက်က ကိုယ့်သုံးမယ့် Performance ကို ချိန်ဆပြီး Hardware ပိုင်းကို စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။ ရုံးသုံး၊ အိမ်သုံးဖို့အတွက် ကွန်ပျူတာတစ်လုံးကို (CPU- i3, Ram […]
ဝိန့်ဆန်းရွှေဆိုင် ရွှေထည်ပစ္စည်း သိန်း ၃ ထောင်ကျော်ဖိုး ဓားပြတိုက်နေသည် (ရုပ်သံ)
ဝိန့်ဆန်းရွှေဆိုင် ရွှေထည်ပစ္စည်း သိန်း ၃ ထောင်ကျော်ဖိုး ဓားပြတိုက်ခံရ သြဂုတ်၂၈ ၊ ၂၀၂၂ မန္တလေးတိုင်း၊ မြင်းခြံခရိုင် ၊ မြင်းခြံမြို့၊ အမှတ်(၈) ရပ်ကွက်၊ စည်ပင်သာယာဈေးကြီး တောင်ဘက်မှာရှိတဲ့ ဝိန့်ဆန်း ရွှေရတနာဆိုင်ဟာ ယမန်နေ့ နေ့လယ်ပိုင်းက ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းမျိုးစုံ သိန်း ၃ ထောင်ကျော်ဖိုး ပါသွားတယ်လို့ မြင်းခြံမြို့တွေဆီက သိရပါတယ်။ ” မျက်နှာဖုံးနဲ့လူ ၄ ယောက်က ဆိုင်ကယ် ၂ စီးနဲ့ ဆိုင်ကိုရောက်လာတယ်၊ ဆိုင်က လုံခြုံရေးဝန်ထမ်း ၂ ယောက်ကို သေနတ်နဲ့ ဓားမြှောင် အသုံးပြုပြီး လက်မြှောက်ထိုင်ခိုင်းထားတယ် ၊ နောက်ပြီး ရွှေရတနာတွေ ခင်းထားတဲ့ မှန်ကောင်တာကို ရိုက်ခွဲပြီး ရွှေအလေးအချိန် ၁ ပိသာကျော် ရွှေထည်ပစ္စည်းမျိုးစုံကို […]