သတင္း

ထိချက်လှတာ မီးခိုးတွေအူထွက်သွားပြီ (ရုပ်/သံ)

ဧရာဝတီမြစ်ထဲဆန်တက်နေတဲ့ စစ်အုပ်စုသင်္ဘောတွေကို တိုက်ခိုက်၊ သင်္ဘောတစ်စီးထိမှန ဧရာဝတီမြစ်ထဲ ဆန်တက်နေတဲ့ စစ်အုပ်စုသင်္ဘောတွေကို သပိတ်ကျင်းမြို့နဲ့ ကျောက်မြောင်းကြားမှာ လက်နက်ကြီးလက်နက်ငယ်တွေနဲ့တိုက်ခိုက်ခဲ့ရာ သင်္ဘောတွေထိခိုက်ပျက်စီးတာတွေရှိတယ်လို့ သပိတ်ကျင်းတိုက်နယ် ပကဖ (ဗိုလ်လင်းယုန်တပ်ဖွဲ့ )က MFP ကိုပြောပါတယ်။ ဧရာဝတီမြစ်ထဲဆန်တက်နေတဲ့ စစ်အုပ်စုရဲ့ ထောက်ပို့ သင်္ဘောခြောက်စီးကို သပိတ်ကျင်းမြို့နဲ့ ကျောက်မြောင်းကြားမှာ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး သင်္ဘောတစ်စီးထိမှန်ခဲ့ကာ စစ်အုပ်စုဘက်ကထိခိုက်တာတွေရှိနိုင်တယ်လို့ဆိုပါတယ်။ စစ်အုပ်စုသင်္ဘောတွေကို ဦးဆောင်တိုက်ခိုက်ခဲ့တဲ့ သပိတ်ကျင်းတိုက်နယ် ပကဖ(ဗိုလ်လင်းယုန်တပ်ဖွဲ့)အဖွဲ့ခေါင်းဆောင်ကတော့ တိုက်ခိုက်ရာမှာ ပိုမိုထိရောက်တဲ့ တိုက်ခိုက်မှုတွေလုပ်ဆောင်ဖို့ကတော့ လိုအပ်ချက်တွေရှိနေသေးတယ်လို့ MFP ကိုပြောပါတယ် တိုက်ခိုက်ခံရတဲ့ စစ်အုပ်စုသင်္ဘောတွေဟာ သပိတ်ကျင်းဆိပ်ကမ်း‌ ရောက်ရာမှာတော့ သပိတ်ကျင်းဆေးရုံက လူနာတင်ကား (၂)စီးရောက်ရှိလာပြီး ကျောက်ကြီးဆေးရုံကို လူနာတွေလာသယ်သွားပြီး စစ်အုပ်စုထိခိုက်သေဆုံးမှုတွေကိုတော့ စုံစမ်းဆဲလို့ဖော်ပြပါတယ် တိုက်ခိုက်မှုကိုတော့ သပိတ်ကျင်းတိုက်နယ် ပကဖ(ဗိုလ်လင်းယုန်တပ်ဖွဲ့)၊ ဗိုလ်မိုးကြိုးတပ်ဖွဲ့နဲ့ Nine PDF တပ်ဖွဲ့တွေပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး […]

သတင္း

ဘပု စိတ်ခိုင်ခိုင်ထား မင်းကောင်တွေ ပြေးပြန်ပြီ

ကော်သူးလေနယ်မြေရှိ စစ်ကောင်စီစခန်းက တပ်သား ၂ ဦး KNLA ထံ လက်နက်နဲ့ အလင်းဝင်လာ စက်တင်ဘာ ၁၄ ၊ ၂၀၂၃ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A တပ်မဟာ(၃) ဆီကို စစ်ကောင်စီတပ်က တပ်သား ၂ ဦး အလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ဒီနေ့ စက်တင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ ခလယ်လွီထူခရိုင် တပ်မဟာ (၃)ဆောထိမြို့နယ်ထဲက သံဆိပ်စခန်းရှိ ခမရ−၃၅၀ စစ်ကောင်စီတပ်က တပ်သား (၂)ဦးက စက်တင်ဘာလ (၁၁) ရက် မနက် ၉ နာရီအချိန်မှာ လက်နက်တွေနဲ့အတူ လက်နက်ချအလင်းဝင်ခဲ့တာလို့ သိရပါတယ်။ ခမရ−၃၅၀ စစ်ကောင်စီတပ်ရှိ လက်နက်ချအလင်းဝင်လာတဲ့ တပ်သား […]

သတင္း

ငပျူမွင်းခါး ၇ ပွဲ

ဝက်လက်မှာ ၂ ရက်တာ တိုက်ပွဲဖြစ်ပွားပြီး ပျူစောထီး ၇ ဦး သေဆုံး စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ၂ ရက်တာ တိုက်ပွဲဖြစ်ပွားပြီး ပျူစောထီး ၇ ဦး သေဆုံးသွားတယ်လို့ Brave Brother (ပကဖ) ပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။ ရွှေဘိုမြို့နယ်၊ အရှေ့ခြမ်း တောင်လှ ဘုရားပေါ်မှာ တပ်စွဲထားတဲ့ ပျူစောထီးများနဲ့ ခမရ ၁၂ မှ စစ်ကြောင်းက ဝက်လက် မြို့နယ် ထုံးဘို ကျေးရွာဘက် စစ်ကြောင်းထိုးလာပြီး ပြည်သူများကို ဖမ်းဆီးကာ ပြည်သူပိုင်နေအိမ်နဲ့ ရွာများကို မီးရှို့ ဖျက်ဆီးနေခဲ့တာကြောင် PDF မဟာမိတ်တပ်များက အဲ့ဒီစစ်ကြောင်းကို တိုက်ခိုက်ရာ ၂ ရက်တာ တိုက်ပွဲဖြစ်ပွားပြီး ပျူစောထီး ၇ ဦးသေဆုံးတယ်လို့ သိရပါတယ် အဲ့ဒီစစ်တပ်စစ်ကြောင်းကို […]

သတင္း

အုပ်ကြီး(၄)ပွဲဟေ့

သာယာ၀တီမြို့နယ်၊ စဉ့်ကူး၊ သပိတ်ကျင်းတို့တွင် အုပ်ချုပ်ရေးမှူး၊ ရာအိမ် မှူးနှင့် ကြံ့ဖွတ် ရပ်/ကျေး ဥက္ကဋ္ဌ များအပါအဝင် ၄ ဦး ပစ်ခတ်ခံရပြီး သေဆုံး ပဲခူးတိုင်း၊ သာယာ၀တီမြို့နယ်၊ သုံးဆယ်မြို့ ၊ စံရွေးတန်းကျေးရွာမှ စစ်ကောင် စီ ခန့် အုပ်ချုပ်ရေး သိမ့်သိမ့်လွင်သည် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွား ကြောင်း သာယာဝတီ ဂဠုန်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ စက်တင်ဘာလ ၁၁ ရက်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်အချိန် သာယာ၀တီမြို့၊ ခလရ ၃၅ စစ်တပ်အနီး သာယာအေးကျေးရွာ လမ်းမပေါ်တွင် စစ်ကောင်စီခန့် စံရွေးတန်းကျေးရွာအုပ်ချုပ်ရေးမှူး သိမ့်သိမ့်လွင်ကို သာယာဝတီ ဂဠုန် တပ်ဖွဲ့ က သေနတ်ဖြင့် ၃ […]

သတင္း

အစီရင်ခံတင်ရင် ပြီးပြီထင်နေတာလားမသိ အူးလေးတို့ကလည်း ဇွတ်တင်နေကြတာပဲ

မြန်မာစစ်တပ်က ပိုမိုဆိုးရွားပြင်းထန်တဲ့ စစ်ရာဇ၀တ်မှုတွေ ကျူးလွန်နေတယ်လို့ IIMM အကြီးအကဲပြော မြန်မာစစ်တပ်ဟာ ပိုမိုဆိုးရွားပြင်းထန်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို ဆက်တိုက်ကျူးလွန်နေကြောင်း ကုလသမဂ္ဂ ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ရဲ့ အကြီးအကဲ နီကိုလက်စ်ခွန်ဂျန် က ပြောပါတယ်။ “ မြန်မာနိုင်ငံမှာ ကြီးလေးတဲ့ နိုင်ငံတကာရာဇ၀တ်မှုတွေ တိုးမြင့်လာတဲ့ အကြောင်းကို ဒီလူ့အခွင့်အရေးကောင်စီမှာ ကျွန်တော် မနှစ်ကအစီရင်ခံခဲ့ပါတယ်။ ဝမ်းနည်းစွာပဲ၊ ဒီ စစ်ရာဇ၀တ်မှုနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇ၀တ်မှု အကြိမ်ရေနဲ့ ပြင်းထန်မှုက ပြီးခဲ့တဲ့လတွေအတွင်းမှာ ပိုမြင့်တက်လာပါတယ်။” လို့ နီကိုလက်စ်ခွန်ဂျန် က ဆိုပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားအကြီးအကဲ နီကိုလက်စ်ခွန်ဂျန် က မနေ့က စက်တင်ဘာလ ၁၁ ရက်နေ့မှာကျင်းပပြုလုပ်ခဲ့တဲ့ ၅၄ […]

သတင်း

အလှည့် အလှည့် အလှည့်

  မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေကြောင်းရဲတပ်ဖွဲ့မှ ဒုရဲအုပ် သန်းမင်းစိုး နှင့် ဇနီးတို့ ရွာအပြန်ခရီးတွင် တိုက်ခိုက်ခံရပြီး သေဆုံး စက်တင်ဘာ ၁၄ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေကြောင်းရဲတပ်ဖွဲ့မှ ဒုရဲအုပ် သန်းမင်းစိုးနှင့် ဇနီးဖြစ်သူ ဒေါ်သူဇာထွန်းတို့ တိုက်ခိုက်ခံရပြီး သေဆုံးသွားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ရဲကြေးနန်းအရ သိရှိရသည်။ စက်တင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် လေကြောင်းရဲတပ်ဖွဲ့၊ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်တာဝန်ကျ ဒုရဲအုပ် သန်းမင်းစိုးသည် ဇနီးဖြစ်သူ ဒေါ်သူဇာထွန်း၊ ၃၅ နှစ်၊ အသက် ၉ နှစ်အရွယ် သမီး၊ အသက် ၂ နှစ်အရွယ် သားဖြစ်သူ တို့ကို ခေါ်ဆောင်၍ Honda Fit ခဲရောင်မော်တော်ယာဉ်ဖြင့် စစ်ကိုင်းမြို့၏အနောက်ဘက် ၇ မိုင်ခန့် အကွာ၊ […]

သတင်း

သူများနိုင်ငံထဲမှာ ခြင်းကြားကြီးတွေ တကားကားနဲ့ကွာ

ထိုင်းနိုင်ငံပိုင်နက်အတွင်း မြန်မာစစ်သား ၁၀၀ ဝန်းကျင်ခန့် ဝင်ရောက်လာတာဟာ ရည်ရွယ်ချက်ရှိရှိ ဝင်လာတာမဟုတ်လို့ အရေးယူဖို့မလိုအပ်ဘဲ နေရပ် ပြန်ပို့လိုက်ပြီလို့ ထိုင်းကာကွယ်ရေး ဝန်ကြီးသစ် SKlungsang က ပြောဆိုကြောင်း ထိုင်းသတင်းများအရ သိရပါတယ်။ မြန်မာစစ်သားများဟာ နယ်စပ်ကို ဖြတ်ကျော်ကာ ထိုင်းနိုင်ငံအတွင်း ဝင်ရောက်လာတာဟာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာမဟုတ်လို့ အရေးယူဖို့မရှိဘဲ လက်ရှိမှာ ထိုင်းနယ်မြေအတွင်း ရောက်ရှိနေတဲ့ မြန်မာစစ်သားများကို နေရပ် ပြန်လည် ပို့ဆောင်လိုက်ပြီဖြစ်တယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီးက ပြောပါတယ် ထိုင်းနိုင်ငံ နယ်စပ်ဖြစ်တဲ့ တာ့ခ်ခရိုင် အုန်းဖန်မြို့နယ် လေးတောခိုရွာအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်က စစ်သား ၈၀ ဦးဝန်းကျင် ကျူးကျော်ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ စစ်ကောင်စီရဲ့ တပ်ရင်း ၅၆၁၊ တပ်ရင်း ၃၃၉၊ တပ်ရင်း ၅၅၇ တို့က အကြမ်းဖက်စစ်သားများဟာ […]

သတင်း

PDF နဲ့ တင်နီလာအေးပေါင်းပီး စခန်းသိမ်းပီ

မိုးကုတ်မြို့အနီးရှိ စစ်တပ်၏ ပင်လောင်ကုန်းစံ စခန်းကို PDF တပ်ဖွဲ့က သိမ်းပိုက်ခဲ့ပြီး ထိုးစစ်ဆင်လာသော စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားကာ စစ်သား ၂ ဦးသေဆုံး စက်တင်ဘာ ၁၄ မန္တလေးတိုင်း၊ မိုးကုတ်မြို့အနီးရှိ အကြမ်းဖက် စစ်ကောင်စီအတွက် အရေးပါသော ပင်လောင်ကုန်းစံ စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ဝင်ရောက် တပ်စွဲကာ ပြန်လည်ထိုးစစ်ဆင်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ခုခံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း မိုးကုတ်အခြေပြုတပ် ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ မိုးကုတ်မြို့အနီးရှိ အကြမ်းဖက် စစ်ကောင်စီ အတွက် အရေးပါသော ပင်လောင်ကုန်းစံအထိုင်စခန်းမှ အကြမ်းဖက်စစ်သားများ ဆုတ်ခွာသွားသဖြင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များမှ ဝင်ရောက်နေရာယူထားစဉ် အင်အား ၅၀ ခန့်ဖြင့် စစ် ကြောင်းထိုးလာပြီး လက်နက်ကြီး၊ ငါးကြင်းမြီးများဖြင့် တရစပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များမှ […]

သတင္း

ကနောင်စစ်ဆင်ရေးတဲ့ အပွင့်၄ကာင်နဲ့ လနက်တွေ ကားတစီးတိုက်ရလိုက်ပြီ

ဇူလိုင်လ ၁၅ ရက်နေ့ နံနက် ၃ နာရီအချိန် “ ကနောင်စစ်ဆင်ရေး ” ၏ ပထမဦး ဆုံး အဖွင့်အနေဖြင့် မတ္တရာမြို့နယ်ရှိ အင်ကြင်းမြိုင် လေကြောင်းရန် ကာကွယ်ရေးတပ် ၁၀၁၄ ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် ၄င်းအင်းကြင်းမြိုင်တပ်၏ ကာကင်းစခန်းတစ်ခုအား ဝင်ရောက် စီးနင်းခဲ့ ကြောင်း၊ ထို့နောက် အင်ကြင်းမြိုင်တပ်သို့ အင်အား ၁၀၀ ဝန်းကျင်ဖြင့် စစ်ကူလာပေးသော စစ်တပ်ယာဥ်တန်း ၆ စီးကိုလည်း မိုင်းဆွဲဖြတ်တောက်ခဲ့ ကြောင်း၊ အဆိုပါ တိုက်ပွဲများ တွင် ရန်သူ့ဘက်မှ ဗိုလ်ကြီး ၁ ဦးအပါအဝင် မျက်မြင်သေဆုံးမှု စစ်သား ၁၉ ဦးနှင့် ဒဏ်ရာရရှိမှု အများအပြား ရှိခဲ့ကြောင်း၊ စစ်ကူလာသော ကား ၁ စီးကို […]

သတင္း

“ဒရုန်းနဲ့ သွားပြီဟေ့ဆိုတာနဲ့ စစ်သားတွေက လက်နက်ချပြီးတော့ ထွက်ပြေး လာတဲ့ စစ်သားတွေ အများကြီး ဖြစ်လာပြီ။

“ဒရုန်းနဲ့ သွားပြီဟေ့ဆိုတာနဲ့ စစ်သားတွေက လက်နက်ချပြီးတော့ ထွက်ပြေး လာတဲ့ စစ်သားတွေ အများကြီး ဖြစ်လာပြီ။ သူတိုရဲ့ ကတုတ်ကျင်းတွေထဲထိ တိတိကျကျ ချနိုင်တဲ့ အနေအထားရှိတယ်။ သူတို့ ဘယ်လိုပဲ ဒရုန်း gun တွေနဲ့ ပစ်ပစ် ဒရုန်း gun တွေနဲ့ ချိန်ချိန် ဘာမှ တားဆီးနိုင်တဲ့ အနေအထားမျိုး မရှိတော့ဘူး” အမျိုးသားညီညွတ်ရေးအစိုးရ ၊ ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်နှင့် တွေ့ဆုံခြင်း အပိုင်း ၁ By ရန်ကုန်ခေတ်သစ် မြန်မာတစ်နိုင်ငံလုံးမှာ အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ပိုင်း ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ဖျက်ဆီးတာ ၊ ပြည်သူတွေကို သတ်ဖြတ်တာအပြင် တစ်နိုင်ငံလုံးမှာ ဆက်သွယ်ရေးစနစ်ကို ဖြတ်တောက်ထားတာတွေ လုပ်ကိုင်နေပါတယ်။ ပြည်သူလူထုရဲ့ […]