ကျီးပေါင်းတက်ခြင်းကို ဆိုးရွားစွာ ခံစားနေရတဲ့ အမျိုးတို့အတွက်။ ကျီးပေါင်းတက်ခြင်း၊ ဂုတ်ကြောတက်ခြင်း၊ ဇာတ်ကြောတက်ခြင်း စသည့်ရောဂါတွေကို အရှင်းပျောက်ကင်းစေတဲ့ ဗန်ဒါရွက် ကုထုံး ဂုတ်၊ ဇာတ် ကျီးပေါင်းတက်နေသူများ အတွက် ဗန်ဒါရွက်ရဲ့အသုံးဝင်ပုံ ဂုတ်၊ ဇာတ်ကျီးပေါင်းတက်နေသူများအတွက် ဗန်ဒါရွက်လေးရဲ့အသုံးဝင်ပုံလေးကို တင်ပြပေးလိုက်ရပါတယ်။ ဂုတ်၊ ဇက်ကျီးပေါင်းတက်နေသူများ ဗန်ဒါရွက်လေးကို ခူးလိုက်ပါ။ ရေမဆေးပါနဲ့ အရွက်မှာ ကပ်နေတဲ့ ဖုန်လေးတွေကို အဝတ်နဲ့ပွတ် သုတ်လိုက်ပါ။ အရွက်ရဲ့ အောက်မှာရှိတဲ့ အညှာအရိုးတံလေးကို ဖယ်ထုတ်လိုက်ပါ။ ပြီးရင် ဂုတ်ပေါ်နဲ့ ဇက်ပေါ်ကို အရွက်ကို ခွပီး ကပ်ထားလိုက်ပါ။ အချို့က အကြမ်းဘက်က ကပ်ရမှာလား အချောဘက်က ကပ်ရမှာလား မေးကြလို့ပါ။ အကြမ်းဘက်ကနေ မှောက်ကပ်ရမှာ ဖြစ်ပါတယ်။ လေးဆယ့်ငါးမိနစ်လောက်ကြာရင် ကပ်တားတဲ့နေရာမှာ ပူလာပီး ချွေးများ ထွက်လာပါလိမ့်မယ်။ ခဏခွာထားပီး […]
Day: September 20, 2023
စိတ်မနှံ့ပေမယ့် မိခင်အိုကြီးကို လုပ်ကျွေးနေတဲ့သားကြီးကို “ဘာလို့ မိခင်ကို လုပ်ကျွေးနေတာလဲ ”ဟုမေးလိုက်သောအခါ…
စိတ်မနှံ့ပေမယ့် မိခင်အိုကြီးကို လုပ်ကျွေးနေတဲ့သားကြီးကို “ဘာလို့ မိခင်ကို လုပ်ကျွေးနေတာလဲ ” ဟုမေးလိုက်သောအခါ သားဆိုးသမီးဆိုး ပစ်ရိုးထုံးစံမရှိဘူးဆိုသလို၊ မိခင်ဆိုးဖခင်ဆိုးဆိုရင်လည်း သားသမီးတွေနဲ့ ဆိုင်ပါတယ်။ မိဘနဲ့သားသမီးတွေဆိုတာ တစ်ဦးနဲ့တစ်ဦး ပစ်ပယ်ဖို့မသင့်တဲ့ အရင်းနီးဆုံးသော လူသားတွေဖြစ်ကြပါတယ်။ အခုလည်း အသက်(၅၀)အရွယ်သားကြီးတစ်ယောက် မိခင်ကို တစ်ဦးတည်း လုပ်ကျွေးနေရပါတယ် သူကိုယ်တိုင်က ဇရာဘက်ကို ခြေတစ်လှမ်း လှမ်းလာနေပြီဖြစ်တဲ့ သားကြီးဟာ သူ့ရဲ့အသက်(၉၀)အရွယ် မိခင်ကြီးကို ပြုစုလုပ်ကျွေးနေရတာပါ။ သားဖြစ်သူဟာ စိတ်လည်း သိပ်မနှံ့ပေမယ့် သူ့မှာ မိဘကို ပြုစုလုပ်ကျွေးမယ်ဆိုပြီး အသိစိတ်ဓာတ်ရှိနေတာ အလွန် ချီးကျူးစရာပါ။ “ဘာလို့ မိခင်ကြီးကို လုပ်ကျွေးနေတာလဲ ” အမေးခံရတိုင်း ” ကျုပ်အမေမို့ပေါ့ … ကျုပ်က သူ့သားမို့ သူ့ကို လုပ်ကျွေးဖို့ ဝတ္တရားအပြည့်ရှိတယ် “လို့ ပြောခဲ့ပါတယ်။ […]
မြန်မာပြည်ရဲ့ ထူးခြားတဲ့ဗဟုသုတများ (ဒီပို့မျိုးက ရှားတယ်နော်)
မြန်မာနိုင်ငံ၏ပထမဆုံးသော ပုဂ္ဂိုလ်များ ပထမဆုံး ဗုဒ္ဓဘာသာ ထွန်းကားစေသူ အနော်ရထာမင်း ပထမဆုံးမင်း တကောင်းအဘိရာဇာ မြို့တော် ပုဂံ (အေဒီ ၁၀၄၄) ပထမဆုံး ဝန်ကြီးချုပ် ဦးနု ပထမဆုံး သမ္မတ စပ်ရွှေသိုက် ပထမဆုံး အာဇာနည်နေ့ အခမ်းအနားဦးဆောင်ကျင်းပသူမြို့မ ဦးသန်းကြွယ် ပထမဆုံး သိပ္ပံစာပေပြုစုသူ ယောမင်းကြီးဦးဘိုးလှိုင် ပထမဆုံး အင်္ဂလိပ် မြန်မာ အဘိဓာန် ရေးသားသူများ မက္ခရာမင်းသားနှင့် မစ္စတာလိန်း(ဒေါက်တာ ဆင်မျူရယ် ဂျွန်ဆင်၏အင်္ဂလိပ် အဘိဓာန်ကို ပြန်ဆို) ပထမဆုံး အလင်္ကာကျော်စွာဘွဲ့ရ သခင်ကိုယ်တော်မှိုင်း ပထမဆုံး အနောက်တိုင်းဆေးဆရာ ဒေါက်တာရှောလူး ပထမဆုံး အမျိုးသားကောလိပ်မှ ဝိဇ္ဇာဘွဲ့ ရသူ ဆရာကြီး ဦးရာဇာတ် ပထမဆုံး အင်ဂျင်နီယာ ဖန်ချက်ဝန် ဦးရွှေအိုး ပထမဆုံး နိုင်ငံရေးသမား အကျဉ်းကျခံရသူ […]