မန်ချက်စတာယူနိုက်တက်အသင်းကတော့ ရာသီသစ်အတွက် ပထမဆုံး ကစားသမားခေါ်ယူမှု တစ်ခုကို ပြုလုပ်ခဲ့ပါပြီ။ နော်ဝေးလူမျိူး တိုက်စစ်မှုး တစ်ဦးဖြစ်ပြီး၊ အစ်ဆွစ်ပ်တောင်း အသင်းရဲ့ ကစားသမားအဖြစ်လည်း ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ကစားခဲ့သူပါ။ သူကတော့ အသက် ၁၄နှစ်အရွယ်သာ ရှိသေးတဲ့ တိုက်စစ်မှုး ဆေးလ်ဗား မက်ဆက် ဖြစ်ပြီး၊ ပင်ကိုယ်အရည်အသွေး ကြွယ်ဝသူအဖြစ် သတ်မှတ်ခံထားရသူလည်း ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းအနေနဲ့ လူငယ်တွေကို ပျိုးထောင်မယ့် အစီစဥ်နဲ့အတူ ၁၄နှစ်အရွယ် မက်ဆက်ကို အနာဂတ် အသင်းအတွက် အရေးပါ အရာရောက် ထွန်းတောက်လာမယ့် ကစားသမားအဖြစ် သတ်မှတ် ခေါ်ယူခဲ့တာပါ။ ဒီကစားသမားဟာလည်း ပြီးခဲ့တဲ့ရာသီ အစ်ပ်ဆွစ်တောင်း ယူ၁၄ အသင်းနဲ့အတူ အကောင်းဆုံး ခြေစွမ်း ပြသခဲ့ပြီး၊ ပရိတ်သတ်တွေရဲ့ အထူး စောင့်ကြည့်ခြင်းကို ခံနေရသူလည်း ဖြစ်ပါတယ်။ ရာသီသစ်မှာ […]
Month: May 2024
ဂရင်းဝုဒ် နဲ့ ဂျာအိုဖီးလစ်ကို ဒဲ့လဲဖို့ ဆုံးဖြတ်လိုက်တဲ့ ယူနိုက်တက်
မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ လက်ရှိအချိန်မှာ ရာသီပိတ်သိမ်းသွားခဲ့ပြီ ဖြစ်တာကြောင့် ကစားသမား အဝင်အထွက် ကိစ္စတွေအတွက် ခြေဦးလှည့်လာခဲ့ပါပြီ။ တစ်ဆက်တည်းမှာပဲ အသင်းမှာ လိုအပ်နေတဲ့ ကစားသမားခေါ်ယူမှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး၊ ခေါ်ယူမယ့် ကစားသမားတွေကိုတော့ အရင်လို ဈေးကြီးပေး ခေါ်တာတွေ လုပ်မှာ မဟုတ်ဘူးလို့ ဆိုထားတာပါ။ နောက်ဆုံး ထွက်ပေါ်လာတဲ့ အပြောင်းအရွေ့ သတင်းအရ ယူနိုက်တက် အသင်းဟာ အသင်းရဲ့ တိုက်စစ်မှုး မေဆန်ဂရင်းဝုဒ်ကို ထိုက်တန်တဲ့ ပြောင်းရွေ့ကြေးနဲ့ ရောင်းထုတ်သွားဖို့ စီစဥ်ထားပါတယ်။ တစ်ဆက်တည်းမှာပဲ ဂရင်းဝုဒ်ကို လာလီဂါ ထိပ်သီးကလပ် အက်သလက်တီကို မက်ဒရစ် အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး၊ ကမ်းလှမ်းမှုအဖြစ် သူတို့ရဲ့တိုက်စစ်မှုး ဂျာအိုဖီးလစ်ကို အပြောင်းအရွေ့ထဲမှာ ထည့်သွင်းသွားမယ်လို့ ဆိုထားတာပါ။ အေတီကိုအသင်းဘက်ကတော့ မေဆန်ဂရင်းဝုဒ်နဲ့ ဂျာအိုဖီးလစ်တို့ကို ကစားသမားချင်း […]
မန်စီးတီးနဲ့ဗိုလ်လုပွဲမှာ ပြန်လည်ပါဝင်လာမယ့် ကစားသမား(၃)ဦးကို အတည်ပြုလိုက်တဲ့ ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်အသင်းကတော့ လက်ရှိအချိန်မှာ ဒဏ်ရာပြသနာတွေကြောင့် အတော်လေး ရုန်းကန်နေရတဲ့ အနအေထားတစ်ခုကို ရောက်နေတာပါ။ ပရီးမီးယားလိဂ် အမှတ်ပေးပြိုင်ပွဲမှာလည်း အဆင့် ၈နေရာမှာ ရပ်တည်နေပြီး၊ ချန်ပီယံလိဂ် ဝင်ခွင့်ကို လက်လွှတ်ခဲ့ရသလို၊ ယူရိုပါလိဂ်၊ ကွန့်ဖရန့်လိဂ် စတဲ့ ဥရောပဝင်ခွင့်အတွက်လည်း အတော်လေး အလှမ်းဝေးသွားခဲ့ပြီ ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ နောက်ဆုံးမျှော်လင့်ချက် တစ်ခုအနေနဲ့ ဒီလထဲမှာ FAဖလား ဗိုလ်လုပွဲအဖြစ် မန်စီးတီးအသင်းနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ တစ်နည်းအားဖြင့် ဒီဖလားဗိုလ်လုပွဲဟာ ဒီရာသီ မန်ချက်စတာယူနိုက်တက် အသင်း အတွက် တစ်လုံးတည်းသော ဆုဖလားကိုင်မြှောက်ခွင့်ရမယ့် အခွင့်အရေးတစ်ရပ်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဒီFAဖလားကိုသာ ဗိုလ်စွဲခဲ့မယ်ဆိုရင်တော့ ဥရောပပြိုင်ပွဲတစ်ခုဖြစ်တဲ့ ယူရိုပါလိဂ်ကို တိုက်ရိုက်ဝင်ခွင့် ရမှာလည်း ဖြစ်ပါတယ်။ သတင်းကောင်းတစ်ခုအနေနဲ့ ဒီလိုအဖက်ဖက်က အရေးပါလှတဲ့ FAဖလား ဗိုလ်လုပွဲမှာ အသင်းရဲ့ […]