မန်ချက်စတာယူနိုက်တက် အသင်းကတော့ လက်ရှိ အချိန်မှာ ကစားသမားသစ် ခေါ်ယူမှုတွေ ပြုလုပ်ဖို့အတွက် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ တဆက်တည်းမှာပဲ ရာသီသစ်အတွက် အင်အားဖြည့်တင်းမှုအနေနဲ့ ကစားသမားသစ် ၄ဦးလောက်အထိ ခေါ်ယူသွားမယ်လို့ ဆိုထားတာပါ။ လက်ရှိ ထွက်ပေါ်လာတဲ့ သတင်းတွေအရ ယူနိုက်တက် အသင်းဟာ ချဲလ်ဆီးအသင်းရဲ့ ကစားသမား တစ်ဦးဖြစ်သူ အသက် ၂၄နှစ်အရွယ် ခံစစ်မှုး ချာလိုဘတ်ကို ခေါ်ယူဖို့ ချဥ်းကပ်နေတယ်ဆိုပြီး သိရပါတယ်။ ဒီသတင်းကို Daily MalLအပါအဝင် သတင်းဌာန အတော်များများက ဝေဝေဆာဆာ ဖော်ပြနေကြတာပါ။ ယူနိုက်တက်အသင်းအနေနဲ့ ရာဖေးလ်ဗာရန်း ထွက်ခွါသွားသလို၊ မက်ကွိုင်းယားနဲ့ လင်ဒီလော့တို့ကိုလည်း အသင်းကနေ ထွက်ခွါခွင့် ပေးထားတာဖြစ်တာကြောင့် ဗဟိုခံစစ်မှုး အသစ်ကို ခေါ်ယူဖို့ စီစဥ်နေတာလည်း ဖြစ်ပါတယ်။