အေထြအေထြဗဟုသုတ



သတိထားကြ ပါ …













အားလုံး သိတဲ့ အတိုင်းပဲ ဈေးခေါင်းနဲ့ ဈေးသည် ဆိုတာ စွယ်တော်ရွှက် လို့ ပဲ …ကျွန်မ ဘယ်လိုပြောပြော ဈေးသည် ကိုတော့ ထောင်ထဲတော့ ပို့မှာ မဟုတ်ပါဘူး … ဒါမျိုးတွေ နောက်လုပ်မရောင်း နဲ့ / ဒီလိုတွေ လုပ်လို့ ဒီ ဈေးမှာ ဈေးမရောင်း ရဆို တဲ့ ပြစ်ဒဏ် က အကြီးဆုံးပဲ ဖြစ်မှာပါ …


Credit

unicode

မိသားစု လိုက် အစုလိုက် အပြုံ လိုက် အစားစာရင်း ေ.သတယ်တို့ ဘာတို့ ဆိုတာ ဒီလို မျိုး ဈေးသည် တွေရှိလို့ ဖြစ်မယ်

သတိထားကြ ပါ …

မိသားစုလိုက်အစုလိုက် အပြုံလိုက် အစားစာရင်း ေ.သတယ်တို့ ဘာတို့ ဆိုတာ ကျွန်မတို့ fb မှာ လည်း မြင်ဘူး တယ် ဖတ်ဘူးပါတယ် …ဒီလို မျိုး ဈေးသည် တွေရှိလို့ လည်း သေကျတာ နေမယ် …

ဒီမနက်ကျွန်မ ဈေးသွားပါတယ်ပန္နဲကွင်း လေး တွေ ဖွေးဖြူ သန့်ပြန့် နေတော့ တခုခုလေးနဲ့ ရော ချက်မယ် စိတ်ကူးနဲ့ ဆလုံကြီးနဲ့ ရေစိမ်ထားသောပန္နဲကွင်း တွေကိုကျွန်မဆယ်ယူပြီးချိန်ခိုင်းလိုက်ပါတယ် …

ပိုက်ဆံရှင်းပြီးကျွန်မ ဈေးပတ်နေတဲ့ အချိန်ပဲကျွန်မလက်တစ်ဖက် တော်တော်နီ ပြီးယားလာတာ စောနက ပန္နဲကွင်းစိမ်ထားသော ရေတွေကိုင်ခဲ့တဲ့လက် တစ်ဖက်ပါ …

ကျွန်မစိတ်ထဲဒီလက်တွေကလည်းဘာဖြစ်နေလဲ မသိဘူးလို့ မနေ့ကကျ တုန်တယ်ဒီနေ့ကျယားတယ်ဆိုပြီးဘဝင်မကျ ဖြစ်နေမိပါတယ် ကျွန်မ ဈေးပတ်ပြီး စောနကကျွန်မဝယ်ခဲ့သောပန္နဲကွင်း ရောင်းသောကုန်စိမ်းသည် ရှေ့ကိုကျွန်မ ပြန်ရောက်သွားပါတယ်

ကျွန်မလည်း ဘာရယ်မဟုတ်ဘူး သူကိုလှမ်းကြည့်လိုက်တာသူကပန္နဲသီး ခွဲနေပါတယ် ကျွန်မ ကြည့်နေတဲ့အချိန်ပဲ သူကပန္နဲသီးနဲနဲသာကျန်တော့သည် ရေဆလုံထဲကို(စတိုင်အစွန်းချွတ်ဆေး)တစ်ထုပ်ကို ဖောက်ထည့် ပြီး သူလက်နဲ့ မွှေလိုက်ပါတော့တယ် …

OMG ကျွန်မမင်သက်အံသြစွာနဲ့ပဲ သူဘာဆက်လုပ်မလဲထပ်ကြည့်နေပါတယ်သူကပန္နဲသီးကိုခွဲတယ်အခွံခွာတယ် စိတ်တယ် ပြီးတော့ အဲဆလုံထဲကိုပစ်ထည့်ပါလေ ရော့ …

သွားပြီ ကျွန်မ လက်ယားနေတာက အစွန်းချွတ်ဆေး ရေ တွေထိမိတာဆိုတာကျွန်မသိသွားပါပြီ ဒီ မိန်းမကြီးဒီလို့သူ ဈေးရောင်း ရဖို့ အရေး စားသုံးသူ ပြည်သူ တွေကို ဘာဖြစ်ဖြစ် ဆိုပြီး ကိုယ်ကျိုးစီးပွား ရှာနေတာမျိုး ကိုတော့ ကျွန်မ လက်မခံပါဘူးဈေးရုံး ကို သွားတိုင်ရမယ် ဟုတ်တယ် ကျွန်မ ဈေးရုံး ကို သွားခဲ့ပါတယ် …

ဈေးရုံး ရောက်တော့ ဈေးခေါင်း နဲ့ တွေ့ပါတယ် …” ဘာဖြစ်တာလဲ ညီမ အလေးမပြည့်လို့လား ” မဟုတ်ပါဘူး လို့ ဒီ ကုန်စိမ်းသည် လုပ်ပုံတွေ ကို ကျွန်မ ပြောပြလိုက်ပါတယ် …နေရာ ပြောပြလိုက်တော့ သူတို့ သိပါတယ် အဲ ပန္နဲကွင်း ဆလုံ ရော့ ဈေးသည် ကိုပါ ခေါ်လာကျတယ် …

ဈေးသည် က ကျွန်မ ကို “ဘာဖြစ်လို့လဲ ”

” အန်တီ ပန္နဲကွင်း ထဲ ကို ဘာလို့အစွန်းချွတ်ဆေး တွေ ထည့်တာလဲ အခန့်မသင့် ရင် တစ်အိမ်လုံး သေသွားနိုင်တယ် ဆိုတာ အန်တီ မသိဘူးလား ”

” တစ်ဈေး လုံး ဒီလို လုပ်နေကျတာပဲ ”

” ကဲ ဈေးခေါင်း ကြားပြီနော် သူပြည်သူတွေ ကို ရောင်းတဲ့ ကုန်စိမ်းတွေ မှာ လူကို စားမိရင် သေစေနိုင်တဲ့ ဆိုက်အဖက် တွေ သုံးပြီး စီးပွား ရှာနေတယ် ဆိုတာ သူကို ပြင်းပြင်း ထန်ထန် အရေး ယူပေးပါ ကျွန်မ ပြန်လိုက်ပါအုံးမယ် ‘” ဆိုပြီး ဈေးရုံး ထဲ က ထွက်လာပါတော့ တယ် …

အားလုံး သိတဲ့ အတိုင်းပဲ ဈေးခေါင်းနဲ့ ဈေးသည် ဆိုတာ စွယ်တော်ရွှက် လို့ ပဲ …ကျွန်မ ဘယ်လိုပြောပြော ဈေးသည် ကိုတော့ ထောင်ထဲတော့ ပိ့ုမှာ မဟုတ်ပါဘူး … ဒါမျိုးတွေ နောက်လုပ်မရောင်း နဲ့ / ဒီလိုတွေ လုပ်လို့ ဒီ ဈေးမှာ ဈေးမရောင်း ရဆို တဲ့ ပြစ်ဒဏ် က အကြီးဆုံးပဲ ဖြစ်မှာပါ …

ဈေးသည်ကလည်း ဈေးရောင်းမှ ထမင်းစားရမှာ သူလည်း ဒီဈေးမရောင်းရလဲ နောက်ဈေး ရောင်း နေအုံးမှာပါပဲ … ပြောချင်တာကတော့ အခု ခေတ်က ကိုယ် စားသောက်မယ် အသီးအနှံ တွေ လိုအပ် တဲ့ သဘာဝ ထပ် သန့်ပြန့်လေ ပိုသတိ ထား ကျ စေချင် တယ် ဆိုတာပါပဲ …

Credit