အခ်စ္ေရး

ႏူးႏူးညံ့ညံ့မေနတတ္တဲ့မိန္းမသားတို႔ရဲ႕ေနာက္ကြယ္က လူေတြမသိတဲ့ အေၾကာင္းရင္းမ်ား

ႏူးႏူးညံ့ညံ့မေနတတ္တဲ့မိန္းမသားတို႔ရဲ႕ေနာက္ကြယ္က လူေတြမသိတဲ့အေၾကာင္းရင္းမ်ား

မိန္းကေလးဆိုရင္ ႏူးႏူးညံ့ညံ့သိမ္သိမ္ေမြ႕ေမြ႕ေနရတယ္လို႔ လူ႕အသိုင္းအဝိုင္းကမွတ္ယူၾကပါတယ္။ ဒါေပမယ့္ တခ်ိဳ႕မိန္းကေလးေတြက သူတို႔ရဲ႕ဘဝေပးအေျခအေနအရ

ေနရာတကာႏူးညံ့သိမ္ေမြ႕ေနလို႔ မရၾကပါဘူး။

စိတ္ၾကမ္းကိုယ္ၾကမ္းမိန္းကေလးေတြဆိုတာ သူတို႔ဘဝမွာဒီအရာေတြေတြ႕ၾကဳံခဲ့တဲ့သူေတြပါ။

(၁) ကိုယ့္ဘဝကိုကိုယ္တိုင္တည္ေဆာက္ရတယ္

မိန္းမတစ္ေယာက္ၾကမ္းၾကမ္းတမ္းတမ္းေနတတ္တယ္ဆိုတာ အ႐ႈံးေတြနဲ႔ၾကဳံလာၿပီး ၿပိဳလဲခ်င္ရင္လည္း မၿပိဳလဲေအာင္ ၾကံ့ၾကံ့ခံၿပီး ကိုယ့္ဘဝကိုကိုယ္တိုင္တည္ေဆာက္ရတာေၾကာင့္ျဖစ္တယ္။

ကိုယ့္ဘဝကိုတည္ေဆာက္ဖို႔အတြက္ တျခားသူေတြရဲ႕အကူအညီမယူဘဲ ေလာကဓံကို ကိုယ္တိုင္ရင္ဆိုင္ရျခင္းေၾကာင့္ျဖစ္ပါတယ္။

(၂) အတိုက္အခိုက္ေတြကိုၾကံ့ၾကံ့ခံရင္ဆိုင္တယ္

မိန္းမသားတစ္ေယာက္ျဖစ္ေပမယ့္ ကိုယ့္ေျခေထာက္ေပၚကိုယ္ရပ္တည္တဲ့အခါ ၾကဳံလာတဲ့အတိုက္အခိုက္ေတြကို ၾကံ့ၾကံ့ခံၿပီး ပတ္ဝန္းက်င္ရဲ႕ေဝဖန္စကားေတြကို ဂ႐ုမစိုက္ဘဲ ေနတတ္ရပါတယ္။

ဒီလိုၾကံ့ၾကံ့ခံႏိုင္ဖို႔ စိတ္ၾကမ္းကိုယ္ၾကမ္းလို႔နာမည္တပ္ခံရလည္း ဂ႐ုမစိုက္ေတာ့ပါဘူး။

(၃) သူမေနာက္မွာအေထာက္အပံ့ရယ္လို႔မ႐ွိဘူး

ပတ္ဝန္းက်င္က ၾကမ္းတမ္းတယ္လို႔သတ္မွတ္ထားတဲ့မိန္းမသားေတြဟာ သူမရဲ႕ေနာက္မွာ အေထာက္အပံ့ရယ္လို႔မ႐ွိဘဲ အရာအားလုံးကို တစ္ေယာက္တည္းရင္ဆိုင္ၿပီး ေက်ာ္လႊားေနရပါတယ္။

ဒါေၾကာင့္လည္း နဂိုကႏူးညံ့ေပမယ့္ ကိုယ့္ကိုယ္ကိုမာေက်ာေအာင္ ျပဳမူေနထိုင္ၾကတာပါ။

(၄) သူမအတြက္အေရးႀကီးတဲ့အရာကိုသိတယ္

စိတ္ၾကမ္း၊ကိုယ္ၾကမ္းတဲ့မိန္းမသားေတြဟာ ပတ္ဝန္းက်င္နဲ႔၊လူေတြရဲ႕ေဝဖန္မႈကို လုံးဝဂ႐ုမစိုက္တဲ့သူေတြျဖစ္ပါတယ္။

ေဝဖန္တဲ့စကားေတြ၊ တိုက္ခိုက္မႈေတြက သူမအတြက္အေရးႀကီးတဲ့အရာေတြမဟုတ္ဘဲ၊ ကိုယ့္ဘဝကိုၾကံ့ၾကံ့ခံၿပီးေ႐ွ႕ဆက္ဖို႔က သူမအတြက္ပိုအေရးႀကီးတယ္ဆိုတာကို ေကာင္းေကာင္းနားလည္သူေတြျဖစ္ပါတယ္။

written by PP

Unicode

နူးနူးညံ့ညံ့မနေတတ်တဲ့မိန်းမသားတို့ရဲ့နောက်ကွယ်က လူတွေမသိတဲ့အကြောင်းရင်းများ

မိန်းကလေးဆိုရင် နူးနူးညံ့ညံ့သိမ်သိမ်မွေ့မွေ့နေရတယ်လို့ လူ့အသိုင်းအဝိုင်းကမှတ်ယူကြပါတယ်။ ဒါပေမယ့် တချို့မိန်းကလေးတွေက သူတို့ရဲ့ဘဝပေးအခြေအနေအရ

နေရာတကာနူးညံ့သိမ်မွေ့နေလို့ မရကြပါဘူး။

စိတ်ကြမ်းကိုယ်ကြမ်းမိန်းကလေးတွေဆိုတာ သူတို့ဘဝမှာဒီအရာတွေတွေ့ကြုံခဲ့တဲ့သူတွေပါ။

(၁) ကိုယ့်ဘဝကိုကိုယ်တိုင်တည်ဆောက်ရတယ်

မိန်းမတစ်ယောက်ကြမ်းကြမ်းတမ်းတမ်းနေတတ်တယ်ဆိုတာ အရှုံးတွေနဲ့ကြုံလာပြီး ပြိုလဲချင်ရင်လည်း မပြိုလဲအောင် ကြံ့ကြံ့ခံပြီး ကိုယ့်ဘဝကိုကိုယ်တိုင်တည်ဆောက်ရတာကြောင့်ဖြစ်တယ်။

ကိုယ့်ဘဝကိုတည်ဆောက်ဖို့အတွက် တခြားသူတွေရဲ့အကူအညီမယူဘဲ လောကဓံကို ကိုယ်တိုင်ရင်ဆိုင်ရခြင်းကြောင့်ဖြစ်ပါတယ်။

(၂) အတိုက်အခိုက်တွေကိုကြံ့ကြံ့ခံရင်ဆိုင်တယ်

မိန်းမသားတစ်ယောက်ဖြစ်ပေမယ့် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်တဲ့အခါ ကြုံလာတဲ့အတိုက်အခိုက်တွေကို ကြံ့ကြံ့ခံပြီး ပတ်ဝန်းကျင်ရဲ့ဝေဖန်စကားတွေကို ဂရုမစိုက်ဘဲ နေတတ်ရပါတယ်။

ဒီလိုကြံ့ကြံ့ခံနိုင်ဖို့ စိတ်ကြမ်းကိုယ်ကြမ်းလို့နာမည်တပ်ခံရလည်း ဂရုမစိုက်တော့ပါဘူး။

(၃) သူမနောက်မှာအထောက်အပံ့ရယ်လို့မရှိဘူး

ပတ်ဝန်းကျင်က ကြမ်းတမ်းတယ်လို့သတ်မှတ်ထားတဲ့မိန်းမသားတွေဟာ သူမရဲ့နောက်မှာ အထောက်အပံ့ရယ်လို့မရှိဘဲ အရာအားလုံးကို တစ်ယောက်တည်းရင်ဆိုင်ပြီး ကျော်လွှားနေရပါတယ်။

ဒါကြောင့်လည်း နဂိုကနူးညံ့ပေမယ့် ကိုယ့်ကိုယ်ကိုမာကျောအောင် ပြုမူနေထိုင်ကြတာပါ

(၄) သူမအတွက်အရေးကြီးတဲ့အရာကိုသိတယ်

စိတ်ကြမ်း၊ကိုယ်ကြမ်းတဲ့မိန်းမသားတွေဟာ ပတ်ဝန်းကျင်နဲ့၊လူတွေရဲ့ဝေဖန်မှုကို လုံးဝဂရုမစိုက်တဲ့သူတွေဖြစ်ပါတယ်။

ဝေဖန်တဲ့စကားတွေ၊ တိုက်ခိုက်မှုတွေက သူမအတွက်အရေးကြီးတဲ့အရာတွေမဟုတ်ဘဲ၊ ကိုယ့်ဘဝကိုကြံ့ကြံ့ခံပြီးရှေ့ဆက်ဖို့က သူမအတွက်ပိုအရေးကြီးတယ်ဆိုတာကို ကောင်းကောင်းနားလည်သူတွေဖြစ်ပါတယ်။

written by PP