အေထြအေထြဗဟုသုတ

A သွေး ပိုင်ရှင်လေးတွေရဲ့ အချစ်ရေ

A သွေးပိုင်ရှင်လေးတွေဟာ ယောက်ျားလေးဖြစ်ဖြစ် မိန်းခလေးဖြစ်ဖြစ် တော်တော် စန်းပွင့်ကြတဲ့ သူတွေ ဖြစ်ပါတယ် ။ ရောက်လေရာမှာ နှစ်ခါပြန် မကြည့်တဲ့သူ ဆိုတာ မရှိဘူး ။

ဘယ်လောက်ပဲ ခပ်တည်တည်နဲ့ နေတဲ့သူဖြစ်ဖြစ် ကိုယ့်ဘက်က စရင် ပါလာတာ ချည်းပဲ ( Both boys and girls) ။ အချောဆုံး အလှဆုံး ဆိုတာမျိုးတွေထဲ မပါသူ ဆိုရင်တောင်မှ ရုပ်ရည် သွင်ပြင် အလွန် သန့်ပြန့်လို့ တနည်းမဟုတ် တနည်းနဲ့ Attraction ရှိနေတာ ။

ကိုယ်ချစ်ရတဲ့သူ ကိုတော့ ကိုယ်က စပြီး မခွဲခွာတတ် ပါဘူး ။ ကိုယ်က စဖြတ်ပြီး ကိုယ်ပဲ နောင်တရ လွမ်းနေမှာကို ချစ်သူဖြတ်လို့ အသဲကွဲရ မှာထက် ပိုကြောက်တတ် ပါတယ် ။


ချစ်သူက လမ်းခွဲမယ် ပြောခဲ့ရင် ကိုယ့်ဘက်က အမှား ရှိတယ်ဆို အရူးတပိုင်း တောင်းပန် တတ်တယ် ။ တဖက်က လက်မခံရင် လက်လျှော့တတ် ကြတယ် ။ ကိုယ့်ဘက်က အပြစ် မရှိပဲ အခေါက် ခံရရင်တော့ Go ပါ ။ ဒါကလည်း ကိုယ့်ပေးဆပ်ခဲ့မှုကို ကိုယ်အကြွင်းမဲ့ ယုံကြည်သလို တဖက်လူလည်း ပြန်တွေးမိမယ် ဆိုတာ သေချာ သိနေလို့ပါ ။


အသဲခွဲခံရတဲ့အခါ (၂) ကြိမ် ထက် မပိုတဲ့ ကြိုးစားမှုပဲ ရှိတတ်တာက မာန သိပ်ကြီးကြ လို့ပါ ။ အသဲကွဲရင် အလွန်ဆုံး ငိုရ (၁) ပတ်ပါ ။ ငါ အရမ်းကြီး ချစ်ခဲ့တာ သိရက်နဲ့ ထွက်သွားတာကို ငါက ဘာလို့ ခံစားနေရမှာလဲ ဆိုပီး စိတ်ကို တင်းထားတတ် ကြပါတယ် ။

နောက်တယောက်နဲ့ ရွဲ့ပီး မတွဲပြတတ်သလို ကိုယ့်ကိုရွဲ့ပီး တွဲပြရင်တောင် အချစ်တွေ ပွင့်အန် မလာနိုင်တဲ့အပြင် သူက အဲ့လိုတောင် ဖြစ်သွားပီလား ဆိုပီး ဝေးဝေးက တွေးပေးတတ်ကြ သူတွေပါ ။


အသဲခွဲသွားသူက ကိုယ့်ကို လွမ်းနေပြီဆိုတာ သိရင်တောင် စိတ်မပါသေးရင် နင်လည်း ပြန်လွမ်း ပြန်ခံစားနေ လိုက်ဦး ဆိုပီး ကြိတ် ကြည်နူးတတ်ကြ ပါသေးတယ် ။

ချစ်သူကို ငုံထားမတတ် ၊ တုန်နေအောင် ချစ်ပေမယ့် ထုတ်မပြတတ် ပါဘူး ။ အချစ်ခံရတဲ့သူ ကတော့ ကိုယ့်အချစ်ကို အလိုလို သိနားလည်နေ ပါလိမ့်မယ် ။ တခါတလေမှ သိပ်ချစ်တဲ့ အကြောင်း Talky ကောင်းကောင်း နဲ့ ပြောပြတတ် ကြပါတယ် ။


ချစ်သူက အမှား လုပ်ထားရင်တောင် အာရုံ မရသေးရင် အဲ့ကိစ္စ မပြော မရှင်းသေး ပါဘူး ။ ပြောပြီ ဆိုရင်တော့ ချက်ကျလက်ကျ ပါပဲ ။ တခါတလေ ကျတော့ လုံးဝမပြောတော့ပဲ ငါသိထားတယ် ဆိုတာမျိုး တနည်းနည်းနဲ့ လုပ်ပြ တတ်တယ် ။ ဘယ်အရာမဆို စောစော သိတာနဲ့ နောက်ကျသိတာပဲ ကွာတယ် ။

ချစ်သူ ကိစ္စဆို အားလုံး သိနေတတ်တယ်။ ကိုယ့်ချစ်သူ မှားမှား မှန်မှန် လူတွေရှေ့မှာ ချစ်သူကို ကာကွယ်ပြောပေး တတ်တယ် ။ နှစ်ယောက်ထဲ ရှိမှ မှားနေကြောင်း ပြောတတ်တဲ့ ရင့်ကျက်မှုကြောင့် ချစ်သူက ကျေနပ်နေတတ် ပါတယ် ။


ချစ်နေချိန်မှာ ရူးမတတ် ချစ်တတ်သလို အဆက်ပြတ်ပြီ ဆိုလဲ လှည့်မကြည့်တတ်လို့ ကိုယ့်ချစ်သူက ကိုယ့်ကို ဆုံးရှုံးမှာ နောက်တကြိမ် ပြန်လည် မပိုင်ဆိုင်ရမှာ သိပ် စိုးရိမ်နေတယ် ဆိုတာ A သွေး ပိုင်ရှင်လေးတို့ သိကြပါရဲ့လား ?

 

For Zawgyi

A သွေး ပိုင်ရှင်လေးတွေရဲ့ အချစ်ရေး














