အေထြအေထြဗဟုသုတ

ချစ်သူရွေးတော့မယ်ဆိုရင် ဘာကိုရှောင်ပီး ဘာကိုဆောင်ရမလဲ

ချစ်သူထားမယ်ဆိုရင်..

ဘဝအတွက် ချစ်သူရွေးတော့မယ် ဆိုရင် အလှအပ သိပ်ကြိုက်တဲ့ ချစ်သူမျိုးကိုရှောင်..

သူကြိုက်တာ မင်းရဲ့ချောမောလှပမှု ကိုပါ။ တစ်နေ့ မင်း အလှပျက်သွားတဲ့အချိန်၊ တစ်နေ့ မင်း မပြင်မဆင် မခြယ်သနိုင်တော့အချိန် သူ့ အချစ်တွေပါ လိုက်ပျက်သွားလိမ့်မယ်။ အဲ့အချိန် သူက တစ်ခြားသော အလှအပဆီကို ကူးပြောင်းပြီး နောက်အလှတစ်ခုကို ခံစားနေပါလိမ့်မယ်။

 

ချစ်သူထားတော့မယ် ဆိုရင် တဏှာရာဂ (ခပ်ရိုင်းရိုင်းဒဲ့ပြောရရင် ) မင်းခန္ဓာကိုယ် အချိုးအစားနဲ့ မင်းရဲ့ဖွံ့ထွားမှုကို တပ်မက်တဲ့ မျက်လုံးမျိုးနဲ့ကြည့်တတ်တဲ့သူကိုရှောင်..

တစ်ချိန် မင်းရဲ့ခန္ဓာကို အသည်းအသန်တောင်းခံပြီး တာဝန်မဲ့တဲ့ လုပ်ရပ်တွေနဲ့ မင်းကို ချန်ထားခဲ့လိမ့်မယ်။

ချစ်သူထားတော့မယ်ဆိုရင် မင်းဆီ တစ်ချိန်လုံး sms ပို့ပြီး ” ချစ်တယ် အရမ်းချစ်တယ် ” ဆိုတဲ့စကား ခဏခဏ ပြောတတ်တဲ့ သူကိုရှောင်..

 

ချစ်သူစဖြစ်ကာစမို့သာ ပြောနေတာ အချိန်လေးကြာလာတဲ့အမျှ ” ချစ်တယ် ” ဆိုတဲ့စကားကို မင်းကိုပြောဖို့ ဝန်လေးနေသလို အချစ်တွေလည်း လျော့တိလျောရဲ ဖြစ်လာလိမ့်မယ်။

ချစ်သူထားတော့မယ်ဆိုရင် အပြစ်တစ်ခုရှိ ဝန်မခံတတ်ပဲ လှည့်ပတ် လိမ်လည်တတ်တဲ့ ချစ်သူမျိုးကိုရှောင်..

မင်းခွင့်လွှတ်နိုင်စရာမရှိတဲ့ ကိစ္စမျိုးကိုတောင် လှလှပပ သူလိမ်ပြလိမ့်မယ်။ ချစ်နေတုန်းမို့ မင်းခွင့်လွှတ်ပေမယ့် တစ်ချိန် မင်းကိုထားပြီး ဖောက်ပြန်ခြံခုန်လိမ့်မယ်။

 

ချစ်သူထားတော့မယ်ဆိုရင် ကိုယ်ချစ်တဲ့ ချစ်သူကို ဘယ်လို အနေအထားမျိုးမှာဖြစ်ဖြစ် ပတ်ဝန်းကျင်ရှေ့ လက်တွဲရဲတဲ့ ချစ်သူမျိုးကိုရှာ..

ကိုယ့်လုပ်ရပ်အတွက် တာဝန်ယူစိတ် အပြည့်ရှိတဲ့ ယောက်ျားကောင်းမျိုးကိုရှာ..

လောကမှာ ဖောက်ပြန်ဖို့ရာ လွယ်ကူပေမယ့် သစ္စာရှိဖို့ရာ အရမ်းခက်ခဲတယ်။ အပြစ်ကျုးလွန်ဖို့ရာ သိပ်လွယ်ကူပေမယ့် ဝန်ခံတတ်ဖို့ရာ အရမ်း ခက်ခဲတယ်။ ” ချစ်တယ် ” ဆိုတဲ့စကား နှုတ်ဖျားလေးမှာ ပြောဖို့ရာ လွယ်ကူပေမယ့် ကောင်းတူဆိုးဖက် လက်ထပ်ဖို့ရာ အရမ်းခက်ခဲတယ်။

 

မေတ္တာဖြင့်

သူသူဟိန်း

 

For Zawgyi

ခ်စ္သူေ႐ြးေတာ့မယ္ဆိုရင္ ဘာကိုေရွာင္ပီး ဘာကိုေဆာင္ရမလဲ

ခ်စ္သူထားမယ္ဆိုရင္..

ဘဝအတြက္ ခ်စ္သူေ႐ြးေတာ့မယ္ဆိုရင္ အလွအပ သိပ္ႀကိဳက္တဲ့ ခ်စ္သူမ်ိဳးကိုေရွာင္..

သူႀကိဳက္တာ မင္းရဲ႕ေခ်ာေမာလွပမႈ ကိုပါ။ တစ္ေန႔ မင္း အလွပ်က္သြားတဲ့အခ်ိန္၊ တစ္ေန႔ မင္း မျပင္မဆင္ မျခယ္သႏိုင္ေတာ့အခ်ိန္ သူ႔ အခ်စ္ေတြပါ လိုက္ပ်က္သြားလိမ့္မယ္။ အဲ့အခ်ိန္ သူက တစ္ျခားေသာ အလွအပဆီကို ကူးေျပာင္းၿပီး ေနာက္အလွတစ္ခုကို ခံစားေနပါလိမ့္မယ္။

 

ခ်စ္သူထားေတာ့မယ္ ဆိုရင္ တဏွာရာဂ (ခပ္႐ိုင္း႐ိုင္းဒဲ့ေျပာရရင္ ) မင္းခႏၶာကိုယ္ အခ်ိဳးအစားနဲ႔ မင္းရဲ႕ဖြံ႕ထြားမႈကို တပ္မက္တဲ့ မ်က္လုံးမ်ိဳးနဲ႔ၾကည့္တတ္တဲ့သူကိုေရွာင္..

တစ္ခ်ိန္ မင္းရဲ႕ခႏၶာကို အသည္းအသန္ေတာင္းခံၿပီး တာဝန္မဲ့တဲ့ လုပ္ရပ္ေတြနဲ႔ မင္းကို ခ်န္ထားခဲ့လိမ့္မယ္။

ခ်စ္သူထားေတာ့မယ္ဆိုရင္ မင္းဆီ တစ္ခ်ိန္လုံး sms ပို႔ၿပီး ” ခ်စ္တယ္ အရမ္းခ်စ္တယ္ ” ဆိုတဲ့စကား ခဏခဏ ေျပာတတ္တဲ့ သူကိုေရွာင္..

 

ခ်စ္သူစျဖစ္ကာစမို႔သာ ေျပာေနတာ အခ်ိန္ေလးၾကာလာတဲ့အမွ် ” ခ်စ္တယ္ ” ဆိုတဲ့စကားကို မင္းကိုေျပာဖို႔ ဝန္ေလးေနသလို အခ်စ္ေတြလည္း ေလ်ာ့တိေလ်ာရဲ ျဖစ္လာလိမ့္မယ္။

ခ်စ္သူထားေတာ့မယ္ဆိုရင္ အျပစ္တစ္ခုရွိ ဝန္မခံတတ္ပဲ လွည့္ပတ္ လိမ္လည္တတ္တဲ့ ခ်စ္သူမ်ိဳးကိုေရွာင္..

 

မင္းခြင့္လႊတ္ႏိုင္စရာမရွိတဲ့ ကိစၥမ်ိဳးကိုေတာင္ လွလွပပ သူလိမ္ျပလိမ့္မယ္။ ခ်စ္ေနတုန္းမို႔ မင္းခြင့္လႊတ္ေပမယ့္ တစ္ခ်ိန္ မင္းကိုထားၿပီး ေဖာက္ျပန္ၿခံခုန္လိမ့္မယ္။

ခ်စ္သူထားေတာ့မယ္ဆိုရင္ ကိုယ္ခ်စ္တဲ့ ခ်စ္သူကို ဘယ္လို အေနအထားမ်ိဳးမွာျဖစ္ျဖစ္ ပတ္ဝန္းက်င္ေရွ႕ လက္တြဲရဲတဲ့ ခ်စ္သူမ်ိဳးကိုရွာ..

ကိုယ့္လုပ္ရပ္အတြက္ တာဝန္ယူစိတ္ အျပည့္ရွိတဲ့ ေယာက္်ားေကာင္းမ်ိဳးကိုရွာ..

 

ေလာကမွာ ေဖာက္ျပန္ဖို႔ရာ လြယ္ကူေပမယ့္ သစၥာရွိဖို႔ရာ အရမ္းခက္ခဲတယ္။ အျပစ္က်ဳးလြန္ဖို႔ရာ သိပ္လြယ္ကူေပမယ့္ ဝန္ခံတတ္ဖို႔ရာ အရမ္း ခက္ခဲတယ္။ ” ခ်စ္တယ္ ” ဆိုတဲ့စကား ႏႈတ္ဖ်ားေလးမွာ ေျပာဖို႔ရာ လြယ္ကူေပမယ့္ ေကာင္းတူဆိုးဖက္ လက္ထပ္ဖို႔ရာ အရမ္းခက္ခဲတယ္။

 

ေမတၱာျဖင့္

သူသူဟိန္း