အေထြအေထြဗဟုသုတ

လူတစ်ယောက်ရဲ့ဘဝမှာ ပိုက်ဆံနဲ့ ဝယ်ဖို့လိုအပ်တဲ့ ပျော်ရွှင်မှု (၄)မျိုး

ပျော်ရွှင်မှုကို ငွေနဲ့ဝယ်လို့ မရဘူးဆိုတဲ့ စကားလေးတစ်ခွန်းကို လူတိုင်း ကြားဖူးကြမှာပါ။

အဲ့ဒါဟာ အလွန်မှန်ကန်တဲ့ စကားလေးဖြစ်ပြီး ငွေရှိပေမယ့်လည်း အတ္တတွေ၊ မာနတွေ ဖုံးလွှမ်းပြီး စိတ်ကောင်းမရှိရင်၊ ဘဝမှာ ကိုယ့်ကိုချစ်တဲ့သူ၊ ကိုယ်ကချစ်တဲ့သူတွေ မရှိရင်၊ နွေးထွေးမှု မရှိရင် ရှိတဲ့ ပိုက်ဆံတွေဟာ အလကားပဲဆိုတာကို သတိပေးထားတာလည်းဖြစ်ပါတယ်။

ဒါပေမယ့် စိတ်မကောင်းစွာနဲ့ပဲ ပိုက်ဆံရှိမှ လုပ်လို့ရမယ့် အရာတွေ ဆိုတာလည်း ရှိကို ရှိနေပါတယ်။ ဖတ်ကြည့် ပါဦးနော် …။

 

(၁) တခြား သူတွေ အတွက် မျှဝေခြင်း ”

ကိုယ့်ထက် အားနည်းချို့တဲ့ သူတွေကို တွေ့တဲ့အချိန်မှာ ကူညီချင်ပေမယ့်၊ အမှန်တကယ် ဒုက္ခတွေ့နေလို့ အကူအညီလိုနေသူ တစ်ယောက်ကို ကူညီချင်ပေမယ့်၊

ကိုယ့်မိသားစုဝင် တစ်ယောက်ယောက်၊ ဆွေမျိုး အသိုင်းအဝိုင်းထဲက လူတစ်ယောက်ယောက် အကူအညီလိုနေပေမယ့်

ကိုယ့်မှာ ပိုက်ဆံမရှိရင် ဘာအကူအညီမှ ပေးနိုင်မှာ မဟုတ်သလို၊ ဘာမှလည်း မတတ်နိုင်ဘဲ စိတ်မကောင်း ဖြစ်နေရမှာပါ။ ဒါကြောင့် တခြား လိုအပ်နေသူတွေကို ဝေမျှဖို့ ကိုယ့်မှာ ပိုက်ဆံရှိဖို့ လိုပါတယ် …။

 

(၂) ကိုယ့် နေ့စဉ် အသုံး စရိတ် အတွက် ပူပင် စရာ မလိုတဲ့ ဘ၀ ”

လူတစ်ယောက်က ကိုယ့်ရဲ့ အခြေခံ လိုအပ်ချက်တွေကို ကိုယ်တိုင် မဖြေရှင်းနိုင်ဘူး၊ ကိုယ့်ကိုယ်ကို တာဝန်မယူနိုင်ဘူး ဆိုရင် သူ့ကိုယ်သူ ယုံကြည်မှုလည်း မရှိနိုင်သလို၊ သူ့ဘဝကိုလည်း ကျေနပ်မှုရှိမှာ မဟုတ်ပါဘူး။

ဒီတော့ ကိုယ့်ရဲ့ အခြေခံ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့အတွက် နေ့စဉ်အသုံးစရိတ်ကို ရှင်းနိုင်တဲ့သူဖြစ်ဖို့ လိုပါတယ်။ အဲ့ဒီနေ့စဉ် အသုံးစရိတ်တွေကို ရှင်းဖို့ ပိုက်ဆံ လိုအပ် ပါ တယ် …။

 

(၃) အောက်ကျ နောက်ကျ ခံ စရာ မလိုတဲ့ အခြေ အနေ ”

ကိုယ့်မှာ လိုအပ်လာရင် ကိုယ်တိုင် ဖြေရှင်းနိုင်ဖို့အတွက် ပိုက်ဆံရှိဖို့ လိုပါတယ်။ ကိုယ့်လက်ထဲမှာ ပိုက်ဆံမရှိတဲ့အခါ သူများဆီမှာ အောက်ကျ နောက်ကျခံပြီး ပြောဆို အကူအညီ တောင်းရပါတယ်။

နောက်ဆုံး ကိုယ့်မိသားစု အချင်းချင်းမှာတောင် ပိုက်ဆံအတွက် စကားပြောရတာ အရမ်း အောက်ကျပါတယ်။ ဒါကြောင့် ဒီလို မလုပ်ချင်ရင် အခက်အခဲ ဖြစ်လာချိန်မှာ ဖြေရှင်းဖို့ လက်ထဲမှာ ပိုက်ဆံရှိဖို့ လိုပါတယ် …။

 

(၄) ကိုယ့်ရဲ့ ရည်မှန်းချက်၊ အိပ်မက်တွေ ”

ပြီးခဲ့တဲ့ရက်တွေက ဆိုရှယ် မီဒီယာပေါ်မှာ ရေပန်းစားသွားတဲ့ စကားလုံးလေး တစ်ခုကို တွေ့လိုက်ပါတယ်။ အဲ့ဒါကတော့ Rich Kid မဟုတ်တော့ အိပ်မက်တွေက ဈေးကြီးတယ် ဆိုတဲ့ စကားလေးပါ။

အဲ့ဒီစကားလေးက ရာနှုန်းပြည့်တော့ မမှန်ပေမယ့် တချို့တဝက်တော့ မှန်နေတယ်ဆိုတာ လက်မခံချင်လို့ မရပါဘူး။ ကိုယ့်ရည်မှန်းချက်၊ အိပ်မက်တွေကို အကောင်အထည် ဖော်ရာမှာ ပိုက်ဆံရှိတဲ့အခါ ပိုလွယ်ကူ တတ်ပါတယ်။

ဒါကြောင့် အိပ်မက်တွေ၊ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ အတွက်လည်း ပိုက်ဆံလိုပါတယ် နော် …။

 

MAY THAZINHTOO
Credit to writer

Zawgyi

 

လူတစ္ေယာက္ရဲ႕ဘဝမွာ ပိုက္ဆံနဲ႔ ဝယ္ဖို႔လိုအပ္တဲ့ ေပ်ာ္႐ႊင္မႈ (၄)မ်ိဳး
ေပ်ာ္႐ႊင္မႈကို ေငြနဲ႔ဝယ္လို႔ မရဘူးဆိုတဲ့ စကားေလးတစ္ခြန္းကို လူတိုင္း ၾကားဖူးၾကမွာပါ။

အဲ့ဒါဟာ အလြန္မွန္ကန္တဲ့ စကားေလးျဖစ္ၿပီး ေငြရွိေပမယ့္လည္း အတၱေတြ၊ မာနေတြ ဖုံးလႊမ္းၿပီး စိတ္ေကာင္းမရွိရင္၊ ဘဝမွာ ကိုယ့္ကိုခ်စ္တဲ့သူ၊ ကိုယ္ကခ်စ္တဲ့သူေတြ မရွိရင္၊ ေႏြးေထြးမႈ မရွိရင္ ရွိတဲ့ ပိုက္ဆံေတြဟာ အလကားပဲဆိုတာကို သတိေပးထားတာလည္းျဖစ္ပါတယ္။

ဒါေပမယ့္ စိတ္မေကာင္းစြာနဲ႔ပဲ ပိုက္ဆံရွိမွ လုပ္လို႔ရမယ့္ အရာေတြ ဆိုတာလည္း ရွိကို ရွိေနပါတယ္။ ဖတ္ၾကည့္ ပါဦးေနာ္ …။

 

(၁) တျခား သူေတြ အတြက္ မွ်ေဝျခင္း ”

ကိုယ့္ထက္ အားနည္းခ်ိဳ႕တဲ့ သူေတြကို ေတြ႕တဲ့အခ်ိန္မွာ ကူညီခ်င္ေပမယ့္၊ အမွန္တကယ္ ဒုကၡေတြ႕ေနလို႔ အကူအညီလိုေနသူ တစ္ေယာက္ကို ကူညီခ်င္ေပမယ့္၊

ကိုယ့္မိသားစုဝင္ တစ္ေယာက္ေယာက္၊ ေဆြမ်ိဳး အသိုင္းအဝိုင္းထဲက လူတစ္ေယာက္ေယာက္ အကူအညီလိုေနေပမယ့္

ကိုယ့္မွာ ပိုက္ဆံမရွိရင္ ဘာအကူအညီမွ ေပးႏိုင္မွာ မဟုတ္သလို၊ ဘာမွလည္း မတတ္ႏိုင္ဘဲ စိတ္မေကာင္း ျဖစ္ေနရမွာပါ။ ဒါေၾကာင့္ တျခား လိုအပ္ေနသူေတြကို ေဝမွ်ဖို႔ ကိုယ့္မွာ ပိုက္ဆံရွိဖို႔ လိုပါတယ္ …။

 

(၂) ကိုယ့္ ေန႔စဥ္ အသုံး စရိတ္ အတြက္ ပူပင္ စရာ မလိုတဲ့ ဘ၀ ”

လူတစ္ေယာက္က ကိုယ့္ရဲ႕ အေျခခံ လိုအပ္ခ်က္ေတြကို ကိုယ္တိုင္ မေျဖရွင္းႏိုင္ဘူး၊ ကိုယ့္ကိုယ္ကို တာဝန္မယူႏိုင္ဘူး ဆိုရင္ သူ႔ကိုယ္သူ ယုံၾကည္မႈလည္း မရွိႏိုင္သလို၊ သူ႔ဘဝကိုလည္း ေက်နပ္မႈရွိမွာ မဟုတ္ပါဘူး။

ဒီေတာ့ ကိုယ့္ရဲ႕ အေျခခံ လိုအပ္ခ်က္ေတြကို ျဖည့္ဆည္းဖို႔အတြက္ ေန႔စဥ္အသုံးစရိတ္ကို ရွင္းႏိုင္တဲ့သူျဖစ္ဖို႔ လိုပါတယ္။ အဲ့ဒီေန႔စဥ္ အသုံးစရိတ္ေတြကို ရွင္းဖို႔ ပိုက္ဆံ လိုအပ္ ပါ တယ္ …။

 

(၃) ေအာက္က် ေနာက္က် ခံ စရာ မလိုတဲ့ အေျခ အေန ”

ကိုယ့္မွာ လိုအပ္လာရင္ ကိုယ္တိုင္ ေျဖရွင္းႏိုင္ဖို႔အတြက္ ပိုက္ဆံရွိဖို႔ လိုပါတယ္။ ကိုယ့္လက္ထဲမွာ ပိုက္ဆံမရွိတဲ့အခါ သူမ်ားဆီမွာ ေအာက္က် ေနာက္က်ခံၿပီး ေျပာဆို အကူအညီ ေတာင္းရပါတယ္။

ေနာက္ဆုံး ကိုယ့္မိသားစု အခ်င္းခ်င္းမွာေတာင္ ပိုက္ဆံအတြက္ စကားေျပာရတာ အရမ္း ေအာက္က်ပါတယ္။ ဒါေၾကာင့္ ဒီလို မလုပ္ခ်င္ရင္ အခက္အခဲ ျဖစ္လာခ်ိန္မွာ ေျဖရွင္းဖို႔ လက္ထဲမွာ ပိုက္ဆံရွိဖို႔ လိုပါတယ္ …။

 

(၄) ကိုယ့္ရဲ႕ ရည္မွန္းခ်က္၊ အိပ္မက္ေတြ ”

ၿပီးခဲ့တဲ့ရက္ေတြက ဆိုရွယ္ မီဒီယာေပၚမွာ ေရပန္းစားသြားတဲ့ စကားလုံးေလး တစ္ခုကို ေတြ႕လိုက္ပါတယ္။ အဲ့ဒါကေတာ့ Rich Kid မဟုတ္ေတာ့ အိပ္မက္ေတြက ေဈးႀကီးတယ္ ဆိုတဲ့ စကားေလးပါ။

အဲ့ဒီစကားေလးက ရာႏႈန္းျပည့္ေတာ့ မမွန္ေပမယ့္ တခ်ိဳ႕တဝက္ေတာ့ မွန္ေနတယ္ဆိုတာ လက္မခံခ်င္လို႔ မရပါဘူး။ ကိုယ့္ရည္မွန္းခ်က္၊ အိပ္မက္ေတြကို အေကာင္အထည္ ေဖာ္ရာမွာ ပိုက္ဆံရွိတဲ့အခါ ပိုလြယ္ကူ တတ္ပါတယ္။

ဒါေၾကာင့္ အိပ္မက္ေတြ၊ ရည္မွန္းခ်က္ေတြကို အေကာင္အထည္ေဖာ္ဖို႔ အတြက္လည္း ပိုက္ဆံလိုပါတယ္ ေနာ္ …။ ။