အေထြအေထြဗဟုသုတ

အဘိုးႀကီးက လင္မယားႏွစ္ေယာက္ကို လစာ ၅သိန္းေပးၿပီး ေနစရာလည္းေပးတယ္ ဆန္တစ္အိတ္၊ဆီ၁ပုံးနဲ႔ေဘာက္ဆူးအျဖစ္​ပိုက္ဆံ၁၅သိန္းပါေပးလိုက္တဲ့အခါ

လင္မယားႏွစ္ေယာက္ကို လစာ ၅သိန္းေပးျပီး ေနစရာလည္းေပးတယ္…

ဆန္တစ္အိတ္​ဆီ၁ပုံးနဲ႕ေဘာက္ဆူးအျဖစ္​ပိုက္ဆံ၁၅သိန္းေပးလိုက္ေသာအခါ

လင္မယားစုံတြဲတစ္တြဲဟာ အဖိုးအိုတစ္ေယာက္ဆီမွာ အလုပ္လုပ္ၾကပါတယ္

အဖိုးအိုက အဲ့လင္မယားကို တစ္ေယာက္၂သိန္းခြဲဆီ လစာေပးထားၿပီး၂ေယာက္ေပါင္း ၅သိန္းမွန္မွန္ေပးပါတယ္…။

ေနစရာလည္းေပးတယ္​ဆန္တစ္အိတ္​ဆီ၁ပုံးနဲ႔ ငါးေျခာက္ေတြဘာေတြပါ​ေထာက္ပံ့ေပးၿပီး စရိတ္ၿငိမ္းထားေပးတာပါ…။

သူတို႔လင္​မယားႏွစ္ေယာက္ရဲ႕ တာဝန္က တစ္ရက္ကို၂ခါ မနက္တစ္ေခါက္​ညေနတစ္ေခါက္​

အဘိုးႀကီးရဲ႕ငါးကန္ထဲက ငါးေတြကို ငါးစာေကၽြးေပးယုံပါပဲ။

အဲ့အလုပ္ၿပီးတာနဲ႔ သူတို႔လင္မယား စုံတြဲလုပ္ခ်င္ရာလုပ္လို႔ရပါတယ္။ သူတို႔အေနနဲ႔ဘာမွလုပ္စရာမလိုပါဘူး။

သူတို႔​ေနတဲ့ၿခံေပါင္းေတြျမက္ေတြထူလာရင္နဲနဲပါးပါး ရွင္းယုံကလြဲလို႔​ေပါ့။

အဖိုးႀကီးက သူ႔အလုပ္သမားေတြကိုဘာလုပ္ရမယ္​ဘယ္လိုေနရမယ္လို႔ မသတ္မွတ္ထားပါဘူး။

သူကိုယ္တိုင္လည္းတစ္လေနမွ၂ေခါက္​၃ ေခါက္ေလာက္ပဲၿခံထဲကိုလာတတ္တာပါ။

အဲ့တာကလည္​း ငါးစာလာပို႔ တဲ့အခါရိကၡာနဲ႔လစာ လာထုတ္​​ေပးတဲ့အခါေတြမွသာ​ေရာက္လာတတ္တာပါ။

ဒီလိုနဲ႔၂ ႏွစ္ေက်ာ္ၾကာလာေတာ့ အဖိုးႀကီးဟာ ငါးကန္ထဲကငါးေတြထုတ္ေရာင္းပါတယ္။

အဖိုးအိုဟာ ငါးေတြေရာင္းလို႔ရတာအျမတ္​သိန္း ၃၀၀ေလာက္ရလိုက္​ပါတယ္။

သူဟာ သူ႔အလုပ္သမားလင္မယား၂ေယာက္ကို ​ေဘာက္ဆူးအျဖစ္​ပိုက္ဆံ ၁၅သိန္းေပးပါတယ္…။

ၿပီးေတာ့ သူတို႔လင္မယားကို ေမြးရပ္ေၿမ နဲ႔ေဆြမ်ိဳးေတြဆီ အလည္သြားလို႔ရေအာင္​နားရက္ခြင့္ရက္ရွည္ ၁လ ေလာက္​ေပးလိုက္ပါတယ္။

ဒီအျပင္​ လမ္းစရိတ္လည္းထပ္ထုတ္ေပးလိုက္ပါ​ေသးတယ္…။

ဒီအေၾကာင္းေတြကို အဖိုးႀကီးရဲ ဇနီးအဖြားႀကီးကသိသြားေတာ့ အဖိုးႀကီးကို ဆူပါေရာ…။ဘာလို႔ သူ႔ကိုမတိုင္ပင္ရတာလည္း

ဘာေၾကာင့္အလုပ္သမားေတြကို အဲ့ေလာက္အခြင့္အေရးေတြ​ေပးရက္ေရာရတာလည္းေပါ႔…။

စရိတ္ၿငိမ္းလည္း ေနစရာေပးထားတင္​ေကၽြးထားတယ္​။ လစာလည္းေလာက္ငွေအာင္​ေပးထားတယ္။

ဒီၾကားထဲ ေဘာက္ဆူးက၁၅သိန္းေတာင္​​ေပးစရာလား…။

လမ္းစရိတ္ကပါ ထပ္ထုတ္ေပးလိုက္ေသးတယ္ဆိုေတာ့ ရွင္ဦးေႏွာက္ေတြေခ်ာင္ကုန္တာလား…

ဘာလို႔ကၽြန္​မကိုမတိုင္ပင္ရတာလည္းလို႔ ပြမ္ပါေလေရာ…။

အဖိုးႀကီးက အဖြားႀကီးဆူ​ေနတာကို ၾကည့္ၿပီးရီေနတယ္။ ၿပီးေတာ့ သူ႔ရဲ့ဇနီးကို​ေျပာတာနင္ပြမ္လို႔ၿပီးရင္​ငါေျပာျပမယ္…။

ငါငယ္ငယ္တုန္းက ငါေနတဲ့ရြာကရြာသားေတြဟာ တယ္သီးေတြစိုက္ပ်ိဳးေရာင္းခ်ၾကတဲ့အလုပ္လုပ္ၾကတယ္​တစ္ရြာလုံးတယ္ပင္ပဲစိုက္စားၾကတယ္…။

ေဆာင္းတြင္း တစ္တြင္းမွာ တယ္သီးေတြတစ္အားေစ်းေကာင္းတာနဲ႔ ရြာသားေတြသူ႔ထက္ငါအၿပိဳင္​

တယ္သီးေတြခူး​ေရာင္းၾကတာ အပင္ေပၚမွာ တယ္သီးတစ္လုံးတစ္ေလေတာင္မက်န္ဘူး …

ျဖစ္ခ်င္ေတာ့အဲ့ဒီႏွစ္ေဆာင္းတြင္းက ခါတိုင္းႏွစ္ေတြထက္​ပိုၾကာတယ္။ၿပီးေတာ့ အခ်မ္းပိုတာတအားပဲ ႏွင္းေတြဆို​ေဖြးေနေအာင္က်တာ…။

တယ္ပင္​ကိုမွီခိုၿပီးရွင္သန္ေနၾကတာက ရြားသားေတြခ်ည္းပဲမဟုတ္ဘူး။သာလိကာ တစ္အုပ္ႀကီးလည္းရွိတယ္….သူတို႔ေတြက အေကာင္ရာနဲခ်ီၿပီးရွိတာ…။

တစ္ပင္ကို မိသားစုတစ္စု၂စု စသျဖင့္စုၿပီး​ေနၾကတာ…အဲ့ဒီႏွစ္​တယ္သီးေတြကလည္းမက်န္​ရာသီဥတုကလည္း တစ္အားေအးေတာ့

သာလိကာေတြအစာငတ္ၿပီး အကုန္ေသကုန္ၾကေရာ…။

ရြာသားတစ္ခ်ိဳ႔ကေတာ့​ေျပာတာ ေအးတာပဲတဲ့ နားညဥ္းသက္တာတာေပါ့တဲ့…။

မိုးဦးက်လို႔ တယ္ပင္ေတြ အညြန္႔ထြက္တဲ့အခ်ိန္လည္းေရာက္ေရာ ဘယ္က​ေရာက္လာမွန္းမသိတဲ့ပိုးေကာင္ေတြ ​

ေဘာက္ဖတ္ေတြ အမ်ားႀကီးပဲ တယ္ပင္ရဲ႕အရြက္ေတြအညြန္႔ေတြအကုန္​စားပစ္တာ…။

တယ္သီးအကင္းေတာင္​မသီးလိုက္ရဘူး အဖူးအငုံအကုန္စားတာ ရြာသားေတြ ဘာမွမတတ္နိုင္ၾကဘူး…..

အဲ့လိုနဲ႔ အဲ့ဒီႏွစ္​ရြာသားေတြ တယ္သီးတစ္လုံးေတာင္​မရလိုက္ဘူ တဲ့……

အေၾကာင္းရင္းစစ္လိုက္ေတာ့ ခါတိုင္းဆိုသာလိကာေတြက ေဆာင္းတြင္းမွာ တယ္သီးစားၿပီးမိုးတြင္းက်

တယ္ပင္က ပိုးေကာင္မြားေကာင္ေတြရွာစားၾကေတာ့ တယ္သီးေတြ အႏၲရာယ္ကင္းကင္းနဲ႔ သီးနိုင္ခဲ့တယ္…။

ခုေတာ့ သာလိကာေတြမရွိၾကေတာ့ ပိုးေကာင္​ေတြကိုႏွိမ္နင္းေပးမဲ့သူမရွိေတာ့တဲ့အခါမွ

ရြာသားေတြဟာ သာလိကာေတြရဲ့ ေက်းဇူးကိုသိၾကရေတာ့တယ္…။

ဒီလိုနဲ႔ ​ေနာက္ႏွစ္ေတြမွာ ရြာသားေတြဟာ သာလိကာေပါက္ေလးေတြ သြားရွာလာၿပီး

တယ္ပင္ေတြမွာ ေကၽြးေမြးထားၿပီး တယ္သီးေတြ ခ်န္ထား​ေပးၾကေတာ့တယ္…။

သာလိကာေတြကလည္း​ေက်းဇူးသိတတ္စြာနဲ႔ တစ္ႏွစ္ပတ္လုံး ဘယ္ကိုမွမသြားေတာ့ပဲ တယ္ပင္ေတြကို​

ေစာင့္ေရွာက္ေပးရင္း အျပန္အလွန္​အက်ိဳးျပဳလာခဲ့ၾကေတာ့တယ္…။

ငါသာလိကာ​ေတြစားဖို႔ တယ္သီးေလးေတြခ်န္ထားတာ ငါအတယ္လို႔နင္က​ေျပာခ်င္ေသးသလားလို႔

အဖိုးႀကီးက​ေျပာျပတဲ့အခါ အဖြားႀကီးလည္းသေဘာေပါက္သြားေတာ့တယ္…။

လက္ေအာက္ငယ္သားေတြရဲ့ ဘဝေကာင္းက်ိဳးအတြက္​ၾကည္​့ရႉေစာင့္မေပးျခင္းဟာ လက္ေအာက္ငယ္သားေတြကလည္း

အဖိုးအိုအေပၚ ေက်းဇူးျပန္လည္​သိတတ္ေစခဲ့ပါေတာ့တယ္…။

တကယ္ေတာ့အဖိုးအိုဟာ အျမတ္မ်ားမ်ားရတဲ့အတြက္​ေဘာက္ဆူးမ်ားမ်ား​ေပးလိုက္တာဆိုေပမဲ့

တကယ္တမ္းေတာ့ သူ႔အတြက္သူျပန္ေပးလိုက္တာနဲ႔အတူတူပါပဲ…။

လြပ္လပ္မႈဆိုတာ လူတိုင္းအတြက္ျဖစ္ႏိုင္ပါတယ္….ကိုယ္ကသာ ေရြးခ်ယ္မလားဆိုတာမူတည္သြားတာပါ…။

#သင္သိရင္ သင္ေအးခ်မ္းလိမ့္မယ္ (ေလာကသုတ)

Unicode Version

လင်မယားနှစ်ယောက်ကို လစာ ၅သိန်းပေးပြီး နေစရာလည်းပေးတယ်…

ဆန်တစ်အိတ်​ဆီ၁ပုံးနဲ့ဘောက်ဆူးအဖြစ်​ပိုက်ဆံ၁၅သိန်းပေးလိုက်သောအခါ

လင်မယားစုံတွဲတစ်တွဲဟာ အဖိုးအိုတစ်ယောက်ဆီမှာ အလုပ်လုပ်ကြပါတယ်…။

အဖိုးအိုက အဲ့လင်မယားကို တစ်ယောက်၂သိန်းခွဲဆီ လစာပေးထားပြီး၂ယောက်ပေါင်း ၅သိန်းမှန်မှန်ပေးပါတယ်…။

နေစရာလည်းပေးတယ်​ဆန်တစ်အိတ်​ဆီ၁ပုံးနဲ့ ငါးခြောက်တွေဘာတွေပါ​ထောက်ပံ့ပေးပြီး စရိတ်ငြိမ်းထားပေးတာပါ…။

သူတို့လင်​မယားနှစ်ယောက်ရဲ့ တာဝန်က တစ်ရက်ကို၂ခါ မနက်တစ်ခေါက်​ညနေတစ်ခေါက်​

အဘိုးကြီးရဲ့ငါးကန်ထဲက ငါးတွေကို ငါးစာကျွေးပေးယုံပါပဲ။

အဲ့အလုပ်ပြီးတာနဲ့ သူတို့လင်မယား စုံတွဲလုပ်ချင်ရာလုပ်လို့ရပါတယ်။ သူတို့အနေနဲ့ဘာမှလုပ်စရာမလိုပါဘူး။

သူတို့​နေတဲ့ခြံပေါင်းတွေမြက်တွေထူလာရင်နဲနဲပါးပါး ရှင်းယုံကလွဲလို့​ပေါ့။

အဖိုးကြီးက သူ့အလုပ်သမားတွေကိုဘာလုပ်ရမယ်​ဘယ်လိုနေရမယ်လို့ မသတ်မှတ်ထားပါဘူး။

သူကိုယ်တိုင်လည်းတစ်လနေမှ၂ခေါက်​၃ ခေါက်လောက်ပဲခြံထဲကိုလာတတ်တာပါ။

အဲ့တာကလည်​း ငါးစာလာပို့ တဲ့အခါရိက္ခာနဲ့လစာ လာထုတ်​​ပေးတဲ့အခါတွေမှသာ​ရောက်လာတတ်တာပါ။

ဒီလိုနဲ့၂ နှစ်ကျော်ကြာလာတော့ အဖိုးကြီးဟာ ငါးကန်ထဲကငါးတွေထုတ်ရောင်းပါတယ်။

အဖိုးအိုဟာ ငါးတွေရောင်းလို့ရတာအမြတ်​သိန်း ၃ဝဝလောက်ရလိုက်​ပါတယ်။

သူဟာ သူ့အလုပ်သမားလင်မယား၂ယောက်ကို ​ဘောက်ဆူးအဖြစ်​ပိုက်ဆံ ၁၅သိန်းပေးပါတယ်…။

ပြီးတော့ သူတို့လင်မယားကို မွေးရပ်မြေ နဲ့ဆွေမျိုးတွေဆီ အလည်သွားလို့ရအောင်​နားရက်ခွင့်ရက်ရှည် ၁လ လောက်​ပေးလိုက်ပါတယ်။

ဒီအပြင်​ လမ်းစရိတ်လည်းထပ်ထုတ်ပေးလိုက်ပါ​သေးတယ်…။

ဒီအကြောင်းတွေကို အဖိုးကြီးရဲ ဇနီးအဖွားကြီးကသိသွားတော့ အဖိုးကြီးကို ဆူပါရော…။ဘာလို့ သူ့ကိုမတိုင်ပင်ရတာလည်း

ဘာကြောင့်အလုပ်သမားတွေကို အဲ့လောက်အခွင့်အရေးတွေ​ပေးရက်ရောရတာလည်းပေါ့…။

စရိတ်ငြိမ်းလည်း နေစရာပေးထားတင်​ကျွေးထားတယ်​။ လစာလည်းလောက်ငှအောင်​ပေးထားတယ်။

ဒီကြားထဲ ဘောက်ဆူးက၁၅သိန်းတောင်​​ပေးစရာလား…။

လမ်းစရိတ်ကပါ ထပ်ထုတ်ပေးလိုက်သေးတယ်ဆိုတော့ ရှင်ဦးနှောက်တွေချောင်ကုန်တာလား…

ဘာလို့ကျွန်​မကိုမတိုင်ပင်ရတာလည်းလို့ ပွမ်ပါလေရော…။

အဖိုးကြီးက အဖွားကြီးဆူ​နေတာကို ကြည့်ပြီးရီနေတယ်။ ပြီးတော့ သူ့ရဲ့ဇနီးကို​ပြောတာနင်ပွမ်လို့ပြီးရင်​ငါပြောပြမယ်…။

ငါငယ်ငယ်တုန်းက ငါနေတဲ့ရွာကရွာသားတွေဟာ တယ်သီးတွေစိုက်ပျိုးရောင်းချကြတဲ့အလုပ်လုပ်ကြတယ်​တစ်ရွာလုံးတယ်ပင်ပဲစိုက်စားကြတယ်…။

ဆောင်းတွင်း တစ်တွင်းမှာ တယ်သီးတွေတစ်အားစျေးကောင်းတာနဲ့ ရွာသားတွေသူ့ထက်ငါအပြိုင်​

တယ်သီးတွေခူး​ရောင်းကြတာ အပင်ပေါ်မှာ တယ်သီးတစ်လုံးတစ်လေတောင်မကျန်ဘူး …

ဖြစ်ချင်တော့အဲ့ဒီနှစ်ဆောင်းတွင်းက ခါတိုင်းနှစ်တွေထက်​ပိုကြာတယ်။ပြီးတော့ အချမ်းပိုတာတအားပဲ နှင်းတွေဆို​ဖွေးနေအောင်ကျတာ…။

တယ်ပင်​ကိုမှီခိုပြီးရှင်သန်နေကြတာက ရွားသားတွေချည်းပဲမဟုတ်ဘူး။သာလိကာ တစ်အုပ်ကြီးလည်းရှိတယ်….သူတို့တွေက အကောင်ရာနဲချီပြီးရှိတာ…။

တစ်ပင်ကို မိသားစုတစ်စု၂စု စသဖြင့်စုပြီး​နေကြတာ…အဲ့ဒီနှစ်​တယ်သီးတွေကလည်းမကျန်​ရာသီဥတုကလည်း တစ်အားအေးတော့

သာလိကာတွေအစာငတ်ပြီး အကုန်သေကုန်ကြရော…။

ရွာသားတစ်ချို့ကတော့​ပြောတာ အေးတာပဲတဲ့ နားညဉ်းသက်တာတာပေါ့တဲ့…။

မိုးဦးကျလို့ တယ်ပင်တွေ အညွန့်ထွက်တဲ့အချိန်လည်းရောက်ရော ဘယ်က​ရောက်လာမှန်းမသိတဲ့ပိုးကောင်တွေ ​

ဘောက်ဖတ်တွေ အများကြီးပဲ တယ်ပင်ရဲ့အရွက်တွေအညွန့်တွေအကုန်​စားပစ်တာ…။

တယ်သီးအကင်းတောင်​မသီးလိုက်ရဘူး အဖူးအငုံအကုန်စားတာ ရွာသားတွေ ဘာမှမတတ်နိုင်ကြဘူး…..

အဲ့လိုနဲ့ အဲ့ဒီနှစ်​ရွာသားတွေ တယ်သီးတစ်လုံးတောင်​မရလိုက်ဘူ တဲ့……

အကြောင်းရင်းစစ်လိုက်တော့ ခါတိုင်းဆိုသာလိကာတွေက ဆောင်းတွင်းမှာ တယ်သီးစားပြီးမိုးတွင်းကျ

တယ်ပင်က ပိုးကောင်မွားကောင်တွေရှာစားကြတော့ တယ်သီးတွေ အန္တရာယ်ကင်းကင်းနဲ့ သီးနိုင်ခဲ့တယ်…။

ခုတော့ သာလိကာတွေမရှိကြတော့ ပိုးကောင်​တွေကိုနှိမ်နင်းပေးမဲ့သူမရှိတော့တဲ့အခါမှ

ရွာသားတွေဟာ သာလိကာတွေရဲ့ ကျေးဇူးကိုသိကြရတော့တယ်…။

ဒီလိုနဲ့ ​နောက်နှစ်တွေမှာ ရွာသားတွေဟာ သာလိကာပေါက်လေးတွေ သွားရှာလာပြီး

တယ်ပင်တွေမှာ ကျွေးမွေးထားပြီး တယ်သီးတွေ ချန်ထား​ပေးကြတော့တယ်…။

သာလိကာတွေကလည်း​ကျေးဇူးသိတတ်စွာနဲ့ တစ်နှစ်ပတ်လုံး ဘယ်ကိုမှမသွားတော့ပဲ တယ်ပင်တွေကို​

စောင့်ရှောက်ပေးရင်း အပြန်အလှန်​အကျိုးပြုလာခဲ့ကြတော့တယ်…။

ငါသာလိကာ​တွေစားဖို့ တယ်သီးလေးတွေချန်ထားတာ ငါအတယ်လို့နင်က​ပြောချင်သေးသလားလို့

အဖိုးကြီးက​ပြောပြတဲ့အခါ အဖွားကြီးလည်းသဘောပေါက်သွားတော့တယ်

လက်အောက်ငယ်သားတွေရဲ့ ဘဝကောင်းကျိုးအတွက်​ကြည်​့ရှူစောင့်မပေးခြင်းဟာ လက်အောက်ငယ်သားတွေကလည်း

အဖိုးအိုအပေါ် ကျေးဇူးပြန်လည်​သိတတ်စေခဲ့ပါတော့တယ်…။

တကယ်တော့အဖိုးအိုဟာ အမြတ်များများရတဲ့အတွက်​ဘောက်ဆူးများများ​ပေးလိုက်တာဆိုပေမဲ့

တကယ်တမ်းတော့ သူ့အတွက်သူပြန်ပေးလိုက်တာနဲ့အတူတူပါပဲ…။

လွပ်လပ်မှုဆိုတာ လူတိုင်းအတွက်ဖြစ်နိုင်ပါတယ်….ကိုယ်ကသာ ရွေးချယ်မလားဆိုတာမူတည်သွားတာပါ…။

#သင်သိရင် သင်အေးချမ်းလိမ့်မယ် (လောကသုတ)