အေထြအေထြဗဟုသုတ

လမ်းတစ်ခုကိုရွေးချယ်လိုက်ပြီး အဲဒီလမ်းအဆုံးမှာသင့်ကိုဘာကစောင့်မျှော်နေမလဲဆိုတာ ရှာဖွေလိုက်ပါ

လမ်းတစ်ခုကိုရွေးချယ်လိုက်ပြီး အဲဒီလမ်းအဆုံးမှာသင့်ကိုဘာကစောင့်မျှော်နေမလဲဆိုတာ ရှာဖွေလိုက်ပါ

(၁) ရိုးရိုးလမ်းကိုရွေးချယ်လိုက်ပြီဆိုရင်တော့ သင်ဟာ ဘဝကြီးကို ရိုးရိုးရှင်းရှင်းနဲ့ အကျိုးရှိစွာဖြတ်သန်းချင်တယ်ဆိုတဲ့သဘောကိုဆောင်ပါတယ်။ ဘဝမှာ သင်မလုပ်ဘူးဆိုတဲ့အရာတွေ၊ လုပ်ကိုလုပ်ရမယ်ဆိုတဲ့အရာတွေကို စည်းကမ်းချက်ချမှတ်ထားပြီး ဒီစည်းကမ်းတွေနဲ့ပဲ ယုံကြည်မှုရှိစွာဘဝကို ဖြတ်သန်းနေပါတယ်။ နောက်ပြီး ဘဝလမ်းကြောင်း

ရွေးချယ်တဲ့အရာမှာလည်း ရှေ့ကလူတွေ အဆင်ပြေရဲ့လား၊ အဆင်ပြေတယ်ဆိုတာ သေချာတဲ့လမ်းကြောင်းကိုပဲ လျှောက်လှမ်းလေ့ရှိသူတစ်ယောက်ဖြစ်တဲ့အပြင် လမ်းကြောင်းပြောင်းတော့မယ်ဆိုရင်လည်း မူလလမ်းကြောင်းပေါ်မှာ ဝမ်းစာရော၊ ပညာပါ ပြည့်ဝပြီးကာမှ ပြောင်းတတ်သူမလို့ ကြုံတွေ့ရမယ့်အခက်အခဲတွေကိုလည်း လွယ်လွယ်နဲ့ကျော်ဖြတ်နိုင်မယ့်သူတစ်ယောက်ပါ။ လမ်းအဆုံးမှာတော့ သင့်ကို သင်မျှော်မှန်းထားတဲ့ဘဝရဲ့ရလဒ်တွေက စောင့်ကြိုနေပါလိမ့်မယ်။

(၂) ဖောက်ထားတဲ့လမ်းမဟုတ်ဘဲ လမ်းမရှိတဲ့ပုံကို ရွေးချယ်ခဲ့မယ်ဆိုရင်တော့ သင်ဟာတော်တော်လေးရဲရင့်တဲ့သူလို့ ဆိုရမှာပါပဲ။ ဖောက်ပြီးသားလမ်းကိုလျှောက်ချင်တာမျိုးမဟုတ်ဘဲ လျှောက်ရမယ့်လမ်းကို ဖောက်ချင်တဲ့သူပေါ့။ ဒါကြောင့် ကိုယ့်တာဝန်ကိုယူတတ်ပြီး ဆင်ခြေပေးတာတွေကို မကြိုက်တဲ့စိတ်ထားမျိုးရှိနေတတ်ပါတယ်။ နောက် ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုစွမ်းအားသိပ်မြင့်တယ်။ ကြုံတွေ့လာတဲ့အခက်အခဲတွေဟာ သင့်ဘဝအတွက် တိုးတက်မှုတွေကိုပဲ အမြဲဖြစ်စေတတ်ပါသတဲ့။ သင်ကဘဝကို ခက်ခက်ခဲခဲနဲ့အမြင့်ရောက်ဖို့ ကြိုးပမ်းနေချိန် သင်နဲ့ဘယ်သူမှမလိုက်ရဲ၊ သင့်ကိုဘယ်သူမှမယုံကြည်ရင်တောင်မှပဲ သင့်အနေနဲ့ တစ်ယောက်တည်းလည်း အေးဆေးစွန့်စားနိုင်မှာပါ။

(၃) ရထားလမ်းကို ရွေးချယ်လိုက်ပြီဆိုရင်တော့ ဒီလမ်းဟာ သင့်ကို ပုံစံခွက်ထဲက ပန်းတိုင်ကိုအရောက်ပို့ပေးမှာပါတဲ့။ ဆိုလိုချင်တာ သင်ရောက်ချင်လို့ ကြိုးစားနေတဲ့ ပန်းတိုင်ကိုမလွဲမသေရောက်မယ်ဆိုတဲ့သဘောပေါ့။ ဒါပေမဲ့ ဒီလမ်းကိုလျှောက်ရတဲ့အခါ ပင်ပမ်းမယ်၊ ခက်ခဲကြမ်းတမ်းပြီး social life နဲ့ကင်းဝေးသွားတဲ့အခါမျိုး ဖြစ်လာမှာပါ။ ဒါပေမဲ့လို့ ဘယ်လောက်ပဲလဲကျပါစေ၊ မဆုတ်မနစ်တဲ့ဇွဲလုံ့လနဲ့ကြိုးစားခဲ့မယ်ဆိုရင် တစ်နေ့တော့ပန်းတိုင်ရောက်လာမှာပါ။

(၄) ကတ္တရာလမ်းကိုရွေးချယ်လိုက်ခြင်းဖြင့် သင့်ဘဝမှာ ဘယ်လိုရွေးချယ်မှုမျိုးပဲလုပ်လုပ် ကိစ္စမရှိဘူးပါဘူး။ ဆိုလိုချင်တာ ဘဝလမ်းကြောင်းပြောင်းမယ်ဆိုလည်း နောက်ဆံမတင်းဘဲပြောင်းလဲလို့ရမယ့် အနေအထားမှာရှိမယ်ပေါ့။ သင့်ဘဝရဲ့အခြေအနေတွေဟာ ဘယ်တော့မဆို ငြိမ်းချမ်းပြီး တည်ငြိမ်တယ်၊ သက်တောင့်သက်သာရှိနေမှာမလို့ လမ်းတစ်လျှောက်မှာရော လမ်းအဆုံးမှာရော ကောင်းခြင်းတွေကသာ စောင့်ကြိုနေမှာပါ။

(၅) လမ်းကျဉ်းလေးကသာ သင့်ရဲ့ရွေးချယ်မှုဖြစ်ခဲ့မယ်ဆိုရင်တော့ သင့်ဘဝလမ်းကြောင်းတစ်လျှောက်မှာ တစ်သတ်မတ်တည်းမဟုတ်တဲ့ ဆုံးဖြတ်ချက်မျိုးချခြင်းဟာ အောင်မြင်မှုကို ပိုနီးကပ်စေအောင် ဆောင်ရွက်ပေးမှာပါတဲ့။ အဓိကကတော့ အဲဒီ ရွေးချယ်မှုဟာ သင်တကယ်စိတ်အားထက်သန်ပြီး တကယ်သွားချင်တဲ့ လမ်းကြောင်းမျိုးဖြစ်ဖို့တော့ လိုအပ်ပါတယ်။ ဒီလိုသာဖြစ်ခဲ့မယ်ဆိုရင် ဘယ်သူမှ အဲဒီလမ်းကြောင်းကို ပုံမဖော်နိုင်ရင်တောင်မှဘဲ သင်ဖောက်လိုက်လို့ လိုက်လျှောက်မယ့်သူတွေအများကြီးပါ။

credit to lotaya

Zawgyi

လမ္းတစ္ခုကိုေ႐ြးခ်ယ္လိုက္ၿပီး အဲဒီလမ္းအဆုံးမွာသင့္ကိုဘာကေစာင့္ေမွ်ာ္ေနမလဲဆိုတာ ရွာေဖြလိုက္ပါ

(၁) ႐ိုး႐ိုးလမ္းကိုေ႐ြးခ်ယ္လိုက္ၿပီဆိုရင္ေတာ့ သင္ဟာ ဘဝႀကီးကို ႐ိုး႐ိုးရွင္းရွင္းနဲ႔ အက်ိဳးရွိစြာျဖတ္သန္းခ်င္တယ္ဆိုတဲ့သေဘာကိုေဆာင္ပါတယ္။ ဘဝမွာ သင္မလုပ္ဘူးဆိုတဲ့အရာေတြ၊ လုပ္ကိုလုပ္ရမယ္ဆိုတဲ့အရာေတြကို စည္းကမ္းခ်က္ခ်မွတ္ထားၿပီး ဒီစည္းကမ္းေတြနဲ႔ပဲ ယုံၾကည္မႈရွိစြာဘဝကို ျဖတ္သန္းေနပါတယ္။ ေနာက္ၿပီး ဘဝလမ္းေၾကာင္းေ႐ြးခ်ယ္တဲ့အရာမွာလည္း ေရွ႕ကလူေတြ အဆင္ေျပရဲ႕လား၊ အဆင္ေျပတယ္ဆိုတာ ေသခ်ာတဲ့လမ္းေၾကာင္းကိုပဲ ေလွ်ာက္လွမ္းေလ့ရွိသူတစ္ေယာက္ျဖစ္တဲ့အျပင္ လမ္းေၾကာင္းေျပာင္းေတာ့မယ္ဆိုရင္လည္း မူလလမ္းေၾကာင္းေပၚမွာ ဝမ္းစာေရာ၊ ပညာပါ ျပည့္ဝၿပီးကာမွ ေျပာင္းတတ္သူမလို႔ ႀကဳံေတြ႕ရမယ့္အခက္အခဲေတြကိုလည္း လြယ္လြယ္နဲ႔ေက်ာ္ျဖတ္ႏိုင္မယ့္သူတစ္ေယာက္ပါ။ လမ္းအဆုံးမွာေတာ့ သင့္ကို သင္ေမွ်ာ္မွန္းထားတဲ့ဘဝရဲ႕ရလဒ္ေတြက ေစာင့္ႀကိဳေနပါလိမ့္မယ္။

(၂) ေဖာက္ထားတဲ့လမ္းမဟုတ္ဘဲ လမ္းမရွိတဲ့ပုံကို ေ႐ြးခ်ယ္ခဲ့မယ္ဆိုရင္ေတာ့ သင္ဟာေတာ္ေတာ္ေလးရဲရင့္တဲ့သူလို႔ ဆိုရမွာပါပဲ။ ေဖာက္ၿပီးသားလမ္းကိုေလွ်ာက္ခ်င္တာမ်ိဳးမဟုတ္ဘဲ ေလွ်ာက္ရမယ့္လမ္းကို ေဖာက္ခ်င္တဲ့သူေပါ့။ ဒါေၾကာင့္ ကိုယ့္တာဝန္ကိုယူတတ္ၿပီး ဆင္ေျခေပးတာေတြကို မႀကိဳက္တဲ့စိတ္ထားမ်ိဳးရွိေနတတ္ပါတယ္။ ေနာက္ ကိုယ့္ကိုယ္ကိုလည္း ယုံၾကည္မႈစြမ္းအားသိပ္ျမင့္တယ္။ ႀကဳံေတြ႕လာတဲ့အခက္အခဲေတြဟာ သင့္ဘဝအတြက္ တိုးတက္မႈေတြကိုပဲ အၿမဲျဖစ္ေစတတ္ပါသတဲ့။ သင္ကဘဝကို ခက္ခက္ခဲခဲနဲ႔အျမင့္ေရာက္ဖို႔ ႀကိဳးပမ္းေနခ်ိန္ သင္နဲ႔ဘယ္သူမွမလိုက္ရဲ၊ သင့္ကိုဘယ္သူမွမယုံၾကည္ရင္ေတာင္မွပဲ သင့္အေနနဲ႔ တစ္ေယာက္တည္းလည္း ေအးေဆးစြန႔္စားႏိုင္မွာပါ။

(၃) ရထားလမ္းကို ေ႐ြးခ်ယ္လိုက္ၿပီဆိုရင္ေတာ့ ဒီလမ္းဟာ သင့္ကို ပုံစံခြက္ထဲက ပန္းတိုင္ကိုအေရာက္ပို႔ေပးမွာပါတဲ့။ ဆိုလိုခ်င္တာ သင္ေရာက္ခ်င္လို႔ ႀကိဳးစားေနတဲ့ ပန္းတိုင္ကိုမလြဲမေသေရာက္မယ္ဆိုတဲ့သေဘာေပါ့။ ဒါေပမဲ့ ဒီလမ္းကိုေလွ်ာက္ရတဲ့အခါ ပင္ပမ္းမယ္၊ ခက္ခဲၾကမ္းတမ္းၿပီး social life နဲ႔ကင္းေဝးသြားတဲ့အခါမ်ိဳး ျဖစ္လာမွာပါ။ ဒါေပမဲ့လို႔ ဘယ္ေလာက္ပဲလဲက်ပါေစ၊ မဆုတ္မနစ္တဲ့ဇြဲလုံ႔လနဲ႔ႀကိဳးစားခဲ့မယ္ဆိုရင္ တစ္ေန႔ေတာ့ပန္းတိုင္ေရာက္လာမွာပါ။

(၄) ကတၱရာလမ္းကိုေ႐ြးခ်ယ္လိုက္ျခင္းျဖင့္ သင့္ဘဝမွာ ဘယ္လိုေ႐ြးခ်ယ္မႈမ်ိဳးပဲလုပ္လုပ္ ကိစၥမရွိဘူးပါဘူး။ ဆိုလိုခ်င္တာ ဘဝလမ္းေၾကာင္းေျပာင္းမယ္ဆိုလည္း ေနာက္ဆံမတင္းဘဲေျပာင္းလဲလို႔ရမယ့္ အေနအထားမွာရွိမယ္ေပါ့။ သင့္ဘဝရဲ႕အေျခအေနေတြဟာ ဘယ္ေတာ့မဆို ၿငိမ္းခ်မ္းၿပီး တည္ၿငိမ္တယ္၊ သက္ေတာင့္သက္သာရွိေနမွာမလို႔ လမ္းတစ္ေလွ်ာက္မွာေရာ လမ္းအဆုံးမွာေရာ ေကာင္းျခင္းေတြကသာ ေစာင့္ႀကိဳေနမွာပါ။

(၅) လမ္းက်ဥ္းေလးကသာ သင့္ရဲ႕ေ႐ြးခ်ယ္မႈျဖစ္ခဲ့မယ္ဆိုရင္ေတာ့ သင့္ဘဝလမ္းေၾကာင္းတစ္ေလွ်ာက္မွာ တစ္သတ္မတ္တည္းမဟုတ္တဲ့ ဆုံးျဖတ္ခ်က္မ်ိဳးခ်ျခင္းဟာ ေအာင္ျမင္မႈကို ပိုနီးကပ္ေစေအာင္ ေဆာင္႐ြက္ေပးမွာပါတဲ့။ အဓိကကေတာ့ အဲဒီ ေ႐ြးခ်ယ္မႈဟာ သင္တကယ္စိတ္အားထက္သန္ၿပီး တကယ္သြားခ်င္တဲ့ လမ္းေၾကာင္းမ်ိဳးျဖစ္ဖို႔ေတာ့ လိုအပ္ပါတယ္။ ဒီလိုသာျဖစ္ခဲ့မယ္ဆိုရင္ ဘယ္သူမွ အဲဒီလမ္းေၾကာင္းကို ပုံမေဖာ္ႏိုင္ရင္ေတာင္မွဘဲ သင္ေဖာက္လိုက္လို႔ လိုက္ေလွ်ာက္မယ့္သူေတြအမ်ားႀကီးပါ။

credit to lotaya