သတင္း

ၾကက္သီးထစရာ ရန္ကုန္တြင္ YBS ယာဥ္အေရွ႕သို႔ေျပးဝင္၍ ကားအတိုက္ခံရန္ ႀကိဳးစားမႈျဖစ္ပြားသည့္(ရုပ္သံ)

ၾကက္သီးထစရာ ရန္ကုန္တြင္ YBS ယာဥ္အေရွ႕သို႔ေျပးဝင္၍ ကားအတိုက္ခံရန္ ႀကိဳးစားမႈျဖစ္ပြားသည့္(ရုပ္သံ)

ရုပ္သံကို ေအာက္ဆံုးတြင္ ေဖာ္ျပထားပါသည္။

ရန္ကုန္တိုင္း၊ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္၊ ကမ္းနားလမ္းအနီး သဲကြင္းမွတ္တိုင္ႏွင့္ ဟုမ္းလမ္းမွတ္တိုင္ ၾကားတြင္ ေမာင္းႏွင္လာသည့္ YBS ယာဥ္အေရွ႕သို႔ေျပးဝင္ကာ ကားအတိုက္ခံရန္ႀကိဳးစားမႈ ျဖစ္ပြားခဲ့ ေၾကာင္း သိရသည္။

မတ္လ ၁၉ ရက္ေန႔၊ ညေန ၅ နာရီဝန္းက်င္ခန႔္တြင္ YBS 23 ယာဥ္ေရွ႕သို႔ အသက္ ၆၀ ဝန္းက်င္ အမ်ိဳးသား တစ္ဦး ႐ုတ္တရက္ေျပးဝင္၍ ကားအတိုက္ခံရန္ႀကိဳးစားခဲ့ျခင္းဟု ေရာင္စဥ္မဲ့လူမႈကူညီေရးအသင္းမွ လည္း အတည္ျပဳသည္။

အဆိုပါအမ်ိဳးသား၏အျပဳအမူသည္ ပုံမွန္မဟုတ္သျဖင့္ အနီးဝန္းက်င္ရွိ အျခားယာဥ္ေမာင္းတစ္ဦးမွ ျဖစ္ စဥ္ကို ဗီဒီယို႐ိုက္ကူးထားႏိုင္ခဲ့သည္။

“ကားတိုက္လို႔ သြားေခၚဆိုလို႔ သြားေခၚတဲ့အခ်ိန္မွာ အေနာက္က အကိုတစ္ေယာက္က ဒီလို ဒီလိုရွိတယ္ လို႔ ႐ိုက္ထားတာျပေတာ့မွ သူ႔ကိုယ္သူ အဆုံးစီရင္မွန္းသိတာပါ။

သူက စိတ္ကလည္းပုံမွန္မဟုတ္ဘူးလား မသိဘူး။ ဘာေၾကာင့္ လုပ္တာလဲဆိုတာေတာ့ ကာယကံရွင္ပဲ သိလိမ့္မယ္” ဟု လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

ဗီဒီယိုဖိုင္ထဲတြင္ ပုံမွန္အတိုင္းေမာင္းႏွင္ေနသည့္ YBS 23 ယာဥ္အေရွ႕သို႔ ႐ုတ္တရက္ေျပးဝင္သျဖင့္ ယာဥ္ေမာင္းမွ မတိုက္မိေစရန္ ႀကိဳးစားတိမ္းေရွာင္ခဲ့သည္ကို ျမင္ေတြ႕ရသည္။

သို႔ေသာ္လည္း ကားျဖင့္တိုက္မိခဲ့ၿပီး ယာဥ္တိုက္ခံရသူအမ်ိဳးသားသည္ ဦးေခါင္းတြင္ဒဏ္ရာရရွိကာ YBS 23 ယာဥ္ေမာင္းမွာလည္း အခင္းျဖစ္ၿပီးခ်င္း ထြက္ေျပးခဲ့ေၾကာင္းသိရသည္။

ယာဥ္တိုက္မႈေၾကာင့္ အသက္ေသဆုံးမႈမရွိခဲ့ေသာ္လည္း ဦးေခါင္းတြင္ဒဏ္ရာရရွိကာ ရန္ကုန္ေဆး႐ုံႀကီး သို႔ပို႔ေဆာင္ခဲ့ရၿပီး YBS 23 ယာဥ္ေမာင္းမွာ အခင္းျဖစ္ၿပီးၿပီးခ်င္း တိမ္းေရွာင္ေနခဲ့ ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံတြင္ အာဏာသိမ္းၿပီးေနာက္ပိုင္း တရားဥပေဒစိုးမိုးေရးကင္းမဲ့လာမႈႏွင့္အတူ ကုန္ေဈးႏႈန္း ျမင့္တက္လာမႈေၾကာင့္ စားဝတ္ေနေရးက်ပ္တည္းလာမႈ၊ စိတ္ပိုင္းဆိုင္ရာ ႐ိုက္ခတ္မႈမ်ားေၾကာင့္ အဆုံးစီရင္မႈမ်ား တိုးပြားလာေၾကာင္း ပညာရွင္တခ်ိဳ႕မွေထာက္ျပၾကသည္။

မတ္လ ၁၇ ရက္ေန႔ကလည္း ေမာ္လၿမိဳင္ၿမိဳ႕၊ ဖက္တန္းရပ္ကြက္ေနထိုင္သူ အမ်ိဳးသမီးတစ္ဦးႏွင့္ မတ္လ ၁၆ ရက္ေန႔ကလည္း ေရးၿမိဳ႕၊ ရန္ႀကီးေအာင္ရပ္ကြက္မွ အမ်ိဳးသားတစ္ဦးတို႔ မိမိကိုယ္ကို အဆုံးစီရင္မႈမ်ား ျဖစ္ပြားခဲ့ေသးသည္။

ျပည္သူမ်ားအေနျဖင့္ စိတ္ပိုင္းဆိုင္ရာျပႆနာမ်ားႀကဳံေတြ႕ရပါက စိတ္ခ်ယုံၾကည္ရေသာ အသိမိတ္ေဆြ၊ မိသားစုဝင္မ်ားထံမွ အႀကံဉာဏ္ကိုရယူသင့္ေၾကာင္းႏွင့္

အခမဲ့တိုင္ပင္ေဆြးေႏြးႏိုင္ေၾကာင္း “တယ္လီ က်န္းမာ”၊ “အဆင္မေျပလည္း ရပါတယ္” အစရွိသည့္ လူမႈကြန္ရက္စာမ်က္ႏွာမ်ားက ဖိတ္ေခၚထား သည္။

credit to orginal

unicode

ကြက်သီးထစရာ ရန်ကုန်တွင် YBS ယာဉ်အရှေ့သို့ပြေးဝင်၍ ကားအတိုက်ခံရန် ကြိုးစားမှုဖြစ်ပွားသည့်(ရုပ်သံ)

ရုပ်သံကို အောက်ဆုံးတွင် ဖော်ပြထားပါသည်။

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်းအနီး သဲကွင်းမှတ်တိုင်နှင့် ဟုမ်းလမ်းမှတ်တိုင် ကြားတွင် မောင်းနှင်လာသည့် YBS ယာဉ်အရှေ့သို့ပြေးဝင်ကာ ကားအတိုက်ခံရန်ကြိုးစားမှု ဖြစ်ပွားခဲ့ ကြောင်း သိရသည်။

မတ်လ ၁၉ ရက်နေ့၊ ညနေ ၅ နာရီဝန်းကျင်ခန့်တွင် YBS 23 ယာဉ်ရှေ့သို့ အသက် ၆၀ ဝန်းကျင် အမျိုးသား တစ်ဦး ရုတ်တရက်ပြေးဝင်၍ ကားအတိုက်ခံရန်ကြိုးစားခဲ့ခြင်းဟု ရောင်စဉ်မဲ့လူမှုကူညီရေးအသင်းမှ လည်း အတည်ပြုသည်။

အဆိုပါအမျိုးသား၏အပြုအမူသည် ပုံမှန်မဟုတ်သဖြင့် အနီးဝန်းကျင်ရှိ အခြားယာဉ်မောင်းတစ်ဦးမှ ဖြစ် စဉ်ကို ဗီဒီယိုရိုက်ကူးထားနိုင်ခဲ့သည်။

“ကားတိုက်လို့ သွားခေါ်ဆိုလို့ သွားခေါ်တဲ့အချိန်မှာ အနောက်က အကိုတစ်ယောက်က ဒီလို ဒီလိုရှိတယ် လို့ ရိုက်ထားတာပြတော့မှ သူ့ကိုယ်သူ အဆုံးစီရင်မှန်းသိတာပါ။

သူက စိတ်ကလည်းပုံမှန်မဟုတ်ဘူးလား မသိဘူး။ ဘာကြောင့် လုပ်တာလဲဆိုတာတော့ ကာယကံရှင်ပဲ သိလိမ့်မယ်” ဟု လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဗီဒီယိုဖိုင်ထဲတွင် ပုံမှန်အတိုင်းမောင်းနှင်နေသည့် YBS 23 ယာဉ်အရှေ့သို့ ရုတ်တရက်ပြေးဝင်သဖြင့် ယာဉ်မောင်းမှ မတိုက်မိစေရန် ကြိုးစားတိမ်းရှောင်ခဲ့သည်ကို မြင်တွေ့ရသည်။

သို့သော်လည်း ကားဖြင့်တိုက်မိခဲ့ပြီး ယာဉ်တိုက်ခံရသူအမျိုးသားသည် ဦးခေါင်းတွင်ဒဏ်ရာရရှိကာ YBS 23 ယာဉ်မောင်းမှာလည်း အခင်းဖြစ်ပြီးချင်း ထွက်ပြေးခဲ့ကြောင်းသိရသည်။

ယာဉ်တိုက်မှုကြောင့် အသက်သေဆုံးမှုမရှိခဲ့သော်လည်း ဦးခေါင်းတွင်ဒဏ်ရာရရှိကာ ရန်ကုန်ဆေးရုံကြီး သို့ပို့ဆောင်ခဲ့ရပြီး YBS 23 ယာဉ်မောင်းမှာ အခင်းဖြစ်ပြီးပြီးချင်း တိမ်းရှောင်နေခဲ့ ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးရေးကင်းမဲ့လာမှုနှင့်အတူ ကုန်ဈေးနှုန်း မြင့်တက်လာမှုကြောင့် စားဝတ်နေရေးကျပ်တည်းလာမှု၊ စိတ်ပိုင်းဆိုင်ရာ ရိုက်ခတ်မှုများကြောင့် အဆုံးစီရင်မှုများ တိုးပွားလာကြောင်း ပညာရှင်တချို့မှထောက်ပြကြသည်။

မတ်လ ၁၇ ရက်နေ့ကလည်း မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်နေထိုင်သူ အမျိုးသမီးတစ်ဦးနှင့် မတ်လ ၁၆ ရက်နေ့ကလည်း ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်မှ အမျိုးသားတစ်ဦးတို့ မိမိကိုယ်ကို အဆုံးစီရင်မှုများ ဖြစ်ပွားခဲ့သေးသည်။

ပြည်သူများအနေဖြင့် စိတ်ပိုင်းဆိုင်ရာပြဿနာများကြုံတွေ့ရပါက စိတ်ချယုံကြည်ရသော အသိမိတ်ဆွေ၊ မိသားစုဝင်များထံမှ အကြံဉာဏ်ကိုရယူသင့်ကြောင်းနှင့်

အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ကြောင်း “တယ်လီ ကျန်းမာ”၊ “အဆင်မပြေလည်း ရပါတယ်” အစရှိသည့် လူမှုကွန်ရက်စာမျက်နှာများက ဖိတ်ခေါ်ထား သည်။

credit to orginal