အေထြအေထြဗဟုသုတ

ဝါယာရှော့မီးဘေး မဖြစ်ရအောင် လူတိုင်းသိထားသင့်သည့်အရာများ

မြန်မာနိုင်ငံအနှံအပြားတွင် မီးလောင်းခြင်းများ လေ့လာကြည့်ရာ ဝါယာရှောစ်ကြောင့် အများဆုံးဖြစ်နေပါသည်။ ဘာကြောင့် ဝါယာရှောစ် ဖြစ်ရပါသလဲ။

ကျွန်တော့်အတွေ့ကြုံနှင့် သိသလောက်ရှင်းပြပါမည်။ တိုးတက်လာသော လူနေမှုအဆင့်တန်းများ၏ အဓိက သော့ချက် တစ်ခု

ဖြစ်သော အိမ်တွင်း လျှပ်စစ်အသုံးဆောင်ပစ္စည်းများ များပြားစွာ ယခုနှစ်များအတွင်း မြန်မာနိုင်ငံ အတွင်းသို့ဝင်ရောက်လာပါသည်။

 

ယခင်က မိမိအိမ်တွင် သွယ်တန်းထားသော မီးကြိုးများ၏ခံနိုင်ရည်ထက် ယခုအိမ်တစ်အိမ်အတွင်းသုံးစွဲနေသော လျှပ်စစ်ပစ္စည်းများ Loadက ပိုများနေသည်ကိုသတိမထားမိကြပါ ။

မျိုးစုံသော လျှပ်စစ်ပစ္စည်းများကိုသာ တစ်ခုပြီးတစ်ခု ဝယ်ယူကြပြီး အိမ်အတွင်း သွယ်တန်းထားသော မီးကြိုးများကိုလဲရန် မည်သူမျှ စိတ်မဝင်စားကြပါ။

ပလပ်ပေါက်ရှိရင် ထိုးပြီးအသုံးပြုလို့ရသည်ဆိုသော အတွေးများသာ မြန်မာနိုင်ငံပြည်သူ အများစုသိရှိကြပါသည်။

ကန်ထရိုက်တိုက်များတွင်လည်း လျှပ်စစ်နှင့် ဆိုင်သော အမှားခံပစ္စည်းများ လိုအပ်နေသည်ကိုတွေ့ရပါသည်။ အရေးကြီးဆုံးအချက်က လျှပ်စစ်ပစ္စည်းများကို ပြိုင်ပြီး မသုံးစွဲပါနှင့်။

 

ဥပမာ ရေစက်မောင်းနေချိန် ဟင်းအိုး၊ ထမင်းပေါင်းအိုး စသည်များ မသုံးပါနှင့်။ မီးပူတိုက်နေချိန် ရေခဲသေတ္တာပိတ်ထားပါ။

မိမိအိမ်ကို စတင် မီးကြိုးသွယ်တန်းစဉ်ကထဲက ယခုထိ လျှပ်စစ်ပစ္စည်းများ တိုးလာတာကို သိရှိရင် နားလည်သော လျှပ်စစ်ဝါယာရိန်းသမားနှင့်တိုင်ပင်ပြီး လိုအပ်သည့် မီးကြိုးများ ထပ်မံတပ်ဆင်ပါ။

မီးကြိုးသုံးရာတွင်(twin )နှစ်ချောင်းပူးထားသော ကြိုးများ အသုံးပြုခြင်းကို ရှောင်ရှားပါ။ (single)တစ်ချောင်းခြင်း သွယ်တန်းသော နည်းစနစ်ကို အသုံးပြုပေးပါ။

ကြိုးများကို ဖြစ်နိုင်လျှင် under ground သွယ်တန်းခြင်းများကို အတက်နိုင်ဆုံး မပြုလုပ်ပါနှင့်။ မျက်နှာကျက် များပေါ်တွင် သွယ်တန်းထားသော မီးကြိုးများကို စနစ်တစ်ကျ မီးပိုက်များထဲကို ထည့်ပြီး အသုံးပြုကြပါ။

 

တက်ကျွမ်း နားလည်သူနှင့် တိုင်ပင်ပြီး Load များလျှင်၊ ရှော့စ်ဖြစ်လျှင် အလိုလျောက် ဖြတ်ချမည့် Safety Breaker များ မိမိ အိမ် တွင် တပ်ဆင်ကြပါ။

ပျက်စီးနေသောမီးခလုတ်များကို လဲလှယ်ကြပါ။ ဈေးနည်းသော မီးခလုတ်များ အသုံးပြုခြင်း ရှောင်ကျဉ်ပါ။

ယခုတင်ပြသော အရာများသည် ဆယ်နှစ်တာ လျှပ်စစ် ဝါယာရိန်းသမားအဖြစ် ရပ်တည်လာသော ကြှနျုပျ၏ အတွေ့ကြုံများဖြင့် ကြိုတင်ကာကွယ်ရန် အသိပေးခြင်း ဖြစ်ပါသည်။

ယခုလို အသိများ သိရှိပြီးချိန်တွင် မိမိအိမ်အတွင်း မီးကြိုးများ လဲသင့်၊ မလဲသင့်၊ လိုအပ်သော အမှားခံ ပစ္စည်းများ ရှိ / မရှိ

သိရအောင် လျှပ်စစ်နားလည် တက်ကျွမ်းသူနှင့် တိုင်ပင်ပြီး ဝါယာရှော့မှ ဖြစ်သော မီးဘေးအန္တရာယ်ကို ကာကွယ်လိုက်ကြရအောင်။

Zawgyi
ျမန္မာနိုင္ငံအႏွံအျပားတြင္ မီးေလာင္းျခင္းမ်ား ေလ့လာၾကည့္ရာ ဝါယာေရွာစ္ေၾကာင့္ အမ်ားဆုံးျဖစ္ေနပါသည္။ ဘာေၾကာင့္ ဝါယာေရွာစ္ ျဖစ္ရပါသလဲ။

ကြၽန္ေတာ့္အေတြ႕ႀကဳံႏွင့္ သိသေလာက္ရွင္းျပပါမည္။ တိုးတက္လာေသာ လူေနမႈအဆင့္တန္းမ်ား၏ အဓိက ေသာ့ခ်က္ တစ္ခု

ျဖစ္ေသာ အိမ္တြင္း လွ်ပ္စစ္အသုံးေဆာင္ပစၥည္းမ်ား မ်ားျပားစြာ ယခုႏွစ္မ်ားအတြင္း ျမန္မာနိုင္ငံ အတြင္းသို႔ဝင္ေရာက္လာပါသည္။

ယခင္က မိမိအိမ္တြင္ သြယ္တန္းထားေသာ မီးႀကိဳးမ်ား၏ခံနိုင္ရည္ထက္ ယခုအိမ္တစ္အိမ္အတြင္းသုံးစြဲေနေသာ လွ်ပ္စစ္ပစၥည္းမ်ား Loadက ပိုမ်ားေနသည္ကိုသတိမထားမိၾကပါ ။

မ်ိဳးစုံေသာ လွ်ပ္စစ္ပစၥည္းမ်ားကိုသာ တစ္ခုၿပီးတစ္ခု ဝယ္ယူၾကၿပီး အိမ္အတြင္း သြယ္တန္းထားေသာ မီးႀကိဳးမ်ားကိုလဲရန္ မည္သူမွ် စိတ္မဝင္စားၾကပါ။

ပလပ္ေပါက္ရွိရင္ ထိုးၿပီးအသုံးျပဳလို႔ရသည္ဆိုေသာ အေတြးမ်ားသာ ျမန္မာနိုင္ငံျပည္သူ အမ်ားစုသိရွိၾကပါသည္။

ကန္ထရိုက္တိုက္မ်ားတြင္လည္း လွ်ပ္စစ္ႏွင့္ ဆိုင္ေသာ အမွားခံပစၥည္းမ်ား လိုအပ္ေနသည္ကိုေတြ႕ရပါသည္။ အေရးႀကီးဆုံးအခ်က္က လွ်ပ္စစ္ပစၥည္းမ်ားကို ၿပိဳင္ၿပီး မသုံးစြဲပါႏွင့္။

ဥပမာ ေရစက္ေမာင္းေနခ်ိန္ ဟင္းအိုး၊ ထမင္းေပါင္းအိုး စသည္မ်ား မသုံးပါႏွင့္။ မီးပူတိုက္ေနခ်ိန္ ေရခဲေသတၱာပိတ္ထားပါ။

မိမိအိမ္ကို စတင္ မီးႀကိဳးသြယ္တန္းစဥ္ကထဲက ယခုထိ လွ်ပ္စစ္ပစၥည္းမ်ား တိုးလာတာကို သိရွိရင္ နားလည္ေသာ လွ်ပ္စစ္ဝါယာရိန္းသမားႏွင့္တိုင္ပင္ၿပီး လိုအပ္သည့္ မီးႀကိဳးမ်ား ထပ္မံတပ္ဆင္ပါ။

မီးႀကိဳးသုံးရာတြင္(twin )ႏွစ္ေခ်ာင္းပူးထားေသာ ႀကိဳးမ်ား အသုံးျပဳျခင္းကို ေရွာင္ရွားပါ။ (single)တစ္ေခ်ာင္းျခင္း သြယ္တန္းေသာ နည္းစနစ္ကို အသုံးျပဳေပးပါ။

ႀကိဳးမ်ားကို ျဖစ္နိုင္လွ်င္ under ground သြယ္တန္းျခင္းမ်ားကို အတက္နိုင္ဆုံး မျပဳလုပ္ပါႏွင့္။ မ်က္ႏွာက်က္ မ်ားေပၚတြင္ သြယ္တန္းထားေသာ မီးႀကိဳးမ်ားကို စနစ္တစ္က် မီးပိုက္မ်ားထဲကို ထည့္ၿပီး အသုံးျပဳၾကပါ။

တက္ကြၽမ္း နားလည္သူႏွင့္ တိုင္ပင္ၿပီး Load မ်ားလွ်င္၊ ေရွာ့စ္ျဖစ္လွ်င္ အလိုေလ်ာက္ ျဖတ္ခ်မည့္ Safety Breaker မ်ား မိမိ အိမ္ တြင္ တပ္ဆင္ၾကပါ။

ပ်က္စီးေနေသာမီးခလုတ္မ်ားကို လဲလွယ္ၾကပါ။ ေဈးနည္းေသာ မီးခလုတ္မ်ား အသုံးျပဳျခင္း ေရွာင္က်ဥ္ပါ။

ယခုတင္ျပေသာ အရာမ်ားသည္ ဆယ္ႏွစ္တာ လွ်ပ္စစ္ ဝါယာရိန္းသမားအျဖစ္ ရပ္တည္လာေသာ ၾကႇန်ဳပ်၏ အေတြ႕ႀကဳံမ်ားျဖင့္ ႀကိဳတင္ကာကြယ္ရန္ အသိေပးျခင္း ျဖစ္ပါသည္။

ယခုလို အသိမ်ား သိရွိၿပီးခ်ိန္တြင္ မိမိအိမ္အတြင္း မီးႀကိဳးမ်ား လဲသင့္၊ မလဲသင့္၊ လိုအပ္ေသာ အမွားခံ ပစၥည္းမ်ား ရွိ / မရွိ

သိရေအာင္ လွ်ပ္စစ္နားလည္ တက္ကြၽမ္းသူႏွင့္ တိုင္ပင္ၿပီး ဝါယာေရွာ့မွ ျဖစ္ေသာ မီးေဘးအႏၱရာယ္ကို ကာကြယ္လိုက္ၾကရေအာင္။